..အပါယ် လား နေပါ့မယ် ''
'' ငချွန်ရေ..ငချွန် ''
'' အေး..ဘယ်သူတုန်း။ ဝင်ခဲ့ကွာ ''
တံခါး တွန့်ဖွင့်ပြီး ဝင်လာသူ နှစ်ယောက်ကို ကြည့်လိုက်တော့..
ရပ်ကွက်ထဲက သူငယ်ချင်း ငပွေး နှစ်ကောင်..
'' ဪ..မိုးအောင်နဲ့ လင်းဇော်..လာကွာ..''
'' အေး..မင်း တော်တော် နေမကောင်း ဖြစ်နေတယ် ဆိုလို့ လာတာ..''
နှစ်ယောက်သား ပြောရင်း
ကျတော့် ကုတင်ဘေးမှာ ဝင်ထိုင်လိုက်ကြတယ်
'' အေးကွာ.မင်းတို့.မြင်တဲ့အတိုင်းပဲ ။ တစ်ကိုယ်လုံး ကိုက်ခဲပြီး.. အိပ်ရာကကို မထချင်ဘူးကွာ ''
'' ဟုတ်လား..အေး..ဒီမှာ သစ်သီးတွေ ဝယ်လာတဲ့ ဟျောင့် ။ မသေခင် စားပေါ့..''
'' ဟာကြာ..''
'' စတာပါ သူငယ်ချင်းရာ..ခု ဘယ်လိုနေသေးလဲ? ''
'' မသက်သာပါဘူးကွာ ။ တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာနေတာ..''
ထိုအခါ
ငပွေး လင်းဇော်က..
'' အာ့ဆို.. ဆင်တုပ်ကွေး ဖြစ်မယ်ကွ ။ လူတွေ အခုတလော အဖြစ် များနေတာ..''
'' အေး ဟုတ်မယ်ကွ ''
'' အာ့ဆို..မပေါ့နဲ့ ငချွန်ရေ ။ဒီရောဂါက သေဖို့ များတယ်ကွ ''
'' ငင့် ''
အမလေး
ပြောချလိုက်တာ..တစ်တစ်ခွခွ..
ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ
ထိုအခါ
မိုးအောင်က မနေသာ..
'' လင်းဇော်ရာ..မင်းကလည်း.. ပြောရက်လိုက်တာ..ကိုယ့်သူငယ်ချင်းကို..''
'' ပြောလိုက်စမ်းပါ..မိုးအောင်ရာ ။ ဒီကောင်က ငါ့ကို သေစေချင်နေသလား မသိပါဘူး ''
'' အေးလေကွာ ..မင်းပြောပုံက.. မသိရင်.. ငချွန်က ခဏနေပဲ ကောက်ကာငင်ကာ ခေါက်ခနဲ သေတော့မယ့် မသာကြီး ကြနေတာပဲ ''
'' ငိ ''
'' မပြောပါနဲ့ကွ.. မပြောကောင်းပါဘူး ။ သေကာမှ သေရောပေါ့. ''
'' ဟာ..''
အမလေး
ကျားကြောက်လို့ ရှင်ကြီးကိုး
ရှင်ကြီး ကျားထက် ဆိုး ဆိုသလိုတော့
ဖြစ်နေပြီ
'' ဟျောင့်တွေ..သွားသွား..မင်းတို့ ဒိုးလိုက်တော့..ငိုးမသားတွေ..ငါ့ကို အားပေးမှာလား။ အားပြတ်ပြီး သေအောင် လာလုပ်တာလား မသဲကွဲဘူး.. ''
'' စိတ်မဆိုးပါနဲ့ ငချွန်ရာ ။ ငါက မင်းဘက်က မခံနိုင်လို့ ပြောတာပါဟ ''
'' တော်ပါကွာ.. မင်းတို့အားပေးတာက..သေတွင်းထဲ တွန်းပို့နေသလိုပဲ ''
'' မဟုတ်ပါဘူးကွာ ။ ကိုယ့်သူငယ်ချင်း လူပျော်လေး တစ်ယောက် ဆုံးရှူံးသွားမှာစိုးလို့ပါကွာ ''
'' နင့်မေကြီးတော်..ဆုံးရှူံးစရာလား ။ ဒီရောဂါက ဆေးထိုး ဆေးသောက် ပျောက်တဲ့ဟာကို. ..''
