နောက် ၁၇ နှစ်ဆို မင်းတို့ကို ငါတို့က ကျော်တော့မှာ။ ဟင်း ဟင်း.......
မြန်မာပြည်ကအပြန်
ချန်ဂီလေဆိပ်ရောက်တော့နောက်ကျနေပြီ ။
မနက်ဖြန်လည်းသင်္ဘောပေါ်တက်ရဦးမယ်ဆိုတော့ မထူးတော့ပါဘူးဆိုပြီး
လက်ထဲက အိုင်ဖုန်းကိုဖွင့်
Grabနဲ့ပဲ ကားလှမ်းဌားလိုက်တယ်။
ရှားရှားပါးပါး Grabတက်စီက
မြန်မာငွေ သိန်း၅ထောင်တန် BMW 523i နဲ့
မောင်းတဲ့သူကလည်း တကယ့် အထှာကျတယ် ဘောင်းဘီတို တီရှပ် နဲ့ကိုမှ ဦးထုပ်ကို တစောင်း ဆောင်းထားသေးတာ၊ တကယ့် ရပ်ပါလိုလို ဘာလိုလို
စတက်တော့ ကိုယ့်အိတ်တွေ ဘာတွေတောင် ဆင်းလာပြီး တင်ပေးသေးတာ
ကိုယ်တို့ရွှေနိုင်ငံက တက်စီဆရာများကိုတောင် ပြေးပြီး သတိရမိသေးတော့တယ်။
ကားပေါ်ရောက်တော့လည်း မွှေးပျံပြီး အေးငြိမ်နေရော
ကားစထွက်ပြီး မကြာဘူး သူက သီချင်းလေးတွေ ဖွင့်ပေးတယ်၊ ကိုယ်တောင် အံ့သြသွားတယ်။ မြန်မာသီချင်းလေးတွေ၊ မြန်မာသီချင်းကိုမှ တကယ့်လက်ရွေးစင် သီချင်းကောင်းလေးတွေ၊ ပုံမှန်ဆိုရင်တော့ ကားစီးရင် သီချင်းတွေ အသံတွေ နားမခံနိုင်တာရယ် နားချင်တာရယ်ကြောင့် ပိတ်ခိုင်းတတ်ပေမယ့် သူ့ကိုတော့ လေးစား သမှုနဲ့ မပိတ်ခိုင်းဖြစ်ဘူး။ နည်းနည်း တိုးခိုင်းပြီးပဲ နားထောင်လာခဲ့တယ်။
ခဏနေတော့ ကိုယ်လည်း မနေနိုင်ဘူး၊
မင်းက မြန်မာသီချင်းတွေ နားလည်လို့လား ဆိုတော့ နားမလည်ပါဘူး ငါက မင်းနားထောင်ရအောင် ဖွင့်ထားပေးတာပါတဲ့
မင်းက ငါမြန်မာမှန်း ဘယ်လိုသိလဲ ဆိုတော့ မင်းနာမည်က မြန်မာနာမည်လေ မစ္စတာဘယ်သူ ဆိုကတည်းက ငါက မြန်မာမှန်း သိပြီးသားတဲ့၊ ငါ့မှာ မြန်မာလုပ်ဖေါ်ကိုင်ဖက်တွေရော၊ သူငယ်ချင်းတွေရော ရှိတယ်တဲ့။ ဒီသီချင်းတွေလည်း သူတို့ရွေးပေးထားတာဆိုပဲ
ဒါနဲ့ ဆက်ပြီး မင်းကားက သူဌေးကားပဲ။ တော်ယုံဝင်ငွေ နဲ့ စီးနိုင်တာမှ မဟုတ်တာ မင်းက ဘာလုပ်တာလဲ ဆိုတော့မှ ငါ့မှာ စားသောက်ဆိုင် ၃ ဆိုင်ရှိတယ်။ အခုကလည်း အိမ်ကလူတွေကို လေဆိပ်လိုက်ပို့ရင်း အပြန် ဘယ်သူမှမပါလို့် Grab ဆွဲတာတဲ့
အတော်လေးစားသွားတယ်။ ဒါကြောင့်လည်း ချမ်းသာတာပဲလို့ စိတ်ထဲတောင် တွေးမိတယ်။ လူတွေကို ဘယ်လို Service ပေးရမလဲ ဆိုတာ ကောင်းကောင်း သိတယ်။ ငွေကို ဘယ်ကနေ ဘယ်လို ရသမျှ ရှာရမလဲ ဆိုတာ သိတယ်။ ဒီလိုလူတွေမှ မချမ်းသာရင် ဘယ်သူတွေ ချမ်းသာမလဲ။
ဒါပေမည့် စိတ်ထဲမှာတော့ ကြုံးဝါးခဲ့သေးတယ်။ မင်းနေနှင့်ဦးပါ။ နောက် ၁၇ နှစ်ဆို မင်းတို့ကို ငါတို့က ကျော်တော့မှာ။ ဟင်း ဟင်း.......
😎😎😎
ခုတော့ မနက်ဖြန် သင်္ဘောပေါ်တက်ဖို့ ပြင်လိုက်ဦးမယ်။
Zarni htet
Credit

Comments
Post a Comment