" မှတ် တောင် ထား ရ အုံး မယ် "
" မှတ် တောင် ထား ရ အုံး မယ် "
ရွာတောင်ပိုင်းက " မပု " ရဲ့ အရက်ဆိုတစ်ရွာလုံးမှာ အကောင်းဆုံးလို့ သတ်မှတ်ခံထားရတယ် ခရီးသွား ခရီးလာကအစ ရွာက ကာလသားပါမကျန် " သူကြီးဟောင်းဖိုးတင်ထွန်း " အဆုံး ဆိုင်ထဲမှာ တရုန်းရုန်းနဲ့---
" မပု " ကလည်း အတန်းအစားမရွေး ပြေလည်အောင်ဆက်ဆံတတ်သူ အမြည်းမရှိလို့ အိမ်က ချက်ထားတဲ့ ဟင်းအိုး ယူစားသွားတောင်မှ ပြုံးပြုံးလေး ကြည့်နေလိုက်တယ်
" မပု " ဒီရက်ပိုင်းမှာ အရက်သောက်နေသူတွေထဲ သတိထားမိပြီး တစ်ယောက်ကို အကဲခတ်နေတာ
ဒီရွာ အနီးအနား ဟုတ်ဟန်မတူဘူး ရွာအနီးနားကသူတွေဆို ဘုန်းကြီးကျောင်းနဲ့ မိဘအိမ်တာ မရောက်မယ် " မပု " ဆိုင်ကတော့ မရောက်မရှိဘူး
" သူကြီးဟောင်းဖိုးတင်ထွန်း " တောင် အစည်းအဝေးလုပ်ဘို့ လူခေါ်ရင် ဘယ်တော့မှ သူ့အိမ်မှာလူမစုံလို့ " မပု "ဆိုင်မှာ လူစုစရာမလိုဘဲ အစည်းအဝေးအကြိမ်ကြိမ်လုပ်ဘူးတယ်
လူတစ်ယောက် ခရီးသွားမသွား သူ့အိမ်စုံစမ်းတာထက် " မပု" ဆိုင်စုံစမ်းတာက အသေချာဆုံး အဖြေဘဲ ---
အရက်ဆိုင်ကတစ်မျိုး " ကျေးရွာအုပ်ချပ်ရေးမှူးရုံး "တစ်ဖုံ ဘယ်ရွာမှ မရှိသေးတဲ့ ဖြစ်ပုံလို့ ပြောရမှာပေါ့
" မပု " သူ့ကို သတိထားမိတာလဲမပြောနဲ့အခြားအရက်သမားတွေနဲ့မတူဘူး သောက်ရင်လည်း " မပု " ဘေးနားက စားပွဲနဲ့နဲ့မှာ တစ်ယောက်ထဲ သောက်တတ်တဲ့ သူ
မှာတာက အရက်က တစ်လုံး
အရက်ပန်းကန်က သုံးလုံး
" မပု " အတွေးနဲ့ ဘာကြောင့်လဲလို့ စဉ်းစားလို့ကို မဆုံးနိုင်ဘူး ---
ဒါနဲ့ ဒီနေ့တော့ သူ့ပုံစံထူးဆန်းတာမို့ သတိထားကြည့်နေမိတယ် အနီးအနားဆိုတော့လည်း မြင်နေရ ကြားနေရတာပေါ့
အရက်ပုလင်းကိုယူ ဖန်ခွက် ' သုံးခွက် ' လုံးမှာ အညီအမျှ ငှဲ့လိုက်တယ် ---
ငှဲ့ပြီးသား ဖန်ခွက်ကို ကောက်ကိုင်ပြီး ---
"" ဒါက အကို ' ဖိုးအေး ' အတွက် ""
"" ဒါက --- သူငယ်ခြင်း ' ဆန်းဝင်း' အတွက် ""
"" ဒါက ' ငါ့ ' -- အတွက် ""
' သမ 'ဆိုင်က ' ဆန် ' ပေးသလို ခွဲတမ်းကြနဲ့ ပါလားလို့ တွေးပြီး ' မပု ' က ကြည့်ပြီး ပြုံးနေမိတယ်
တစ်ရက်မှာတော့ -----
