!!! ရေနစ်နေနဲ့ လူကြီး ကျတော့လက်ကို လှမ်းဆွဲလိုက်ပါ!!!"
"လုပ်ကြပါအုံးရှင်!!!ကျမ အဖေ ရေထဲကျသွားလို့!!"
တံတားက အကောင်းကို ဘယ်ကနေဘယ်လို ပြုတ်ကျသွားလဲမသိဘူး။ ချောင်းထဲ လှမ်းကြည့်လိုက်တော့လဲ လူက §ကမျင်းကြော ထ ရမဲ့ အရွယ်လဲမဟုတ်ပဲနဲ့ ရေထဲကျရတယ်လို့။
ချောင်းက ဗွက်ချောင်းဆိုတော့ ဘယ်သူမှ ဆင်းမဆယ်ချင်ကြဘူး။
လူကြီးခမျာလဲ ရေထဲမှာ ယက်ကန်ယက်ကန်နဲ့။ ရေကူးတတ်ဟန်လဲ မရှိဘူး။
ဒီလိုနဲ့...
ပရဟိတ စိတ်ရှိတဲ့ လူတစ်ယောက်က တံတားပေါ်ကနေ ကုန်းပြီး...
"ဟေ့လူ ဒီမှာ ခင်ဗျား လက်ကိုပေး"
ရေထဲနစ်နေသူမှာ လက်မကမ်းပဲ ယက်ကန်ယက်ကန်နဲ့ပဲ....
"ဟေ့လူ!!!လက်ပေးလေ!!"
ရေနစ်နေတဲ့ လူက လက်ကို မပေးသည့်အပြင် ရေထဲကို ထိုးငုံ့လိုက်သေးတယ်။ ကျတော်လဲ မနေနိုင်တော့ပဲ....
"မိန်းကလေး.... မိန်းကလေးရဲ့ အဖေက ရေကူးတတ်လား"
"မကူးတတ်ပါဘူးရှင်"
"ဒါဆို ဘာလို့ ရေထပ်ငုံ့လိုက်တာလဲ"
"ကျမလဲ မသိပါဘူးရှင်!"
"ဒါနဲ့ မိန်းကလေးရဲ့ အဖေက ဘာအလုပ်လုပ်တာလဲ"
"တရားသူကြီးပါရှင်"
ကျတော်သဘောပေါက်လိုက်ပြီ...။
"အကိုဖယ်!!"
တံတားပေါ်က ကုန်းပြီး လက်တောင်းနေတဲ့ ဘဲကြီးကို ဖယ်ခိုင်းလိုက်တယ်။
"ဟေ့!!! ရေနစ်နေနဲ့ လူကြီး ကျတော့လက်ကို လှမ်းဆွဲလိုက်ပါ!!!"
အဲ့တော့မှ တရားသူကြီးဟု ဆိုရသူ ရေထဲကနေ ဘွားခနဲ ပေါ်လာပြီး ကျတော့်လက်ကိုဆွဲကာ တံတားပေါ်ကို ပြန်တက်နိုင်ခဲ့တာပဲ ဗျာ။
Original by ###အွပ် တ်
Credit

Comments
Post a Comment