နောက် ၁၇ နှစ်ဆို မင်းတို့ကို ငါတို့က ကျော်တော့မှာ။ ဟင်း ဟင်း.......
မြန်မာပြည်ကအပြန် ချန်ဂီလေဆိပ်ရောက်တော့နောက်ကျနေပြီ ။ မနက်ဖြန်လည်းသင်္ဘောပေါ်တက်ရဦးမယ်ဆိုတော့ မထူးတော့ပါဘူးဆိုပြီး လက်ထဲက အိုင်ဖုန်းကိုဖွင့် Grabနဲ့ပဲ ကားလှမ်းဌားလိုက်တယ်။ ရှားရှားပါးပါး Grabတက်စီက မြန်မာငွေ သိန်း၅ထောင်တန် BMW 523i နဲ့ မောင်းတဲ့သူကလည်း တကယ့် အထှာကျတယ် ဘောင်းဘီတို တီရှပ် နဲ့ကိုမှ ဦးထုပ်ကို တစောင်း ဆောင်းထားသေးတာ၊ တကယ့် ရပ်ပါလိုလို ဘာလိုလို စတက်တော့ ကိုယ့်အိတ်တွေ ဘာတွေတောင် ဆင်းလာပြီး တင်ပေးသေးတာ ကိုယ်တို့ရွှေနိုင်ငံက တက်စီဆရာများကိုတောင် ပြေးပြီး သတိရမိသေးတော့တယ်။ ကားပေါ်ရောက်တော့လည်း မွှေးပျံပြီး အေးငြိမ်နေရော ကားစထွက်ပြီး မကြာဘူး သူက သီချင်းလေးတွေ ဖွင့်ပေးတယ်၊ ကိုယ်တောင် အံ့သြသွားတယ်။ မြန်မာသီချင်းလေးတွေ၊ မြန်မာသီချင်းကိုမှ တကယ့်လက်ရွေးစင် သီချင်းကောင်းလေးတွေ၊ ပုံမှန်ဆိုရင်တော့ ကားစီးရင် သီချင်းတွေ အသံတွေ နားမခံနိုင်တာရယ် နားချင်တာရယ်ကြောင့် ပိတ်ခိုင်းတတ်ပေမယ့် သူ့ကိုတော့ လေးစား သမှုနဲ့ မပိတ်ခိုင်းဖြစ်ဘူး။ နည်းနည်း တိုးခိုင်းပြီးပဲ နားထောင်လာခဲ့တယ်။ ခဏနေတော့ ကိုယ်လည်း မနေနိုင်ဘူး၊ မင်းက မြန်မာသီချင်းတွေ နားလည်လို့လား ဆိုတော့ နားမလည်ပါဘူး ငါက မင်းနားထောင်...