လူဆိုတာ သေမျိုးပဲကို နော့လေ

သူငယ်ချင်းရဲ့ အမေ အသုဘကို ကူငွေထည့်ပြီး ပြန်မလို့ လုပ်တုန်း

"ဟျောင်ငအွပ်တ် ပြန်တော့မလို့လား"

"အေး..အလုပ်လေးရှိလို့ပါ"

"ငါ့ အမေရဲ့ နောက်ဆုံးခရီးကို လိုက်မပို့တော့ဘူးလား"

"သူငယ်ချင်း ငါ တကယ် မအားလို့ပါကွာ"

"အေး..ရတယ် မှတ်ထား မင်းအမေ အသုဘကြရင်
ငါလဲ လိုက်မပို့ဘူး"

"ဟာ..ဟျောင် မင်း......ရတယ်လေ မင်း အဖေ သေရင်လဲ ငါမလာဘူးကွာ"

ထိုအချိန် အလောင်းဘေးတွင် ငူငူငိုင်ငိုင်နဲ့ လူကြီးက ထလာပြီး

"ငိုးမတွေ ငါ့မိန်းမက အခုမှ သေတာ ငါ့ပါ သေခိုင်းနေတာလား"

ဆိုပြီး လိုက်ရိုက်တော့တာပဲ..။
ဘာကြောက်နေတာလဲ မသိဘူး။
လူဆိုတာ သေမျိုးပဲကိုနော့လေ။
ကိုယ်တွေလဲ သေမှာကြောက်လို့ ပြေးရတာပဲ။

Original by ###အွပ် တ်
Credit

Comments