"မိုင်နိမ်းအစ် "ငိုး" စနေမောင်ငိုး......"

နိုင်ငံတကာအတွက် အထူးစုံထောက်များမွေးထုတ်ပေးနေသည့် အင်္ဂလန်အခြေစိုက် ဂန်ဂျာဌာနချုပ်အတွင်းသို့ ၀တ်စုံနက်အပြည့်ဝတ်ထားသော လူတစ်ယောက်ဝင်လာသည်။

ထို့နောက် ဌာနချုပ်၏ လျှို့ဝှက်အခန်းကြီး အခန်းငယ်တို့ကို ဖြတ်လျှက် ခေါင်းဆောင်၏အခန်းတွင်းသို့ ၀င်သွားသည်။
ထိုလူအား ခေါင်းဆောင်မှ တွေ့သောအခါ

"Agent 420 (အေးဂျင့် ဖိုးတွမ်တီ့)
မင်းကို ခေါ်ရတဲ့အကြောင်းအရင်းက
အရေးကြီးတဲ့ မစ်ရှင်တစ်ခု ဆောင်ရွက်ခိုင်းဖို့ပဲ"

အေးဂျင့် 420 ခေါင်းတစ်ချက်ငြိမ့်ပြသည်။

"မင်းသိတဲ့ အတိုင်း ငါတို့ ဂန်ဂျာအဖွဲ့မှာ အေးဂျင့်တွေမရှိတော့ဘူး
မင်းက နောက်ဆုံးတစ်ယောက်ပဲ
မင်းသာမဆောင်ရွက်နိုင်ရင် ငါတို့အဖွဲ့ပြိုကွဲရလိမ့်မယ်"

"အိုကေ ကျုပ်ဘာလုပ်ရမှာလည်း ဆိုတာသာပြောပါ"

"မင်းလုပ်ရမှာက မထင်မရှားနယ်မြို့လေးက ရန်သူ့အဆောက်အအုံကိုဖျက်စီးဖို့ပဲ"

"ဘာအတွက်ကြောင့်"

"အဲ့ဒီ အဆောက်အဦးထဲမှာ ဂြိုလ်တုနဲ့
ဆက်သွယ်ထားတဲ့ တာဝါတိုင်ရှိတယ်။
သူတို့ရဲ့အကြံအစည်က ဂြိုလ်တုကနေတဆင့် Virus တွေဖြန့်ပြီး ကမ္ဘာပျက်ကိန်းဆိုက်အောင်လုပ်မလို့ပဲ
အဲ့တာကြောင့် မင်းအနေနဲ့ အဆောက်အုံကိုဖျက်စီးပြီး
ကမ္ဘာကြီးကို ကယ်တင်ပါ...."

"အိုကေ...ဒါနဲ့ တည်နေရာကကော"

"ဘားမား"

အေးဂျင့် စိတ်ထဲထင့်ခနဲ ဖြစ်သွားသည်။
ဘားမားဆိုတာ သူ့မွေးရပ်မြေ
တစ်နေ့နေ့တစ်ချိန်ချိန် ပြန်ရောက်အောင်သွားမယ်လို့တွေးထားတဲ့နေရာ။

အေးဂျင့် 420 ဘားမားကထွက်လာတုန်းက ကလေးဘ၀ပဲရှိသေးသည်။
ထိုအချိန်က ဆယ်နှစ်သား ဖြူစင်လွန်းလှသည့်ကလေးအရွယ်။

သူငယ်ချင်းတွေနဲ့ ဂေါ်လီရိုက်တုန်း အမေကချဲထိုးခိုင်း၍ ဂေါ်လီအကြွေး သုံးဆယ်ကိုထားရင်း အမေပေးသော တစ်ရာတန်အနွမ်းကလေးကို ကိုင်ကာ ချဲဒိုင်သို့ ထွက်လာစဉ် လမ်း၌ ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။

ထိုမှ တစ်ဆင့် အမေရိကန် ဂန်ဂျာအဖွဲ့သို့ ရောင်းစားခံရပြီး
အေးဂျင့်တစ်ယောက်ဖြစ်ရန် ပင်ပန်းဆင်းရဲစွာ လေ့ကျင့်ခဲ့ရသည်။
သို့သော်လည်း မခံချင်စိတ်ဖြင့် ကြိုးစားသောကြောင့် ဘိတ်ချီးအဆင့် တန်းဝင်ခဲ့သည်။

