ရွှေချောင်းနဲ့ငွေကြေးများပြန်လည်အပ်နှံမည်ဟု အာဏာရှင်ဟောင်းမိသားစုကမ်းလှမ်း

************************************
တိုင်းပြည်ရဲ့ဘက်ဂျက်လိုငွေပြမှုအား အတိုင်းအတာတခုထိလျော့ပါးသက်သာစေရန် ရွှေချောင်းများနှင့်ငွေကြေးများ ပြန်လည်အပ်နှံလိုကြောင်း အာဏာရှင်ဟောင်းမိသားစုမှ ပြောကြားလိုက်သည်။
နိုင်ငံတော်အား နှစ် ၂၀ ကြာအုပ်ချုပ်စဉ်ကာလအတွင်း ၁၀ ဘီလျံခန့်မတရားရယူထားကြောင်း ပြည်သူအများ၏သံသယဖြစ်ခံရသော အာဏာရှင်ဟောင်း မိသားစုမှ အံ့အားသင့်ဖွယ်ရာ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။
အဆိုပါကမ်းကမ်းလှမ်းမှုအား လက်ခံသွားမယ်လို့လဲ လက်ရှိသမ္မတ မှကြေငြာထားပါတယ်။
"ဒါဟာကြိုဆိုရမဲ့ကိစ္စရပ်ဖြစ်ပါတယ်။တချိန်ကအာဏာရှင်ဖြစ်ခဲ့ပေမဲ့ အခုလိုတိုင်းပြည်အပေါ်စေတနာပြန်ထားတာကတော့ ကောင်းမွန်မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပါတယ်"
ကမ်းလှမ်းသူမှာ အာဏာရှင်ဟောင်းမားကိုစ့် ဖြစ်ပြီး လက်ရှိသမ္မတ မှာ ဒူတာတေဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာပါခင်ဗျ။
Credit
Sarar Ommarထံမှ

Comments
Post a Comment