နင်က ဖုန်းပဲ ကြည့်နေတာကိုး......
Me : အိပ်ရေးမဝလို့လားမသိ ခေါင်းကိုက်တယ် Mom : ဖုန်းချည်းအဲ့လောက်ကြည့်နေမှတော့ ဒီခေါင်းက မကိုက်ပဲ နေမလား Me : ခြေထောက်တွေညောင်းလိုက်တာ Mom : ညောင်းမှာပေါ့ အားနေ ထိုင်ပြီး ဖုန်းပဲ ပွတ်နေတာကိုး အညောင်းမိပြီမလား Me : ဗိုက်အောင့်တယ် Mom : အဲ့ဖုန်းပဲ ပွတ်နေပြီး အစာစားချိန်တန် မစားမှတော့ အောင့်မှာပေါ့ Me : ဗိုက်မဆာသေးလို့ မစားသေးဘူး Mom : ဆာမလား၊ အားနေ ချောင်ကုပ်ပြီး ဖုန်းပဲသုံး၊ လှုပ်ရှားမှုမရှိမှတော့ ဒီဗိုက်က ဆာမလား Me : အပူတွေကန်ပြီး လည်ချောင်းနာတယ် Mom : အဲ့ဖုန်းပဲ ပွတ်နေပြီး ရေအချိန်မှန်ချိုးဖို့ သတိမရမှတော့ ဖြစ်မှာပေါ့ Me : ကြောင်လေး ခွေးကိုက်ခံလိုက်ရတယ် Mom : နင်က ဖုန်းချည်းကြည့်နေတာကိုး ကိုယ့်ကြောင်ကိုယ် ဘယ်သွားနေလဲ သတိမှ မထားတာ Me :...