ထို့ကြောင့် အဖွဲ့အတွက် ကော်ဖီဖျော် ကြမ်းတိုက် အိမ်သာဆေး တောက်တိုမယ်ရတာဝန်များကို အရိုးကြေကြေ အရေခမ်းခမ်း အားကြိုးမာန်တက် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

ယခုအခါလည်း သူမှမသွားလျှင် သွားမည့်သူမရှိသောကြောင့် ခိုင်းရခြင်းဖြစ်သည်။
ယခင်အေးဂျင့်များမှာလည်း အန္တရာယ်များလှသော တာဝန်များကိုထမ်းဆောင်ရင်း အသက်ပေးခဲ့ရပြီးဖြစ်သည်။
ယခုမစ်ရှင်သည်လည်း အေးဂျင့် 420 အတွက်
ပထမဆုံးနှင့်နောက်ဆုံးတာဝန်ဖြစ်သွားနိုင်သည်။

"အိုကေ ကျွန်တော်သွားမယ်"

"ဒါနဲ့ မင်းသွားရင် ဘလက်ဒေါ့ကွန်းအဖွဲ့က အေးဂျင့် ဒန်နီရယ်ကိုပါကယ်ခဲ့ပါ"

"ဒန်နီရယ်......"

"အင်း... ဒီကိစ္စကိုလိုက်နေတာ ငါတို့တစ်ဖွဲ့တည်းမဟုတ်ဘူး
ဘလက်ဒေါ့ကွန်းအဖွဲ့က အေးဂျင့် ဒန်နီရယ်လည်း ဒီမစ်ရှင်ထမ်းဆောင်ရင်း
ဘားမားမှာ အဖမ်းခံထားရတယ်"

420 တစ်ချက်ကြောင်သွားသည်။
ဒန်နီရယ်ဆိုတာ အလွန်လျှင်မြန်သွက်လက်ပြီး မက်မောဖို့ကောင်းတဲ့ ဘော်ဒီလှလှလေးပိုင်ဆိုင်ထားသူ

ပုရိသအပေါင်းမြောက်များစွာ သူ့အလှမှာမရုန်းနိုင်ပဲ ဒူးထောက်ခဲ့ရသူ
ရန်သူကိုလည်း ဆွဲဆောင်မှုဖြင့် ဖျားယောင်းနိုင်သူ
မစ်ရှင်ပေါင်းမြောက်များစွာလည်း ထမ်းဆောင်နိုင်သောကြောင့် ထိပ်တန်းအေးဂျင့်အဖြစ် နာမည်ကြီးသူ

ဒီလောက် အဖက်ဖက်မှ ပြည့်စုံရဲ့သားနှင့် အဘယ့်ကြောင့် အဖမ်းခံထားရသည်ကို
အေးဂျင့် 420 တစ်ယောက် မစဉ်းစားနိုင်ပဲရှိသည်။

သို့သော်လည်း မေးခွန်းဆက်မထုတ်တော့ပဲ မစ်ရှင်အမြန်ပြီးမြောက်ရန် ဘားမားသို့ လျှင်မြန်စွာ လေယာဉ်တွယ်စီး၍ထွက်လာခဲ့သည်။

လေဆိပ်သို့ ရောက်သည်နှင့် ဘားမားမြေပုံထုတ်၍ ရန်သူ့အဆောက်အအုံတည်နေရာ ဖျက်စီးမည့်အချိန် ပြန်ထွက်မဲ့ လမ်းကြောင်းနှင့်
ဒန်နီရယ်အား ကယ်တင်ရန် စနစ်တကျ ပလန်ချလေသည်။
ပလန်ကား နက်၏
ထိုကြောင့် ဘာမှမမြင်ရ

မွေးရပ်မြေကိုစွန့်ခွာခဲ့သူတစ်ယောက်အတွက် မွေးရပ်မြေက လေကိုရှုရှိက်ရင်း ဘာမြင်မြင်လွမ်းချင်စရာ ဆိုပေမဲ့ အေးဂျင့် 420 အတွက်တော့ လွမ်းချင်စရာ တစ်ခုရယ်မှမရှိ။

