I say again ...without south ga yu pall ball kyi...

"မွေးလာတုန်းကလည်း တယောက်ထဲကွ
သေတော့လည်း တယောက်ထဲပဲ ဘယ်သူ့ဂရုစိုက်ရမှာလဲ"

"အဖော်နဲ့သေချင်လည်းပြောလေ
တခုမှသုံးရာထဲ ဘာအနံ့ကြိုက်လဲသာပြော"

"မနောက်နဲ့..
ငါဒီနေ့.. မနက်ထဲက လျော့နေတာနော်"

ငစစိတ်တိုရင်ကြောက်ဖို့ကောင်းတယ်
အေးလေ..စိတ်မတိုတဲ့အချိန်တောင်သူ့မျက်ခွက်ကကြောက်စရာကြီးကို...

"ပြောစမ်းပါဦး လျော့ရတဲ့အကြောင်းရင်းလေး"

"ဒေါ်လာဈေးတက်လို့အခြေခံစားသောက်ကုန်တွေဈေးတက်တယ်"

"မင်းကဈေးထဲဘယ်နှခါရောက်လို့လဲ"

"ဈေးထဲမရောက်ပေမယ့်သိတယ်ကွ
အရင်က ကြက်ဥမွှေကြော်တပွဲ တထောင်
ခု ထောင့်ငါးရာ...
ဘာလို့လဲမေးကြည့်တော့ ကြက်ဥ တလုံး ၁၆၀ ဖြစ်လို့တဲ့.."

"အော်..."

"ကန်စွန်းပလိန်းတပွဲအရင်က ထောင့်ငါးရာ
ခု ၂၅၀၀..
အရင်က တစည်း တရာ..
ခုသုံးစည်း ငါးရာ မိုလို့တဲ့ "

"အဲ့တော့မင်းကဘာလုပ်မယ်စိတ်ကူးလဲ.."

"ဆန္ဒပြမယ်.."

"ဘယ်သူ့ပြမှာလဲ...
သမတ္တကိုလား...အတိုင်ပင်ခံကိုလား..
ရန်ကုန်တိုင်းအစိုးရကိုလား..."

"တယောက်မှမဟုတ်ဘူး.."

"အဲ့တာဆိုဘယ်သူလဲ..."

"ဒေါ်နယ်ထရန့်ကို..."

လေးစားပီလေ မြန်မာပြည်ကနေ အမေရိကန်သမတ္တအသစ်ကိုပထမဆုံးဆန္ဒပြတာ ကိုယ့်ဘော်တာကြီးဖြစ်နေတာကို...

"အမေရိကန်သံရုံးရှေ့မှာပြမှာလား"

"နိုး...
သူ့ တွယ်တာ ဆိုတဲ့အကောင့်မှာ စာရေးပီးပြမှာ စာတောင်စီပြီးပီ"

သူရေးထားတာတော့မိုက်သားဗျ..

"Hi ball kyi...

Do u no me...

My name is Na Sa

U are Amayikan thamada it i no..

But i without south ga yu pall ball kyi..

U are Cantree money very hight allsoe i without south ga yu pall ball kyi..

Because.. my mother have..
my money have pall..

I say again ...without south ga yu pall ball kyi...

....Na Sa...."

အမေရိကန်သမတ္တကိုတောင်အင်္ဂလိပ်လိုရေးပီးဆန္ဒပြရဲတဲ့ဒီလိုအပေါင်းအသင်းမျိုးရှိလို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိတာဆန်းသလားဗျာ...

....ko zay....
Credit

Comments