ကျွန်မက ဟိုဟာပါမောင်..

ကျွန်မက ဟိုဟာပါမောင်..

တစ်ချို့တွေက နှိုက်မြည်း..
တစ်ချို့တွေက အကြိုက်တီးကြလည်း..
အပြုံးမပျက် ပေးဆပ်ရသူပါမောင်။
တစ်ချို့တွေက ရိုးရိုး..
တစ်ချို့တွေက ပစ္စည်းဆန်းတွေ ထိုးထည့်လည်း..
ခေတ်နဲ့အညီမို့ ခံရသည်ပေါ့ မောင်။
အရသာ ခပ်ပြဲပြဲဖြစ်လည်း..
အဆီအနှစ်တစ်ရွှဲရွှဲကြောင့်မို့..
သိပ်ကဲတဲ့သူတွေက လျှာသပ်အာသပ်နဲ့.
ကောင်းလိုက်တာလို့ ပြောတတ်ပါရဲ့မောင်။
အချိန်ကာလ ဘယ်ကစမှန်းမသိပေမယ့်..
ဘူတာရုံနံဘေးနဲ့ ကားဂိတ်ကြီးတွေမှာလဲ..
ကျွန်မတို့ကို အလွယ်ပဲ ရှာတွေ့နိုင်ပါတယ် မောင်..
ကြည့်ပြီးဝယ်တဲ့သူရှိသလို..
မြည်းပြီးမှ ၀ယ်သူတွေလဲ ရှိပြီး..
တစ်ချို့ကတော့ မတရားကြီး ဈေးနှိမ်ကြတယ်မောင်။
အရမ်းကြိုက်သူတွေက..
မကြာခဏ လာဝယ်ကြပေမယ့်လည်း..
အလွန်ဆုံး သုံးရက်ပါပဲမောင်။
ရှိသမျှတွေအကုန်စား..
ဝတဲ့အခါ ထားခဲ့တာတော့..
ကျွန်မအတွက် ရိုးနေပါပြီမောင်။
ကံစီမံရာ အလိုကျ ပေးဆပ်ရ ဒီဘ၀မှာ..
ကျွန်မက ဟိုဟာပါမောင်..
မန္တလေးက နာမည်ကြီးထိုးမုန့်ကြီးပါ မောင်။
Anyway
Congratulation Mg!!!

Comments