ထားတော့ မစ်ရှင်က အရေးကြီးသည်မို့ အတိတ်ကြောင်းစမြုံ မပြန်နိုင်
ပစ်မှတ်ရှိရာ မြို့သို့ လျှင်မြန်စွာ ခြေကျင်လျှောက်လေသည်။

ခြေကျင်လျှောက်သည်ဟူ၍ ပိုက်ဆံမရှိဟု မထင်စေလို
ဦးစွာ ပထမ Express ကားဖြင့် သွားမည်ဟုဆုံးဖြတ်၍
အောင်မင်္ဂလာ အဝေးပြေးသို့ ကားလက်မှတ်ဝယ်ရန် ထွက်လာခဲ့သည်။

သို့သော်ငြားလည်း ကားဂိတ်ရောက်ခါမှ ကားနာမည်များမှာ
ဘ၀သစ်၊နောင်ဘ၀၊ကျုံကျုံးတိုက် ဟုမှည့်ထားကြသဖြင့်
ဒီလမ်း ဒီခရီး ဒီဒရိုင်ဘာကို ယုံသည်မို့ ခြေကျင်လျောက်ရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒန် တန့် တန်

36 နာရီ 48 မိနစ်ခန့် လျောက်ပြီးနောက် အေးဂျင့် 420 တစ်ယောက် ဦးတည်ရာ မြို့သို့ ပေါင်ကွကွဖြင့် ရောက်ရှိခဲ့သည်။

ရောက်ရောက်ခြင်း မနားနိုင်
မစ်ရှင် အတွက် အရင်စုံစမ်းရသည်။
ဖျက်စီးရမည့် အိမ်ကြီးကို အဝေးမှ မှန်ဘီလူးတစ်လက်နှင့်
ကြွက်ချောင်းချောင်းလေသည်။

အိမ်ကြီးကား အပြင်တွင်ပင် အစောင့်အပြည့်ဖြင့် ခြံရံလျက်ရှိသည်။
တစ်ယောက်တည်း ၀င်ဖိုက်ဖို့က မလွယ် အခန့်မသင့် ခြံဝတွင်ပင် မာလကီးယားသွားနိုင်သည်။
ထိုကြောင့် အေးဂျင့် 420 တစ်ယောက် ဆင်ကြံကြံလေသည်။
အရေးကြီးသည်က တာဝါတိုင်ဖျက်စီးရမည်မဟုတ်လော။

အကြံကြီးရမည်ဖြစ်သောကြောင့်
အကြီးကြီးကြံလေသည်။

အရင်ဆုံး ရဲစခန်းကိုသွား၍ ပိုက်ဆံအိတ်ပျောက်သည်ဟု အမှုလိမ်ဖွင့်ရင်း ရဲအရေအတွက်ကိုလေ့လာမည်။

ထို့နောက် ရေပိုက်ပြင်သမားယောင်ဆောင်၍ အိမ်ထဲသို့ ၀င်ပြီး အချိန်ကိုက်ဗုံးများထာင်ခဲ့မည်။

ပြီးလျှင် အသာအယာထွက်လာ၍ သာမန်လူတွေကြား
ရောထွေးနေချိန် ဗုံးပေါက်၍ အိမ်ပြိုမည်။

ဗုံးပေါက်၍ အိမ်ပြိုသော အခါ ရဲများရောက်လာမည်။

ရဲများ မရောက်ခင် လူထုကြားထဲမှ အမြန်ထွက်၍ လာရာခရီးပြန်လှည့်မည်။
အစီစဉ်ကားနက်နဲ၏

အစီစဉ်အားစလေပြီ

သို့သော် အစီစဉ်ကားထင်သလို မဖြစ်လာချေ
ရဲစခန်းသို့ရောက်မှ အမှတ်မထင် အချုပ်ခန်းအတွင်း၌ ဒန်နီရယ်အားတွေ့လေသည်။

သူမက အေးဂျင့် 420 ကိုမမှတ်မိသော်လည်း
အေးဂျင့် 420 မှာမူ ရုပ်ကြည့်စရာမလို ခန္ဓာကိုယ်ကြည့်ရုံဖြင့် ဒန်နီရယ်မှန်း  တပ်အပ်သိလေသည်။

