Posts

Showing posts from January, 2020

#ကျွမ်းကျင်ဝန်ထမ်းအလိုရှိသည်။

Image
(ရေငုပ်သင်္ဘောတွင်တာဝန်ထမ်းဆောင်ရန်) ၁။ ဒန်အိုးပေါက်ဒယ်အိုးပေါက် ဖာဖူးသောအတွေ့အကြုံ    ငါးနှစ်ရှိရမည်.. ၂။ ရေနစ်သေဖူးသောမျိုးရိုးရှိရမည်.. ၃။ လုပ်ငန်းခွင်တွင်အချိန်ပြည့်၂၄နာရီအသင့်အနေအထား    နေနိုင်ရမည်.. ၄။ လိုအပ်လျှင်ရေအောက်တွင်အပြင်သို့ထွက်၍    ဝရိန်ဆော်နိုင်ရမည်.. မှက်ချက်။      ။ ထောက်ခံပွဲလိုက်ဖူးသောသူများအား ဦးစားပေးရွေးချယ်မည်ဖြစ်ပါသည်..😁😁 . N Kham Aung Credit

"နေရာကငါ့အိမ်မှာ၊ ဟောမှာက ငါ့မိန်းမ"

Image
မနက် ၁ နာရီ​လောက်​မှ အရက်မူးပြီး ပြန်လာသော အဖိုးအိုတစ်ယောက်အား ပတ်တရောင် လှည့်လာသောရဲမှ လမ်းမှတားကာ... "အဖိုး နောက်ကျနေပြီ ဘယ်သွားမလို့လည်း" "အရက်မကောင်းကြောင်း ဟောပြောပွဲ သွားနားထောင်မလို့.." ရဲကြီးလည်း အနည်းငယ်စိတ်ရှုပ်​သွားပြီး "ဒီအချိန်ကြီး ဘယ်နေရာမှာ ဘယ်သူက ဟောပြောမှာလည်းဗျ" "နေရာကငါ့အိမ်မှာ၊ ဟောမှာက ငါ့မိန်းမ" "ငင့်​" 😁😁😁 moe aung san Credit

အဖိုးက ရှေ့လဆို ၉၀ ပြည့်ပြီကွဲ့ ''

Image
ဘတ်စကားဂိတ်မှာ ကားစောင့်နေတုန်း.. ဘေးနားက အဖိုးရွယ် တစ်ဦးက.. '' သားက ဘယ်သွားမှာလဲကွယ့် '' '' သန်လျင် အဘ..အဘကကော ဘယ်သွားမလို့လဲ? '' '' ရွှေတိဂုံဘုရား သွားမို့ပါ ။ ဒီကနေ ဘယ်ကားစီးရမလဲ သားလေး '' '' ဪ..၃၆ စီး အဘ ။ ဗဟန်း ၃ လမ်း ဆင်းရင် အရှေ့ဘက်မုဝ်ကို တန်းရောက်တယ် အဘ '' '' အေးကွယ်..ကျေးဇူးပါဘဲ သားရယ် ။ အသက်အရွယ်လေး ရလာတော့ မသေခင်လေး ဘုရားဖက် ရတာပေါ့ '' ဒီတော့.. ကျတော်က.. '' ဟာ..အဘက အလတ်ကြီး ရှိပါသေးတယ် ။ ကျတော့် ခန့်မှန်းကြည့်ရရင် အဘ.. အသက် ၉၀ အထိတော့ နေရမှာ ကျိန်းသေပါတယ် '' ထိုအခါ အဖိုးက.. '' ဟေ..ဟုတ်လား ။.အဖိုးက ရှေ့လဆို ၉၀ ပြည့်ပြီကွဲ့ '' '' ဗျာ.. '' 😁😁😁😁😁😁 #လူချွန်တော် Credit

