ဆိုဒ်က အတူတူပဲလေ
မိုးက အေးပြီဆို
ရှူးက ခဏခဏ ပေါက်ချင်တာ..
ခုလည်း
ရှူးက တအားပေါက်ချင်..
အိမ်သာကလည်း လူရှိနေလို့..
ခြံထောင့်လေးမှာ ထိုင်ပြီး လွှတ်နေတုန်း..
'' မောင်လေး..မောင်လေး ''
'' ဟ..ဘာလဲဟ ''
သောက်ကျိုးနည်း..ဘေးခြံက အပျိုကြီး..
သူများ ရှူးပေါက်နေတာကို
အလိုက်ကန်းဆိုးမသိ..လာခေါ်နေတာ..
သူ့အသံကြားတော့
ကျုပ်လည်း ယောင်ပြီး ထ လိုက်တာ..
ပုဆိုးတွေ ရွှဲကုန်ရော..
'' ငိုးမ သွားပါပြီကွာ ''
ဒါကို ဒင်းက မသိသေးဘူး
'' မောင်လေး..လို့ ''
ကျုပ်လည်း စိတ်က တိုနေတော့
ခပ်ပြတ်ပြတ်ပဲ ထူးလိုက်တယ်
'' ဘာတုန်း''
ဒီတော့..သူက
'' ဟိုလေ..မောင်လေး အားလား ဟင်''
ကျတော်လည်း ခပ်ပြတ်ပြတ်ပဲ
'' မအားဘူး..သေးပေါက်နေတာ..''
'' အို..''
'' မအိုနဲ့. ဒီမှာ ခင်ဗျားလုပ်လို့..လန့်ပြီး ထ လိုက်တာ..ပုဆိုးတွေ စိုကုန်ပြီ ''
သူမက အားနာစွာဖြင့်..
'' တောင်းပန်ပါတယ်ကွယ် ..အစ်မ မသိလို့ပါ ''
'' ထားပါတော့..ခုက ဘာကိစ္စလဲ? ''
'' ဟိုလေ..မောင်လေး အားရင်..မမကို တစ်ချက်လောက် သွင်းပေးပါလား ''
'' ဗျာ....''
ဒီအပျိုကြီး ဘာတုန်း..
နေ့ခင်းကြောင်တောင်ကြီး ။
'' လုပ်ပါ မောင်လေးရယ် ။ မမမှာ အားမရှိတော့လို့ပါ ''
'' ဟာဂျာ..လုပ်ရဲဘူးဗျ ။ အမေ ဆူလိမ့်မယ် ''
'' ဘာလို့ ဆူမှာလဲ? ..ဖုန်းအား သွင်းတာပဲ ''
'' ဗျာ..ဖုန်းအားသွင်းတာ..''
'' ဟုတ်တယ်လေ..မမ ဖုန်းအားသွင်းကြိုးက အငယ်မ ယူသွားလို့ ။ အဲ့ဒါ မမဖုန်းကလည်း အား လုံးဝ မရှိတော့လို့ ။ မောင်လေးဆီက အားသွင်းကြိုးနဲ့ ခဏလောက် သွင်းပေးပါလို့ ''
'' ဪ..ဖုန်းအားသွင်းခိုင်းတာ..''
'' ဟုတ်တယ် ဆို ''
'' ဪ..ဟုတ်ကဲ့ ဟုတ်ကဲ့။ ရပါတယ် ။ ပေးပေး..''
ငိုးမ အပျိုကြီး
စကားကို ရှင်းရှင်း မပြောဘူး
လူကို လန့်အောင် လုပ်တယ်..
ဒါနဲ့
သူ့ဖုန်းလေး ယူပြီး
ကျတော့်ကြိုးနဲ့ အားသွင်းကြည့်တော့..
မရဘူး။
'' အစ်မရေ..အစ်မ ''
'' အေး..မောင်လေး..ရလား ''
'' မရဘူး အစ်မ ။ အစ်မအပေါက်က ကျယ်နေတယ် ။ ကျတော့်ခေါင်းနဲ့ တပ်တာ မရဘူး ''
'' အို..ဟုတ်လား..။ အပေါက်အားလုံးက..တူတူပဲ မဟုတ်ဘူးလား ''
'' မတူဘူး အစ်မ ။ အစ်မဟာက ကျယ်နေတာ..ကျတော့်အတံက သေးသေးလေး..ဒီမှာ ကြည့် ''
ကျတော်က ကျတော့်ဖုန်းအားသွင်းကြိုးခေါင်းနဲ့ သူ့ဖုန်းအပေါက်ကို စွပ်ပြလိုက်တယ်..
'' အေး.. ဟုတ်တယ်နော် ။ ဒုက္ခပါဘဲကွယ် ။ အားက မရှိပါဘူးဆို ။ အစ်မက အပေါက်အားလုံး အတူတူပဲ မှတ်တာ..''
'' ဟုတ်..မတူဘူး အစ်မရဲ့ ။ တစ်ချို့က နည်းနည်း ကျယ်တယ်.''
'' အေးပါကွယ်.. မရတော့လည်း ဘာတတ်နိုင်မလဲ..။ ကျေးဇူးပါနော် ''
'' ဟုတ်ကဲ့.။..ဟိုလေ.. အစ်မ.. အရေးကြီးရင်..အစ်မတို့ ခေါင်းရင်းအိမ်က ဦးလူပျိုကြီးဟာနဲ့ သွင်းကြည့်ပါလား..''
'' အေးအေး..ဟုတ်သား ။ သူလည်း အစ်မလို ဖုန်းနော်။ ဟုတ်ပြိီ ဟုတ်ပြီ။ ကျေးဇူးပဲကွယ် ။ သူ့ဟာနဲ့ဆို အဆင်ပြေလောက်တယ် ''
'' ဟုတ် ဟုတ် ''
အပျိုကြီးက ပြောရင်း
ခေါင်းရင်းအိမ်က ဦးလူပျိုကြီးနဲ့ သွားညှိနေလေရဲ့..
ရမှာပါ..ကျတော်သိတယ်။ ဆိုဒ်က အတူတူပဲလေ
😁😁😁😁😁😁😁
(ဟာသအဖြစ်သာ ရည်ရွယ်သည်)
#လူချွန်တော်
Credit

Comments
Post a Comment