..မျက်ရည်ဆိုတာ



တီဗီကြည့်ရင်း မျက်ရည် ကျနေ့သည့် ဖခင်ကို.. ၄ နှစ်အရွယ် သားဖြစ်သူက တွေ့တော့..

'' ဟင်..ဖေဖေ ငိုနေတယ် ။ ဘာဖြစ်လို့လဲ ဖေဖေ ''

ဤအခါ
ဖခင်ဖြစ်သူက မျက်ဝန်းမှ မျက်ရည်တွေကို လက်နှစ်ဖက်နှင့် ဖိသုတ်လိုက်ရင်းက

''ဘာမှ မဖြစ်ပါဘူး.. သားရယ် ။ ဒီနေ့ဟာ..အာဇာနည်နေ့ လေ ။ ကျဆုံးသွားတဲ့ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်တွေအတွက် ဖေဖေ ဝမ်းနည်းလို့ မျက်ရည် ကျမိတာပါ သားရယ် ''

'' ဘာဖြစ်လို့ ဝမ်းနည်းတာလဲ ဖေဖေ ။ သူတို့က ဖေဖေနဲ့ ဘာတော်လို့လဲ? ''

'' ဖေဖေနဲ့ ဘာမှ မတော်ပါဘူး သားရယ် ။ ဒါပေမဲ့ သူတို့ဟာ ဖေဖေတို့ တိုင်းပြည် လွတ်လပ်ရေး ရအောင် စွန့်လွတ် အနစ်နာခံ  ကြိုးစားရင်း အသက်ဆုံးရှူံးခဲ့ရတာ သားရဲ့ ။ ဒါ့ကြောင့် ဖေဖေက သူတို့ကို နမြောတမ်းတတဲ့ စိတ်နဲ့ ဝမ်းနည်းမိတာပါ သားရယ်..''

ဖခင်၏ရှင်းပြမှုကို
နားလည်သွားသည့်အလား..
ခေါင်းလေး တညိတ်ညိတ်နဲ့ စဉ်းစားရင်းက..

'' အာ့ဆို..ဖေဖေ ။ အခု လက်ရှိ ဗိုလ်ချုပ်ကြီးတွေ ကျဆုံး သွားခဲ့ရင်လည်း ဖေဖေက ဝမ်းနည်းပြီး မျက်ရည် ကျအုံးမှာလားဟင် ''

ထိုအခါ
ဖခင်ဖြစ်သူက..
သားဖြစ်သူအား ရင်ခွင်ထဲ ဆွဲသွင်းရင်း
ခေါင်းလေး ပွတ်ကာ ဤသို့ ပြောလိုက်ပါတော့သည်

'' သားရယ်..မျက်ရည်ဆိုတာ..ဝမ်းနည်းရင် ကျတတ်သလို.. ဝမ်းသာရင်လည်း ကျတတ်တဲ့ အမျိုးကွဲ့..''

😁😁

#လူချွန်တော်
Credit

Comments