လည်ထွက်နေတယ်
ခင်ဗျားတို့အထင်လွဲနေတာပါ ဖြစ်စဉ်အစက ဒီလိုပါ .....! ဖြစ်စဉ်ကို သိချင်လို့ ချစ်တင်ကိုသွားမေးတော့ ချစ်တင်ကပြောတယ် သူ ဇီးတော်ဖီတွေ အသစ်မထွင်တော့ဘူးတဲ့ ..: အဲတုန်းက ခင်ဗျားတောင် မမွေးသေးဘူး သီပေါမင်းပါတော်မူတုန်းလောက်ကပေါ့ အရှင်နှစ်ပါးပါတော်မူသွားတော့ သီပေါမင်းက သူမှာထားတဲ့ 92 နဲ့ကွမ်း ၂၀၀ ဖိုးကို မေ့ကျန်သွားလို့ ကျနော်လိုက်ပေးရင်း စဘုရားလတ် ကလဲ သူသုံးနေကျ နေဗီယာ မျက်နှာသစ်ဆေးဗူးလေး ပြတင်းပေါက် ပေါ်မှာတင်ထားတာတဲ့ဆိုပြီး ပြေးယူခိုင်းပြန်တယ် အာ့နဲ့ မမှီမှာဆိုးလို့ စူပါမင်းကို ဖုန်းဆက် ကြည့်တော့ သူမအားသေးဘူးတဲ့ အာကာသမှာ နေကြာစေ့ထိုင်စားနေလို့တဲ့ တော်တော် နောက်တဲ့လူဗျ သက်လား ထီးဘုရားနှစ်ပါးကို မျက်နှာဖြူတွေခေါ်ဆောင်သွားတော့ ဂျူ မှုံလဲ ရောက်လာခဲ့တယ် အလာကောင်းပေမယ့် အခါနှောင်းဆိုသလို သူလာတော့ မြန်မာက ထိုင်းကို 0-3 နဲ့ ရှုံးနေတာ ရစရာတောင်မရှိဘူး ခင်ဗျား မှတ်မိလား ဗိုလ်ချုပ်ကြီး အီဆူမနီဒါကိုလေ အာဗျာ အဲ့လူကြီး ချီးပေါက်တာ အရမ်းအသံကျယ်တာ သူမိန်းမက ကပြားမလေ ဗိုလ်မလို့ခေါ်ကြတယ်လေဗျာ အမယ် အာ့ ပလာတာရိုက်တဲ့ သံလုံးရဲ့ အမအရင်းခေါက်ခေါက်ကြီးတဲ့ဗျာ ဆန်းကျယ်တာပြောပါတယ် ခင်ဗျား ဘာတစ်ခုမှ နားမလည်ဘူးမလား ခုမှစတာ ဂျင်းနီ က ပြောတယ် ဟာဝေယံ ကကျွန်းသားကို ထွင်းပြီး ဂစ်တာ ထွင်လိုက်တယ်ဆိုတာလေ အဲ့သီချင်းကိုဆိုတော့ ရက်ကွက်ထဲက ဦးသောင်းရွှေ က အားကျမခံ ပိတောက်သားနဲ့ အခေါင်းထွင်းလိုက်တယ် တော်တော်ကပ်သီးကပ်သက်နိုင်တဲ့သူ ဒီအကြောင်းတွေကို ရှင်းပြချင်လို့ မိုက်ကယ်ဂျက်ဆင်ကို လိုက်ရှာပါသေးတယ်ဗျာ :( သူမိန်းမ က ပြောတယ် ဗင်လာဒင်နဲ့ သင်္ချိုင်းကုန်းမှာ မုန့်သွားစားတာ ပြန်မလာသေးဘူးတဲ့ မူးရင်းဆြာ ခွဒစ်
Comments
Post a Comment