ဖွဘုတ်သစ္စာ



မျက်စိမှိတ်ထားသော်ငြား ဘုကလန့် နေရာတကာ
ထုကြဆိုကြဆဲကြ စကားတွေပြောနေလိုက်တာ
ဇူကာဘတ်လဲ တို့များအမျိုးတွေ အလယ်မှာ
ဘာကြောင့်များ လူလားမြောက်ခဲ့တာ

အနုအလှလက်ကလေးတွေနဲ့ ဆေးထိုးနေတာပါ
ရူးများနေကြ သလားလို့ မေးရင်ဆဲကြဦးမှာ
သည်လိုမြင်ကြားခံစားရနေသည်မှာ
စက္ကန့်မခြား ပြေးလို့မလွတ်နိုင်ပါ။

စတေးတပ်စ်နဲ့ နင်းကန်ချစ်နေတာ
ဂွင်ဆင်သော မေတ္တာ ရယ်ချင်သော သစ္စာ
ကွဲပြဲမှပို့စ်တင်ဆဲနိုင်ရှာ ရှယ်နိုင်ပါတယ်
အသိမိတ်ဆွေများ

တရားသမားတို့ ငြင်းခုံတဲ့နေရာ
ကမ္ဘာမှာမတွေ့နိုင်ပါ မြန်မာတွေကြားသာ
တချို့ကတော့ အစက်ချ ပုန်းနေကာ
တစ်ချို့က ဖျာ ခင်းသွားတာ

ကိုယ့်အဖို့မှာကား ဗျာများ
ဘယ်သူ့ဖက်နေမယ်ကွာ
မှားလို့ဝင်ကာပြောလည်း
ကုလားဖြစ်တော့တာပဲဗျာ

တစ်ခါတစ်လေတော့လဲ
တစ်ယောက်ထဲငြီးနေသည်မှာ
ဪ.. မြင့်မြတ်လွန်းတဲ့ ဖွဘုတ်သစ္စာပါ...။

Comments