ဖိုး(ဘိန်းဖြူ)သမားဖြစ်သွားတာကိုးဗျ

ကျတော်က ကွမ်းအရမ်းစားတယ်။
ကျတော့် ကောင်မလေးက ကွမ်းစားတာမကြိုက်တော့
ကွမ်းကို ဘယ်ဖြတ်ရမလဲစဉ်းစားတယ်။

ဒါနဲ့ ကျတော် ဆေးလိပ်နဲ့ ဖြတ်တယ်။
ဆေးလိပ် တအားသောက်တော့ ချစ်သူက အဆုတ်ကင်ဆာဖြစ်မယ်ဆိုပြီး ဆေးလိပ်ဖြတ်ခိုင်းပြန်ရော။

ဒါနဲ့ဆေးလိပ်ကို အရက်နဲ့ ဖြတ်လိုက်တယ်။
အောင်မြင်တယ်။ ကျတော် အရက်ပဲ သောက်ဖြစ်တော့တယ်။
ချစ်သူက အရက်သမားကို မကြိုက်နိုင်ဘူးဆိုပြီး ပြောလာတယ်။

ဒါနဲ့ပဲ အရက်ဖြတ်ဖို့ နည်းလမ်းရှာတယ်။
အရက်ကို ရာမဆေးပြားနဲ့ ဖြတ်ကြည့်တယ်။
အဆင်ပြေသွားတယ်။ ဒါပေမဲ့ ချစ်သူက ကျတော့်ကို နောက်ဆုံး အခွင့်အရေးအနေနဲ့ ရာမကို ဖြတ်ခိုင်းတယ်။
ရာမဖြတ်နိုင်ရင် လက်ထပ်မယ်လို့ ပြောလာတယ်။

အခုတော့ ချစ်သူစကားကို နားထောင်ပြီး ရာမ ဖြတ်နိုင်ခဲ့တယ်။
ကွမ်းလဲ မစားတော့ဘူး။
ဆေးလိပ်လဲ မသောက်တော့ဘူး။
အရက်လဲ မသောက်တော့ဘူး။
ရာမလဲ မချတော့ဘူး။

ဒါမေမဲ့ဗျာ....
သူမ ကျတော့်ကို လုံးဝကြီး အဆက်ဖြတ်ပြီး ထားခဲ့တယ်။
ကျတော်က ...
 ဖိုး(ဘိန်းဖြူ)သမားဖြစ်သွားတာကိုးဗျ။

Original by ###အွပ် တ်
Credit

Comments