ဘော ဗွေစနစ်က အလုံခြုံဆုံးပဲ
ပုဂ္ဂလိကပိုင် ဘဏ်တိုက်တစ်ခု၏ လျှို့ဝှက် အစည်းအဝေးတွင်ဖြစ်သည်။
ဘဏ်တိုက်ကို ဖောက်မည်ဟု သတင်းရထားသဖြင့် အရေးပေါ် အစည်းအဝေး ပြုလုပ်ကြသည်။
"ကဲ ငါတို့ရဲ့ ဘဏ်တိုက်က ငွေတွေကို လုံခြုံအောင် ဘယ်လို လုပ်ကြမလဲ"
ဘဏ်တိုက်ရဲ့ CEOက စမေးလေသည်။
"အရင်ဆုံး တိုက်တေနီယံ သတ္တုကို ၂ပေထုနဲ့ ကာရင် ကောင်းမယ်ထင်တယ်"
"ကောင်းပြီ တံခါးရဲ့လုံခြုံရေး စနစ်ကရော"
"Password ထားမယ် ဆိုရင်ကော"
"ဟက်ကာတွေ ဒီလောက်များတဲ့ ခေတ်မှာ လုံခြုံမှု ဘယ်ရှိမှာလဲ ကန့်ကွက်တယ်"
"လက်ဗွေစနစ်နဲ့ ဆို အဆင်ပြေမယ်ထင်တယ်"
"ငါက အစုံကိုင်နေတာ... ငါ့လက်ဗွေ အတုလုပ်ပြီး ဖွင့်သွားမှာပေါ့
အခုချိန်မှာ ဘယ်သူ့ကိုမှ ယုံလို့မရဘူး ကန့်ကွက်တယ်"
"မျက်ကြည်လွှာ ဖတ်တဲ့ စနစ်ဆိုရင် ပုံစိတ်ချရမယ်ထင်တယ်"
"ငါ့မျက်စိကို မှန်ဘီလူး ကင်မရာနဲ့ အနီးကပ်ဆွဲပြီး
မျက်ကပ်မှန်အတုနဲ့ ဖွင့်လို့ရတာ မင်းမသိဘူးလား
ကန့်ကွက်တယ်"
"သူများတွေ မရိပ်မိအောင် ခြေဗွေရာ စနစ်နဲ့ဆိုရင်ရော ဆရာ"
"စောက်ရူး သူခိုးတွေ ခိုးရအလွယ်ဆုံး စနစ်ကို အကြံပေးတာ မင်းပဲရှိတယ် ကန့်ကွက်တယ်"
အစည်းအဝေးထဲက အကြံပေးများ ကုန်သလောက်ရှိနေပြီ
အခုထိ အဖြေက ထွက်မလာဘူး။
"ငအွပ်တ်!!မင်းအနေနဲ့ ဘယ်လို တွေးထားလဲ?
ငအွပ်တ်!!!ပြောနေတာကြားလား!!!"
အိပ်ငိုက်နေသော ငအွပ်တ်မှာ ရုတ်တရက် လန့်ပြီး...
"ဘောပဲ!!"
ငအွပ်တ်က ယောင်ပြီး ပါးစပ်က ထွက်သွားလေရာ....
"ကောင်းပြီ လက်ခံတယ်..
ငအွပ်တ် ပြောတဲ့ ဘော ဗွေစနစ်က အလုံခြုံဆုံးပဲ အတည်ပြုတယ်"
ဟိုက်စကိုက်
Original by ###အွပ် တ်
Credit

Comments
Post a Comment