#မြန်မာနိုင်ငံကဘဏ်ဝန်ထမ်းများအကြောင်း 😁
#မြန်မာနိုင်ငံကဘဏ်ဝန်ထမ်းများအကြောင်း 😁
ဧရာဝတီဘဏ်ထဲ ဝင်သွားရင်
ကိုယ့်ဆွေမျိုးအိမ်ထဲ ဝင်သွားရသလို ခံစားရတယ်။
(ဖော်ရွေလွန်းလို့)
စီဘီဘဏ်ထဲ ဝင်သွားရင် ကိုယ့်သူငယ်ချင်းတွေအိမ်ထဲ
ဝင်သွားရသလို ခံစားရတယ်။
(မျက်လုံးချင်း ဆုံရင် ပြုံးပြကြတယ်)
ကမ္ဘောဇဘဏ်ထဲ ဝင်သွားရင်
ကိုယ့်အကြွေးရှင် အိမ်ထဲ ဝင်သွားရသလို ခံစားရတယ်။
(ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်ချင်တာကို အသနားခံပြီး
ကြည့်နေရတာ ကိုယ့်နာမည် ဘယ်အချိန်အော်မလဲလို့)
ရိုးမဘဏ်ထဲကိုဝင်သွားရင်တော့
အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေးစင်တာ
ဘိုးဘွားရိပ်သာကိုရောက်သွားလိုခံစားရတယ်။
မြန်မာ့ရှေ့ဆောင်ဘဏ်ထဲရောက်ခဲ့ရင်တော့
သဘောတူထားသော ယောက္ခမအိမ်အလည်သွားရတဲ့
သတိုးသားလောင်းအလား အားလုံးကဖက်လှဲတကင်း
ဖော်ဖော်ရွေရွေ ။
ထွန်းဖောင်ဒေးရှင်းဘဏ်ထဲ မတော်တဆများ ရောက်ခဲ့ရင် အပျိုကြီးတွေနေတဲ့အဆောင်ထဲ ရောက်ခဲ့သလို
ယောင်ချာချာ ကြောင်တောင်တောင် ခံစားနေရတဲ့အနေအထား ။
မြန်မာ့စီးပွားရေးဘဏ်ထဲဝင်သွားရင်တော့
အမေဇုံတောနက်ကြီးထဲက အသားစားလူရိုင်းတွေအကြား
ရောက်သွားသလိုပဲ ခ်ခ်😜
ဟာသ သဘောနဲ့ ရေးထားခြင်း ဖြစ်ပါသည်။
😁😁😁
မူရင်းရေးသားသူ (လေးစားမှုဖြင့် ခရက်ဒစ်)

Comments
Post a Comment