ဪ အေးပါကွာ
ဆင်းရဲသားတယောက်က နေ့စဉ် မိုးပျံဘောလုံးထဲမှာ စာတကြောင်း ရေးပြီး လွှတ်တင်လေ့ရှိတယ်။
သူရေးတဲ့ စာကြောင်းက ...
"အိုး ... ဘုရားသခင် ! ကျနော့်ကို ငွေ ၅၀၀၀၀ လောက် ပို့ပေးပါ" တဲ့။
သူလွှတ်တင်လိုက်တဲ့ ဘောလုံးက ရဲစခန်းကနေ ဖြတ်ပြီး ပျံတော့ ရဲတွေက ဖမ်းပြီးကြည့်လိုက်တယ်။ အထဲမှာ ရေးထားတဲ့စာကို ဖတ်ပြီး လှောင်ကြပါလေရော။
တရက်တော့ ရဲသားတွေက အဲ့မိုးပျံ ဘောလုံးက စာကိုဖတ်ရင်း အတွေးတခု ဝင်လာတယ်။ ငါတို့ရဲတွေ ပေါင်းပြီး ရသလောက် ကူညီမယ်ပေါ့။ အားလုံးစုလိုက်တာ ၂၅၀၀၀ ရတယ် အစောက
ဆင်းရဲသားကို သွားပေးလိုက်တယ်။
ထုံးစံအတိုင်း နောက်နေ့မှာ မိုးပျံဘောလုံးက ရဲစခန်းကနေ ဖြတ်ပြီးပျံတော့ ရဲတွေက ဖမ်းပြီး ကြည့်တယ်။
ဒီတခါ စာက နည်းနည်း ရှည်သွားတယ်။
သူရေးထားတာကတော့ ...
"အို ... ဘုရားသခင် ! နောက်တခါ ပေးရင် ရဲတွေကနေ တဆင့် မပေးပါနဲ့။ သူတို့က တဝက် ဖြတ်ယူထားပါတယ်" တဲ့။ 😖
Oိာန် ... !
Credit Sputnik

Comments
Post a Comment