420 အကြံအိုက်သွားသည်။
မစ်ရှင်ကို ဘယ်လိုဆောင်ရွက်ပြီး ဒန်နီရယ်ကို ဘယ်လိုကယ်ရမှန်းမသိဖြစ်လေ၏။

အကြံအိုက်နေတုန်း ဖုန်းသို့ ဌာနချုပ်မှ Msg ၀င်လာသည်။
ယနေ့ည မစ်ရှင်အပြီးသတ် မဆောင်ရွက်နိုင်လျှင် မနက်ဖြန် တစ်ကမ္ဘာလုံး Virus ကူးမည် ဟူ၍ဖြစ်သည်။

420 တစ်ယောက် အကြံနီ၊အကြံနက်ပါ မက အကြံဝါ၊အကြံပြာ များပါထုတ်လေသည်။

ဤတွင်တစ်ခန်းရပ်

ဒန်နီရယ်တစ်ယောက် အချုပ်ခန်းအတွင်း လွတ်မြောက်ရန်တွေးနေလေသည်။
ညနေက လာသွားသော စမတ်ကျကျနှင့် လူကိုလည်း မြင်ဖူးသလိုရှိသည်။
သို့သော် စဉ်းစားမရ။

လွတ်မြောက်ရန် လမ်းလည်းမမြင်သောကြောင့်
စိတ်လျော့ပြီး ကံစီမံရာအတိုင်းသာနေဖို့တွေးရင်း
ညလည်းရောက်ပြီမို့ အချုပ်ခန်းအတွင်း အိပ်စက်အနားယူလေတော့သည်။
တစ်ချက်ထိုးလောက်ခန့် သူ့နာမည်အား ခေါ်သံကြားရသည်။

"ဟေး..ဒန်နီရယ် ထထ
ငါတို့သွားကြမယ်"

"ဟင်...ရှင် ညနေကလာတဲ့သူမလား
ရှင်ဘယ်သူလည်း နောက်ပြီး ရဲတွေကော ဘယ်ရောက်သွားလည်း"

"ကိုယ်က အေးဂျင့် 420 ရှင်းပြဖို့အချိန်မရှိဘူး
သွားရအောင် မြန်မြန်"

ပြောပြောဆိုဆိုနှင့် အချုပ်ခန်း တံခါးကို ဆွဲဖွင့်ရင်း
ဒယ်နီရယ်လက်ကို ကိုင်ကာ မြို့အပြင်သို့ ထွက်ပြေးကြသည်။
မြို့အပြင်ရောက်သည်နှင့်

"ကဲ ကိုယ်တို့လူစု ခွဲမယ်
ဟိုအရှေ့က ကားနဲ့ ရန်ကုန်လိုက်သွားလိုက်
ရန်ကုန်ရောက်ရင် သံရုံးကို အကြောင်းကြားပြီး
ပြန်လို့ရအောင် စီစဉ်ပေးထားတယ်။
မပြန်ခင်တည်းဖို့ ဟိုတယ်တစ်ခုမှာ ဘွတ်ကင်လုပ်ပေးထားတယ်
သူတို့လိုက်ပို့လိမ့်မယ်"

420 ဆိုသူကို ဒန်နီရယ် ခဏတာတွေ့ပေမဲ့
သူ့၏ ပြောပုံဆိုပုံနှင့်ညို့အားပြင်းသော အကြည့်များအောက်တွင် ဒန်နီရယ်တစ်ယောက် ပျော်ဝင်သွားသည်။

"ဒါနဲ့ ရှင့်ကို ဘယ်အချိန် ထပ်တွေ့လို့ရမလည်း"

"ကိုယ် မနက်ဖြန် အခန်းနံပါတ် 376 မှာရှိမယ်"

"အင်း..."

အခန်းနံပါတ် 376

အခန်းရှေ့တွင်မတ်တပ်ရပ်နေသော ဒန်နီရယ်တစ်ယောက် ရင်ခုန်လျက်ရှိသည်။
မနေ့က သူ့ကိုကယ်ခဲ့သော စမတ်ကျသည့် လူတစ်ယောက်နှင့်တွေ့ရမည်မဟုတ်လော။
အခန်းတံခါးကို ရင်ဖိုစွာနှင့်ပင် အသာအယာခေါက်လိုက်သည်။

ဒေါက်..ဒေါက်...ဒေါက်

"အော် ဒန်နီရယ်လား လာလေ"

"အင်း"

