ကူညီရာရောက်လားဗျ
မွေးနေ့မှာလုပ်ခဲ့တဲ့ ကုသိုလ်လေးကိုတွေးပြီး ကြည်နူးမိနေတာ အိမ်ကနေ သိန်း ၃၅၀၀ လောက်ပေးရတဲ့ BMW X6 နဲ့ အိမ်ကထွက်လာခဲ့တယ်၊ ကားထဲမှာတော့ တရုတ်ယွမ် သိန်းသုံးရာ လောက်အကုန်ကျခံခဲ့တဲ့ ကူရှင် speakers တွေကနေ မျိုးကြီးရဲ့ မိုးသီချင်လေးက ငြိမ့်ထွက်နေတယ် . . . ဒီလိုနဲ့ ကျောက်မြောင်းဈေးမီးပွိုင့်မှာ လူကြီးတစ်ယောက် စပယ်ပန်းရောင်းနေတယ် ဖိနပ်မရှိ ဘာမရှိနဲ့ အဲ့တာနဲ့ ကားမှန်ချပြီး သူ့အကြောင်းမေးတော့ တစ်နေ့ ထမင်း ၂ နပ်တောင်မမှန်ဘူးတဲ့ ဒါနဲ့ ကားညာဘက် အကန့်မှာ ရှိတဲ့ တစ်သောင်းတန်တစ်အုပ်ကို ပေးခဲ့တယ် ။ ဒါနဲ့ ကြီးပွားအောင်လုပ် ဘဏ်အပ်ထားလို့ ဒီလိုနဲ့ နောက်နေ့မနက်မှာပဲ သတင်းတစ်ခုတက်လာတယ်၊ လူကြီးတစ်ယောက် တစ်သောင်းတန်အတုတွေနဲ့ ဖမ်းမိလို့တဲ့ . . ကျွန်တော် ပျော်ပြီလေ သူ့အတွက် ထမင်း တော့နပ်မှန်ခဲ့ပြီ ခင်ဗျားတို့လည်း အကူအညီလိုရင် ပြောကြပါ . . 😁😁😁 Credit ;မူရင်းရေးသားသူ