ထုံးစံအတိုင်း ဝင်ထိုင်တော့ ဖန်ခွက်က ' သုံးလုံး ' အရက်ပုလင်း' ဇီးဖြူသီး ' ဆားရေစိမ်နဲ့ ချပေးလိုက်တဲ့အချိန်----
"" အမ ဖန်ခွက် 'တစ်ခွက် ' ပြန်ယူသွားလိုက်ပါ ' နှစ်ခွက် ' ဘဲ ချန်ထားခဲ့ """
အရင်က ဖန်ခွက်က ' သုံးခွက် 'ချခိုင်းနေကြ ပါပေါ့ သူ့အကို ' ဖိုးအေး'ဘဲ ဆုံးလေသလား သူ့ သူငယ်ချင်း ' ဆန်းဝင်း ' ဘဲဆုံးလေသလား
ဖန်ခွက်က' နှစ်ခွက် ' ထဲဆိုတော့
တစ်ခုခုတော့ တစ်ခုခုဘဲ ""' မပု ' တွေးနေမိတယ် ကိုယ်မှာလည်း ဆိုင်က လူများနေတော့ဝိုင်းကူမယ့်သူက ဒီနေ့မှ မလာ သူ့ကိုတော့ အကဲပြီး ကြည့်ချိန်မရလိုက်ဘူး
"" ပိုက်ဆံရှင်းမယ်ဗျိုး ""
လှည့်ကြည့်လိုက်တော့
" ခွက်သုံးခွက်နဲ့ ပုလင်းမင်းသား ""
' မပု ' စိတ်ထဲမှာ မနေနိုင်တော့ဘူး
ပိုက်ဆံလှမ်းယူရင်း ---
"" ဟို -- ငါ့မောင် ---မောင်ငွေ
' အမ ' မသိတာလေး တစ်ခု မေးပါရစေ
' ဟုတ် !! မေးပါ အမ "
" မင်းကို သတိထားမိနေတာကြပါပြီ
' အကို ' နဲ့ ' သူငယ်ချင်း ' အတွက်ပါ အဝေးကနေ သတိတရ ရှိနေတာ ' အမ ' တွေ့နေရတယ် """"
"" ' အမ ' နေ့စဉ် ဖန်ခွက် ' သုံးလုံး ' ချပေးနေကြ ဒီနေ့ -- ဖန်ခွက်ကို ' နှစ်လုံး ' ဘဲချပေးရတာကို သတိထားလိုက်မိတယ် ""
"" ' အမ ' စိတ်မကောင်းဖြစ်နေတာက မင်း ' အကို ' ဒါမှ မဟုတ်
မင်း !!သူငယ်ခြင်း တစ်ခုခုဖြစ်ပြီး ဆုံးပါးသွားတာလားကွယ့် "'
"" မဟုတ်ပါဘူး ' အမ '
အဖြစ်က ဒီလိုဗျ ကျွန်တော်က ' ဝါတွင်းမှာ ဝါလ ဝင်ပြီဆို အရက်ဖြတ်နေကြ ""
ဒီနေ့ -- ' ဝါ ' စဝင်တဲ့နေ့လေ
ကျွန်တော်က အရက်ဖြတ်ထားလို့ ဖန်ခွက်':တစ်လုံး ' မတောင်းတော့ တာပါ ""
"" အခုသောက်နေတာက --
ကျွန်တော့ ':အကို ဖိုးအေး ' နဲ့
'သူငယ်ခြင်း ဆန်းဝင်း ' အတွက်ပါ
အေ့ -- အေ့ -- ' အမ ' ရှင်းပါတယ်နော် ""
' မပု ' လည်း ဒယီးဒရိုင်နဲ့ ထွက်သွားတဲ့ မောင်ငွေ
သူ့ကြောပြင်ကိုကြည့်ပြီး ---
"" အ မ လေး ဟဲ့ --- အံ့ ပါ ရဲ့ ""
""တော်လိုက်တဲ့ အရက်သမား ငါ့ တသက်ကြုံဘူးပေါင်--""
"'မှတ်တောင် ထားရအုံးမယ်တော့
မှတ်တောင်ထားလိုက်ရအုံးမယ် ""
Credit original writer
Natkan Temple

Comments
Post a Comment