မှတ်​ပြီလားခွီး

ကဖိုးချမ်း အင်ဂျင်နီယာဖြစ်ဖို့ ကျောင်းတက်တော့ လက်တွေ့သင်တန်းချိန်မှာ ဆရာက သူ့ကို ရဲဒင်းတစ်လက်လုပ်ခိုင်းပါတယ်။

”ရော့…ဟောဒီသံတုံးကိုအရည်ကျိုပြီး ရဲဒင်းတစ်လက်လုပ်ပြ”

ကဖိုးချမ်းက စာသင်ချိန်မှာ ဖွန်ပတ်ကြောင်နေသူဆိုတော့ ဘယ်လိုလုပ်ရမလဲမသိဘူး။ ဒါနဲ့ သံတုံးကြီးကို ဘော်တယ်ဆိုင်မှာသွားရောင်းပြီး ရှိစုမဲ့စု သူ့အသုံးစရိတ်ထဲက ငွေနည်းနည်းစိုက်လို့ ရဲဒင်းတစ်လက်ဝယ်လာလိုက်တယ်။ ပြီးတော့ ရင်လေးကော့ပြီး ဆရာကိုပြလိုက်ပါတယ်။

ဆရာက ငါးခူပြုံးလေးပြုံးပြီး ကဖိုးချမ်းကိုပြောလိုက်တယ်။

”တကယ်တော်တဲ့တပည့်ပဲ၊ လက်ရာသေသပ်လိုက်တာ၊ ဒါမျိုးနောက်ထပ် ရဲဒင်း ၂၀၀ လုပ်ပေးကွာ”

😛

😛

ရဲစတိုင်း
Credit

Comments