"ကဲထိုင် ၀ိုင်သောက်မလား ၀ီစကီသောက်မလား"

"၀ိုင်ပဲလုပ်ပါ"

"အိုကေ"

အေးဂျင့် 420 လှမ်းပေးသာ ၀ိုင်ခွက်ကိုယူရင်း

"ရှင် မနေ့ညက မစ်ရှင်ကောအောင်မြင်ရဲ့လား"

"အင်း အောင်မြင်ပါတယ်"

ဒန်နီရယ်ပိုလို့တောင် အထင်ကြီးသွားသည်။
လူအများကြီးနှင့် တစ်ယောက်တည်း ဘယ်လိုများဖိုက်လည်းသိချင်လှသည်။

"ဒါနဲ့ ဒန်နီရယ် မင်းကော ဘယ်လိုဖြစ်လို့ အဖမ်းခံရတာလည်း"

"အော် ထောက်ချောက်မိတယ်ပဲဆိုရမှာပေါ့"

"ဘယ်လိုဖြစ်လို့"

"ကျွန်မ မစ်ရှင်အတွက်စုံစမ်းဖို့ အပျက်မယောင်ဆောင်ပြီး ရဲကိုမြုဆွယ်တယ်။
ဒါပေမဲ့ ကံမကောင်းဘူး။
ကိစ္စပြီးသွားမှ အသွင်ယူတယ်ဆိုလို့ အဖမ်းခံခဲ့ရတာပါရှင်"

"ငှယ်....."

"ဒါနဲ့ ရှင်ကော မစ်ရှင်ကို ဘယ်လိုလုပ်ခဲ့တာလည်း"

"ထွေထွေထူးထူးမဟုတ်ပါဘူး
အဲ့ဒီအိမ်ရှေ့သွားပြီး ဗလီခိုးဆောက်နေပါတယ်လို့အော်လိုက်တာ
မြို့က သူတွေ ၀ိုင်းဖျက်ပါရောလား ငိငိ"

"ငင့်...အကြံကြီးချက်
ဒါနဲ့ရှင်ကျွန်မကို လာကယ်တော့ ရဲတွေတစ်ယောက်မှ မရှိပါလား"

"ဘယ်ရှိမတုန်း မြို့ကလူတွေ အိမ်ဝိုင်းဖျက်တာ ရပ်ကြည့်လုံခြုံရေးယူပေးနေတယ်လေ"

"ငမ့်"

လွဲတာမှ တက်တက်စင်အောင်လွဲသည်။
အေးဂျင့် 420 ကို အထင်ကြီးခဲ့သမျှ သဲထဲရေသွန်ဖြစ်ကုန်၏
သို့သော်လည်း သူ၏ ညှို့အားပြင်းတဲ့ မျက်လုံးတွေကို မလွန်ဆန်နိုင်၍
ထိုည ကုတင်ပေါ်တွင် နှစ်ပါးသွားခဲ့သည်။

မနက် မိုးလင်းနှိုးစက်သံကြောင့် ဒန်နီရယ် မျက်လုံးပွင့်ခဲ့သည်။
ဘေးတွင် အေးဂျင့် 420 မရှိ၍ ထကြည့်သောအခါ
တံခါးအသာအယာဖွင့်၍ အပြင်ထွက်ရန်ပြင်နေလေသည်။

"ရှင်ဘယ်သွားမလို့လည်း"

ဒန်နီရယ်အသံကြောင့် 420 ပြန်လှည့်ကြည့်သည်။

"နောက်မစ်ရှင်အသစ်အတွက် ကိုယ်ပြန်တော့မလို့
လေယာဉ်က စောစောထွက်မှာဆိုတော့ ယူ့ကိုမနှိုးချင်လို့
ကဲသွားတော့မယ် ဘိုင့်ဘိုင်"

"ဟင်...ဒါနဲ့ ရှင့်နာမည်အရင်းကကော"

အေးဂျင့် 420 တစ်ယောက် ညှို့အားပြင်းသော အကြည့်ဖြင့် ပြန်လှည့်ကြည့်၍
လွန်စွာပီသသော ဗြိတိသျှလေသံဖြင့်

"မိုင်နိမ်းအစ် "ငိုး"
စနေမောင်ငိုး......"

#စနေမောင်ငိုး
Credit

Comments