#ရွှေပန်းတောကရှူးပေါက်ပြိုင်ပွဲ

Image
#ရွှေပန်းတောကရှူးပေါက်ပြိုင်ပွဲ ဧရာဝတီတိုင်းရဲ့ရွာလေးတစ်ရွာ ဖြစ်တဲ့ ရွှေပန်းတောရွာလေးမှာ နှစ်စဉ် ရှူးပေါက်ပြိုင်ပွဲလေး တစ်ခုကို ပျော်စရာအစီအစဉ်အနေနဲ့ ကျင်းပလေ့ ရှိပါတယ် အသက် ၈ နှစ်အောက် ယောက်ျားလေးများသာ ပါဝင်ယှဉ်ပြိုင်ခွင့်ရတာပါ ပြိုင်ပွဲ ကျင်းပပုံလေးက ဒီလိုပါ သဲတွေ ခင်းထားပြီး စည်းတားထားတဲ့ မြေပေါ်မှာ ကလေးတွေဟာ တန်းစီပြီး ရပ်နေရပါတယ် ဒိုင်လူကြီးက ဝစီမှုတ်ပြီး အချက်ပေးတာနဲ့ အကွာအဝေး အများဆုံး ရောက်အောင် ပေါက်နိုင်သူက အနိုင်ရရှိပါတယ်. အနည်းငယ် မတိမ်းမယိမ်း ဖြစ်နေရင်တော့..ပေကြိုးနဲ့ တိုင်းပြီး ဆုံးဖြတ်ပါတယ် ပြိုင်ပွဲ မကျင်းပခင် ကလေးတွေဟာ..ရေတွေ များများ သောက်ပြီး တတ်နိုင်သမျှ ဆီးကြောတင်းနေအောင် အဆင်သင့် ပြုလုပ်ထားရပါတယ် ဒိုင်လူကြီး ခရာ မမှုတ်ခင် ထွက်ကျရင်တော့..ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ခွင့် မရှိပါဘူး. အနိုင်ရသူကို ဆုကြေး ထိုက်ထိုက်တန်တန် ပေးလို့ ကလေးမိဘတွေကလည်း အားတက်သရော ဝင်ရောက် ယှဉ်ပြိုင်ခိုင်းကြတယ်ဗျ.. လူတွေ အများကြီး ဝိုင်းကြည့်နေတာမို့ တစ်ချို့ကလေးတွေ က ရှက်ပြီး မပြိုင်ရဲတာတွေလည်း ရှိပါတယ် ဒိုင်လူကြီးက ''ပြိုင်ဖို့ အဆင်သင့် ဖြစ်နေတဲ့သူတွေေ...

..အပါယ် လား နေပါ့မယ် ''

Image
'' ငချွန်ရေ..ငချွန် '' '' အေး..ဘယ်သူတုန်း။ ဝင်ခဲ့ကွာ '' တံခါး တွန့်ဖွင့်ပြီး ဝင်လာသူ နှစ်ယောက်ကို ကြည့်လိုက်တော့.. ရပ်ကွက်ထဲက သူငယ်ချင်း ငပွေး နှစ်ကောင်.. '' ဪ..မိုးအောင်နဲ့ လင်းဇော်..လာကွာ..'' '' အေး..မင်း တော်တော် နေမကောင်း ဖြစ်နေတယ် ဆိုလို့ လာတာ..'' နှစ်ယောက်သား ပြောရင်း ကျတော့် ကုတင်ဘေးမှာ ဝင်ထိုင်လိုက်ကြတယ် '' အေးကွာ.မင်းတို့.မြင်တဲ့အတိုင်းပဲ ။ တစ်ကိုယ်လုံး ကိုက်ခဲပြီး.. အိပ်ရာကကို မထချင်ဘူးကွာ '' '' ဟုတ်လား..အေး..ဒီမှာ သစ်သီးတွေ ဝယ်လာတဲ့ ဟျောင့် ။ မသေခင် စားပေါ့..'' '' ဟာကြာ..'' '' စတာပါ သူငယ်ချင်းရာ..ခု ဘယ်လိုနေသေးလဲ? '' '' မသက်သာပါဘူးကွာ ။ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာနေတာ..'' ထိုအခါ ငပွေး လင်းဇော်က.. '' အာ့ဆို.. ဆင်တုပ်ကွေး ဖြစ်မယ်ကွ ။ လူတွေ အခုတလော အဖြစ် များနေတာ..'' '' အေး ဟုတ်မယ်ကွ '' '' အာ့ဆို..မပေါ့နဲ့ ငချွန်ရေ ။ဒီရောဂါက သေဖို့ များတယ်ကွ '' ...

