အဖိုးက ရှေ့လဆို ၉၀ ပြည့်ပြီကွဲ့ ''
ဘတ်စကားဂိတ်မှာ
ကားစောင့်နေတုန်း..
ဘေးနားက အဖိုးရွယ် တစ်ဦးက..
'' သားက ဘယ်သွားမှာလဲကွယ့် ''
'' သန်လျင် အဘ..အဘကကော ဘယ်သွားမလို့လဲ? ''
'' ရွှေတိဂုံဘုရား သွားမို့ပါ ။ ဒီကနေ ဘယ်ကားစီးရမလဲ သားလေး ''
'' ဪ..၃၆ စီး အဘ ။ ဗဟန်း ၃ လမ်း ဆင်းရင် အရှေ့ဘက်မုဝ်ကို တန်းရောက်တယ် အဘ ''
'' အေးကွယ်..ကျေးဇူးပါဘဲ သားရယ် ။ အသက်အရွယ်လေး ရလာတော့ မသေခင်လေး ဘုရားဖက် ရတာပေါ့ ''
ဒီတော့..
ကျတော်က..
'' ဟာ..အဘက အလတ်ကြီး ရှိပါသေးတယ် ။ ကျတော့် ခန့်မှန်းကြည့်ရရင် အဘ.. အသက် ၉၀ အထိတော့ နေရမှာ ကျိန်းသေပါတယ် ''
ထိုအခါ
အဖိုးက..
'' ဟေ..ဟုတ်လား ။.အဖိုးက ရှေ့လဆို ၉၀ ပြည့်ပြီကွဲ့ ''
'' ဗျာ.. ''
😁😁😁😁😁😁
#လူချွန်တော်
Credit

Comments
Post a Comment