ပြည့်ပါစေဗျာ..အရီးးးး
နေ့လည်နေ့ခင်း
တရေးတမှေး.. အိပ်ပျော်နေတုန်း..
တူတော်မောင် 'ဖိုးတခေတ်' ရောက်လာပြီး နှိုးတယ်
'' လေးချွန်.. လေးချွန် ''
ကျတော်လည်း နိုးလာပြီး..
'' ဟေ..ဘာတုန်း သားရဲ့ ''
'' အကြွေ ၅၀ လောက် ရှိလား။ ရှေ့မှာ အလှူခံ ထည့်မလို့.. ''
'' ဪ..အေး..ရှိတယ် ''
ကျတော်က
အကြွေ ၅၀ တောင်းတာ ဆိုတော့..
သီလရှင်ဆရာလေး ထင်ပြီး..
ငွေ ၅၀ ကို အိတ်ကပ်ထဲက ထုတ်ပေးလိုက်တယ်..
ကျတော်တို့ဆီမှာက
သီလရှင် ဆရာလေးတွေ
မပြတ်ဘူး ။ တစ်နေ့ကို ၁၀ ပါး ၁၅ ပါး လောက် အမြဲ လာတယ် ။ အဲ့တော့
အကြွေ ၅၀ က အမြဲ ဆောင်ထားရတယ်လေ
တူတော်မောင်က
ပိုက်ဆံ ရတော့..အပြင် ပြေးထွက်သွားတယ်
ပြီးတော့..
ပြန်ရောက်လာပြီး ပြောတယ်
'' လေးချွန်.. အလှူခံက နာမည် မေးလို့.. ''စာရေးဆရာကြီး လူချွန်တော်'' လို့.. သား ပြောလိုက်တယ် ''
'' အေး..ကောင်းတယ်..အမ်..ဟုတ်သေးပါဘူး ။ နာမည် မေးတယ် ဆိုတော..သီ သီလရှင် မဟုတ်ဘူးလား ''
တူတော်မောင်က ခေါင်းခါတယ်
'' ဟင့်အင်း..ဓမ္မာရုံက ဆွမ်းလောင်းပွဲအတွက် အလှူခံတာ တဲ့..''
'' ဟိုက်..သေစမ်း ''
ကိုယ်က သီလရှင် မှတ်ပြီး
အကြွေ ၅၀ ထည့်လိုက်တာ..
ခုတော့..ရပ်ကွက် ဆွမ်းလောင်းပွဲ အလှူခံ တဲ့..
နာမည်တောင် မေးသွားသတဲ့..
သေပြီဆရာပဲ..
မကြာပါဘူး
အသံချဲ့စက်က ကြားရပါပြီ
'' ဟုတ်ကဲ့ခမျာ..ခုဆိုရင်လည်း. နိုင်ငံကျော် စာရေးဆရာကြီး လူချွန်တော် မှလည်း..အပူဇော်အနေနဲ့ အလှူတော်ငွေ ၅၀ ကျပ်ကိုဖြင့် သဒ္ဒါ ပေါက်စွာနဲ့ လာ ရောက်လို့ လှူဒါန်း သွားပါတယ် ခင်ဗျာ..''
''ငိ ''
လုပ်ပဟ
နိုင်ငံကျော်တဲ့
စာရေးဆရာကြီးတဲ့
အရှက်တော့ ကွဲပါပြီဗျာ..
ဒါတောင် မပြီးသေးဘူး
'' ဟုတ်ကဲ့ခမျာ..ခုလို ငွေ ၅၀ ကျပ်ကြီးများတောင်..လာရောက်လို့ ...''
ဆော်ပဟ
၅၀ ကျပ်ကြီးများတောင် တဲ့
''တောင်''ပါ ထည့်လိုက်သေး.
'' လှူဒါန်းသွားတဲ့ စာရေးဆရာကြီး လူချွန်တော်..ကျမ်းမာ ထီပေါက် နိဗ္ဗာန် မြန်မြန် ရောက်ပါစေ ''
'' ငင့် ''
'' သည့်ထက်မက..အောင်မြင် ကျော်ကြားတဲ့ စာရေးဆရာကြီး ဖြစ်လို့..၅၀ မှသည် ၅၀၀.. ၅၀၀ မှသည် ငါးသောင်း ..ဆထက်တပိုး တိုးလို့ လှူနိုင် တန်းနိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ်ကြီး ဖြစ်ပါစေကြောင်း ကျတော်များ ဂေါပက အဖွဲ့က ဆုတောင်းပေးလိုက်ရပါတယ် ခဗျာ..''
အေးပါဗျာ...
ပြည့်ပါစေဗျာ..အရီးးးး
😁😁😁😁😁😁
#လူချွန်တော်
Credit

Comments
Post a Comment