..မျက်ရည်ဆိုတာ

Image
တီဗီကြည့်ရင်း မျက်ရည် ကျနေ့သည့် ဖခင်ကို.. ၄ နှစ်အရွယ် သားဖြစ်သူက တွေ့တော့.. '' ဟင်..ဖေဖေ ငိုနေတယ် ။ ဘာဖြစ်လို့လဲ ဖေဖေ '' ဤအခါ ဖခင်ဖြစ်သူက မျက်ဝန်းမှ မျက်ရည်တွေကို လက်နှစ်ဖက်နှင့် ဖိသုတ်လိုက်ရင်းက ''ဘာမှ မဖြစ်ပါဘူး.. သားရယ် ။ ဒီနေ့ဟာ..အာဇာနည်နေ့ လေ ။ ကျဆုံးသွားတဲ့ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်တွေအတွက် ဖေဖေ ဝမ်းနည်းလို့ မျက်ရည် ကျမိတာပါ သားရယ် '' '' ဘာဖြစ်လို့ ဝမ်းနည်းတာလဲ ဖေဖေ ။ သူတို့က ဖေဖေနဲ့ ဘာတော်လို့လဲ? '' '' ဖေဖေနဲ့ ဘာမှ မတော်ပါဘူး သားရယ် ။ ဒါပေမဲ့ သူတို့ဟာ ဖေဖေတို့ တိုင်းပြည် လွတ်လပ်ရေး ရအောင် စွန့်လွတ် အနစ်နာခံ  ကြိုးစားရင်း အသက်ဆုံးရှူံးခဲ့ရတာ သားရဲ့ ။ ဒါ့ကြောင့် ဖေဖေက သူတို့ကို နမြောတမ်းတတဲ့ စိတ်နဲ့ ဝမ်းနည်းမိတာပါ သားရယ်..'' ဖခင်၏ရှင်းပြမှုကို နားလည်သွားသည့်အလား.. ခေါင်းလေး တညိတ်ညိတ်နဲ့ စဉ်းစားရင်းက.. '' အာ့ဆို..ဖေဖေ ။ အခု လက်ရှိ ဗိုလ်ချုပ်ကြီးတွေ ကျဆုံး သွားခဲ့ရင်လည်း ဖေဖေက ဝမ်းနည်းပြီး မျက်ရည် ကျအုံးမှာလားဟင် '' ထိုအခါ ဖခင်ဖြစ်သူက.. သားဖြစ်သူအား ရင်ခွင်ထဲ ဆွဲသွင်း...

💥 one go..two come 💥

Image
💥 one go..two come 💥 ••••••••••••••••••••••• '' အီ..အီ..အစ်..အစ်.ငီး..ငီး..''😭 '' သူငယ်ချင်း ဘာဖြစ်နေတာလဲဟ''😊 ''ငိုနေတာလေ..ငီး..ငီး.''😭 '' အေးလေ..ဘာလို့ငိုနေတာလဲလို့.ဟီး''☺ '' အသည်းကွဲနေလို့ဟေ့.အသဲကွဲနေလို့... ငီး..ငီး..အီ..အီ..အစ်..အစ် ''😭😭 '' ဟီးဟီး.မငိုပါနဲ့ဟာ..နင်ငိုတာက အသဲကွဲနေတာနဲ့ မတူဘူး ဝက်အော်တာနဲ့တူနေတာ''😝 '' နင်နော် ငါဝမ်းနည်းနေတာကို.ငီး.ငီး..''😪 '' သူငယ်ချင်းကလဲ ငိုနဲ့ တစ်တစ်.အဲလေ.တိတ်လို့´´ ''ငီး.ငီး.ဓားဘယ်မှာလဲ.ပေးစမ်း.ဓားငါ့ကိုပေးစမ်း'' '#အမလေးငါ့သူငယ်​ချင်းတော့ facebookထဲကလို လက်ကိုဓားနဲ့လှီးတော့မယ်ထင်တယ်..😨 ''မလုပ်ပါနဲ့ သူငယ်ချင်းရယ်.မကြံကောင်း မစည်ရာ တွေ.ဘာလို့ ကိုယ့်ကိုကို သေအောင်လုပ်မှာလဲ." ''ဟာ.ဘယ်သူက လက်ဓားနဲ့လှီးမယ်ပြောလဲ...?'' ''ဟင်.ဓားတောင်းတာ.လက်ကိုလှီးမလို့ မဟုတ်ဘူးလား..?''😳 '' အမလေးဟယ်.ယောက်ျားတစ်ယောက်အတွက် အဲလေ...

ပြန်မလာတော့ ဘူး

ပြန်မလာတော့ ဘူး •°•°•°•°•°•°•°•°• အိမ်ပေါ်ကစိတ်ဆိုးပြီး ဆင်းသွားတဲ့ မိန်းမကို ခဏပြီး ခဏဖုန်းဆက်တော့ ယောက္ခမဖြစ်သူက ဖုန်းကိုင်ရင်း သားမက်ဖြစ်သူကိုပြောတယ် ။ "" နင်အမှတ်မရှိ့ဘူးလား ...!ငါ့သမီးနင့်အိမ်ကို ပြန်မလာတော့ဘူး လို့ပြောနေတာ နင်နားကန်း နေလားဟင် ?? "" သားမက်ဖြစ်သူက -- '' ဟုတ်ကဲ့ပါ . . ဒီအသံလေးကို ခဏခဏနားထောင်ရတာ ပီတိဖြစ်လို့ပါ ....'' 😛 😛 Credit ;