အ့သလောက်တောင် ချစ်ရသီ😝😜😋😂

အ့သလောက်တောင် ချစ်ရသီ😝😜😋😂
********************
++++++++++++++++++

လင်မယားနှစ်ယောက်
ဆေးခန်းအတူတူသွားကြတယ်။
ယောက်ျားက ကျန်းမာရေးမကောင်းဘူး။
ဆရာဝန်က စစ်ဆေးပြီး မိန်းမကို
စကားပြောချင်တယ်လို့ ဆိုတယ်။

"ဒီမှာ အမကြီး။
အမကြီး ယောက်ျားရဲ့ ရောဂါက
နာတာရှည် ပင်ပန်းပြီး စိတ်ကျနေတာ။
အဲဒီတော့ အမကြီးအနေနဲ့
သူ့ကို ရောဂါပျောက်အောင်
လုပ်ပေးနိုင်တာ သုံးခုရှိတယ်။

တစ်က သူ့ကို မနက်စာ ပူပူနွေးနွေး ချက်ကျွေးပါ။
အဟာရပြည့်ဝတဲ့ အစားအစာတွေပေါ့။
နေ့လည်စာနဲ့ ညစာကိုလည်း
လတ်လတ်ဆတ်ဆတ် ချက်ကျွေးပါ။

၂ အချက်က သူ့ကို စိတ်ချမ်းသာအောင်ထားပါ။
အိမ်အလုပ်တွေ မခိုင်းပါနဲ့။
နားနားနေနေ နေပါစေ။
စိတ်ဆင်းရဲစေမဲ့စကားတွေ မပြောပါနဲ့။

သုံး အချက်တော့ ညတိုင်း
အိပ်ရာမှာ ကောင်းကောင်းပြုစုပါ။
ဒါဟာ သူ့အတွက် အထူးလိုအပ်နေတယ်။
သူ့စိတ်မပျော်တာ အဓိက ဒါပဲ။
ဒီသုံးချက်လိုက်နာရင်
အမကြီးယောက်ျားရောဂါ အရှင်းပျောက်မယ်။"

အမျိုးသမီးလည်း အခန်းပြင်ထွက်လာတယ်။
သူ့ယောက်ျားကလည်း ဆရာဝန် ဘာပြောလဲ
သိချင်ဇောနဲ့ မေးလိုက်တယ်။

"မိန်းမ ဆရာဝန်က ဘာပြောလဲ"။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"မရတော့ဘူးတဲ့မောင်။ သေမှာပဲတဲ့။"
____________________________
(Jokes Every Man should know မှ
ဆီလျော်သလို ဘာသာပြန်သည်။ )
AungMoe
Credit

Comments