“အို​လေ့ကွယ်​..သန်ပြီလားလေ.. ဘာသန်သလဲ မမေးနဲ့”

ကျနော့်​ဘေးခန်းက..အမျိုးသမီးဟာ ..
အသက် ၃၅ ၀န်းကျင်ရှိပေမယ့်
ဘော်ဒီအတော်လှတယ်ဗျာ။
သူ့ယောင်္ကျားက ..အိမ်မကပ်ဘူးဗျ။
သူမကိုတစ်ယောက်ထဲပဲ တွေ့ရလေ့ရှိတယ်။

ဒီ​နေ့မနက်တော့ ..တိုက်တိုက်ဆိုင်ဆိုင်
အခန်းတံခါးကို လာ​ခေါက်​ပါ​လေ​ရော..

“ရှင့်ဆီက ...အကူအညီ တစ်ခုလောက်
လိုချင်လို့ပါ”

“အိုး..ဟိုး..ဟိုး ..သိပ်ရတာပေါ့
ကူညီဖို့ အဆင်သင့်ပါပဲဗျာ”

“အို ဘာပြောရမှန်းတောင် မသိတော့ပါ
ဘူးရှင်။
ကျမက ဖွင့်ပြောလိုက်ပြီး ရှင်က
စိတ်မ၀င်စားဘူးလို့ ပြောလိုက်ရင်
ကျွန်မတော့ ရှက်လို့ သေမှာပဲ”

“ဟုတ်ကဲ့...ဒါမျိုး နားလည်ပေးပါတယ်။
ပြောပါ။ ပွင့်ပွင့်လင်းလင်းသာပြော၊
 နှုတ်လုံပါတယ်”

“ရှင်သိတဲ့.....အတိုင်းပဲလေ။
ကျွန်မ ..အမျိုးသားကခရီးသွားနေတာ
သုံးပတ်လောက် ရှိပြီ”

“ဟုတ်ပါ့ဗျာ...သတိထားမိပါတယ်။
သူက ...အိမ် သိပ်မကပ်ဘူးနော်”

“မှန်ရာကိုဝန်ခံရရင်...
အိမ်မှာ သူရှိနေလည်း ...
သူက သိပ်ပြီး သန်စွမ်းတာ..
မဟုတ်ဘူးရှင့်​ ..”

“အိုး ..ပေါက်ပြီ ..ပေါက်ပြီ။ မင်းဟာ ...
သိပ်ကို သနားဖို့ ကောင်းတာပါပဲလား။
ကြိတ်ပြီး ခံစားနေရမှာပဲနော်။
မျှော်လင့်သလို ဖြစ်မလာတဲ့အခါ ...
မင်းအတွက်အရမ်းခက်ခဲမယ်ထင်ပါရဲ့”

“ရှင်ကတော့... သူထက်ပိုပြီး သန်စွမ်း
မယ်ဆိုတာ ကျွန်မ ခန့်မှန်းမိပါတယ်”

“အို​လေ့ကွယ်​..သန်ပြီလားလေ..
ဘာသန်သလဲ မမေးနဲ့”

“ဒါဆို ရှင်..ကျွန်မကို  အခုကူညီနိုင်မှာ
လားဟင်...”

“ဂယ် ....အခုလား။ အိုကေ..
မင်းဘက်က အဆင်ပြေရင်
ကိုယ့်ဘက်က အဲဗားရယ်ဒီပါပဲ
မိန်းက​လေးရယ်​.."

“ကံကောင်းလိုက်တာ..ကျေးဇူးပါပဲရှင်။
 ဒါကြောင့်မို့ ရှင့်ဆီ ကျွန်မလာခဲ့တာပေါ့။
အားကိုးပါတယ်ရှင်၊ အိမ်က ပျက်နေတဲ့
အဲကွန်းကို ဟိုဘက်လမ်းက ပြင်တဲ့ဆိုင်
ဆီ ...မပြီး သယ်ပေးပါလားရှင်”

"​ဟေ.." 

Credit

Comments