၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာဒမ် ကို ဘာ ပြောခဲ့ လည်း....

၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာဒမ် ကို ဘာ ပြောခဲ့ လည်း....?????
--------

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်…

ဆရာမကမနီအား…

"ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း မနီ…"

မနီ အိပ်ငိုက်နေသဖြင့် မကြားသောကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။

ထိုအခါ မနီက…
"ဘုရားသခင်"
 (တကယ်တော့ ဘောပင်နှင့်ထိုးသောကြောင့် လန့်သွား သဖြင့် ရောင်၍ အော်လိုက်ခြင်းဖြစ်၏…)
 ထို့နောက် သူမ ပြန်လည် အိပ်ငိုက်သွား ပြန်သည်။
ခဏအကြာ
ဆရာမက ထပ်ပြီး…

"တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး…"

ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။

မနီက ပထမလိုပဲ ထအော်ပြန်သည်…

"ဂျီးဆပ် ခရစ်"

(ပထမလိုပဲ လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ခြင်းဖြစ်သည်၊ ထို့နောက် တဖန်အိပ်ငိုက် ပြန်လေသည် )
နဲနဲကြာတော့
ဆရာမက ထပ်ပြီး

"မနီ ဖြေတာမှန် ပါ တယ်၊အားလုံးကို ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာဒမ် ကို ဘာ ပြောခဲ့ လည်း …"

အတန်းသားအားလုံးငြိမ်သက်နေသည်…။
ဘာပြောခဲ့လဲ…တစ်ယောက်မှမသိ…။
ထို့ကြောင့် ကို ဖြိုးကပဲ အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် ခပ်နာနာ ထိုး၍ သတိပေးလိုက်ပြန်၏…။
ဒီတစ်ခါ
မနီ အတော် နာ သွား သည်။ ဒါကြောင့် အိပ်ငိုက်နေရာ မှလန့်နိုး ကာ ဒေါသဖြစ်ဖြစ်နှင့်

"နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်…နုတ်နုတ်ဆင်းပစ်မယ်…မသာကောင်…"

မနီရဲ့အသံကို ကြားသော
ဆရာမခမျာ…
ဘုမသိ ဘမသိ ဖြင့်
"Oh…my God…"ဟုအော်ကာ သတိလစ် သွား ရှာပါတော့၏…။

ရယ်(ရီ)မောနိုင်ပါစေ

credit-မူးရင်း

အနဲငယ်ပြင်ဆင်ထားသည်…။

----
မှတ်စုကြမ်းက ပြန်လည်မျှဝေသည်…။
#zeroneo
Credit

Comments