ထိုအခါ
လင်းဇော်က..
'' အေးပါကွာ ။မင်းစိတ်က အဲ့လို ထင်နေရင်လည်း မပြောတော့ပါဘူး ''
'' အမ် ''
'' ဒါနဲ့ မင်းဆွေမျိုး ဖုန်းနံပါတ်တွေ ပေးချင် ပေးထားလေ ''
'' ဘာလုပ်ဖို့လဲ? ''
'' ဪ..ဘာရယ် မဟုတ်ပါဘူးကွာ။.အရေးရယ်အကြောင်းရယ်.. မင်း '' ဖုတ်''ကနဲ အသက်ထွက်သွားရင် ဆက်သွယ်လို့ ရအောင်ပါ ''
'' ဟျောင့်...တွေ...''
ကျတော်
စိတ်တိုတိုနဲ့
သံကုန်ခြစ် အော်လိုက်တော့
နှစ်ကောင်သား လန့်သွားတယ်
'' ဟျောင့် ငချွန်။ ဘာဖြစ်တာလဲဟ ''
'' ဟျောင့်တွေ..မင်းတို့ ပြန်တော့..ဒိုးတော့။..ကြာရင်..ငါ တစ်ခုခု လုပ်မိလိမ့်မယ်နော် ''
နှစ်ကောင်သား. ထ ရပ်ရင်းက..
'' ဘာဖြစ်တာလဲ ငချွန်ရာ ။ လူကဖြင့် အိပ်ယာထဲက မထနိုင်ပဲ ။ ဒေါသ ကလည်း ကြီးလိုက်တာ..''
'' ဟုတ်ပါ့ကွာ..''
'' ဟျောင့်တွေ..မင်းတို့ ပြန်တော့လို့ ပြောနေတယ်နော် ဟင်းဟင်း..''
ထိုအခါ
လင်းဇော်က မိုးအောင်ကို ပခုံးဖက် ခေါ်လိုက်ရင်းက..
'' ကဲ လာပါ..မိုးအောင်ရယ် ။ ဒီကောင် မကြိုက်ရင်လည်း ငါတို့ ပြန်ကြရအောင်ပါ ။ တော်ကြာ..ဒေါသနဲ့ သေလို့..ငါတို့ သူငယ်ချင်းလေး..အပါယ် လား နေပါ့မယ် ''
'' ဟာ..''
ကျတော် မရတော့..
စိတ်က တအားတိုလာတာမို့
အနားမှာ ရှိတဲ့ အသီးတွေနဲ့ ဒီကောင်တွေကို ပစ်ပေါက်ရင်း..
''ကဲကွာ.. မအေပေးတွေ..သေစမ်း.''
'' ဟား..ဟား..ဟား..''
ဒီကောင်တွေကတော့..
တဟားဟားဖြင်း ရယ်မောရင်း
ထွက်ခွာသွားကြပါတော့တယ်..
တကယ်တော့..
ဒီလိုမျိုး စနောက်ပြောင်ကြတာဟာ..
ကျတော့်အလှည့်မှ မဟုတ်ပါဘူး
ဒီကောင်တွေ နေမကောင်းတုန်းကလည်း
ကျတော်လည်း ခုလိုမျိုး စနောက် ခဲ့ဖူးပါတယ်..
မထူးဆန်းတဲ့
ပြောမနာဆိုမနာ သူငယ်ချင်းတွေရဲ့
သဘာဝမို့..ကျတော်လည်း..ကုတင်ပေါ်
ပြန်လှဲ ရင်း ပြုံးလိုက်မိပါတော့တယ်
😁😁😁😁😁😁😁
#လူချွန်တော်
Credit

Comments
Post a Comment