လစာအကုန်သိအောင်လုပ်တဲ့နည်းလေ"

Credit

ညားခါစလင်မယားနှစ်ယောက် ပထမဆုံး
လစာထုတ်သည့်နေ့က ခန့်မင်းညိုအိမ်ပြန်ရောက်တော့
Grand ရွှေပတ်လေး ထောင်ပြီး
အသင့်စောင့်မျှော်နေသော မိန်းမဖြစ်သူ

"ကျား ကျား"

"ဟဲ့ ပလုပ်တုတ် ဘယ်မှာလဲ"

"ကျား ကျား လို့စ်" ဆိုပြီး ကျော့်ကို လက်ညှိုးထိုးလို့ရယ်

"ငင့် ဘာလည်းဟ"

ရုံပတီသီးတောင် အဖေခေါ်ရလောက်သည့်
ပြစ်ချွဲချွဲအသံဖြင့် အခေါ်အဝေါ်တွေတောင်
ပြောင်းလို့ပါလား

ဒင်း ပုံစံအရင်ရက် ဒီတိုင်းမဟုတ်
အင်း တစ်ခုခုတော့ တစ်ခုခုပဲ

"ကျား ကျား သောက်ဖို့ မိန်းမ အဆင်သင့်လုပ်ထားတယ်"

တစ်ခါမှဒါမျိုး မတိုက်စဖူးဆိုတော့ကာ
ထီပြေးထိုးရမည့်ကိန်းပင်

"ဝါရှောင်ထားတယ်လေ ရှလွတ်"

"ဟင် ဒါဆို မသောက်ဘူးပေါ့"

"ဟုတ်ဘူး သောက်မှာ"

ဒါမျိုးက နှစ်ခါငြင်းလို့ကောင်းသည့်
အရာမဟုတ်

"သြော် ဒါများ အိုက်တင်ခံနေသေး အမြည်းကတော့ ရှိတာလေးနဲ့လုပ်ထားတယ်နော် ကျား ကျား"

"အင်းပါ အရက်သမားအစစ် ဆိုတာ လျှက်ဆားရှိယင်တောင်ရတယ်"

"သြော် သြော် ဒါဆို လျှက်ဆားနဲ့လဲပေးမယ်လေ အမြည်းကိုတော့ နောက်နေ့ဟင်းအဖြစ်သိမ်းလိုက်တော့မယ်" ဆိုပြီး ပြောလည်းပြော သိမ်းမယ်လုပ်တော့

"မနည်းတားထားရတယ်"

"အော် မိန်းမရယ် စကားအဖြစ်ပါ ဒါနဲ့ပဲ မြည်းမယ်နော် နော် လျှက်ဆားနဲ့မြည်းလိုက်ယင် မိန်းမစေတနာကို စော်ကားရာရောက်မှာပေါ့"

"အင်းပါ ဒါဆိုလည်းပြီးတာပဲ သောက်တော့လေ ကျား ကျား"

"လစာအပ်အုံးမယ်လေ မိန်းမ"

"သြော် ကျား ကျား ရယ် မတွေ့ရမဲ့လူတွေကျနေတာပဲ"

"မနက်မှအပ်တော့"

"အော် အင်း ဒါဆို သောက်ပြီနော်"

မသောက်ရတာကြာတော့ အရသာရှိပ
နိမ့်သဟ ယမကာစည်းစိမ်အပြည့်
မိန်းမက ငှဲ့လိုက်
ကျော် က သောက်လိုက်ပဲ

ပုလင်းတစ်ဝက်ကျိုးတော့ လူလည်းတော်တော်မူးလာပြီ
ထိုအခါမှ မိန်းမဖြစ်သူက သူ့အကြံအတိုင်း
အကောင်ထည်ဖော်တော့သည်

"ကျား ကျား"

"ပြော မိန်းမ အေ့"

"ကျား ကျားက ရသမျှ လစာအကုန် မိန်းမကိုအပ်တာလား ကျား ကျား သုံးဖို့တောင် မချန်ဘူးလားဟင်"

"ဟာာာာ တုံးလှချည်းလား မိန်းမ အပ်စရာလား"

ဒင်းတော့ မနက်မှတွေ့မယ်
ဟင်းးး နော် ဟင်းးးးးး

"ဒါဆို အသေးသုံးလေးဘာလေး ယူထားတယ်ပေါ့"

"အင်း"

"ဘယ်မှာ ဝှက်ထားခဲ့တာလည်းဟင် ကျား ကျား"

"ဆိုင်မှာ"

"ဟင် ဆိုင်မှာဘယ်လိုထားမှာလဲ ကျား ကျား ရဲ့"

"တုံးလှချည်းလား မိန်းမရယ် ဆိုင်မှာကြိုပေးစနစ်နဲ့ ပေးထားတယ်လေ အေ့"

ပြောလည်းပြော မိန်းမဖြည့်ထားတဲ့ တစ်ခွက်ကို
မော့သောက်လိုက်ကာ

"ကလု ကလု"

"ဘယ်လောက်တောင် ပေးထားတာလည်း ကျား ကျား"

"ငါးသောင်း"

ဟယ် ငါးသောင်းတောင်
ဒင်းတော့လား မနက်မှတွေ့မယ်
နေနှင့်အုံးပေါ့

"ကျား ကျား လစာက အကုန်အပ်တော့ ဘယ်က ငါးသောင်းရတာလည်း"

"တုံးလှချည်းလား မိန်းမ overtime ကြေးတို့ ဘောက်ဆူးတို့ကို အတိအကျမပြောထားဘူးလေ အဲဒီထဲကဘတ်တာ သိပြီလား"

"သြော် သြော် ဂလိုလား ဆိုင်ကဘယ်ဆိုင်လည်း"

"ရုံးနားက အရက်ဆိုင်"

"နောက်ရော ကျား ကျား ကျန်သေးလား ဘတ်ထားတာ"

"တုံးလိုက်တာ မိန်းမရယ် အသေးသုံးဘတ်ထားတာ ရှိပဗျာ"

"သြော် ဘယ်ထဲက ဘတ်တာလည်းလစာထဲကလား"

"ဟုတ်ဘူး ရုံးကနယ်ဆင်းလို့ပေးတဲ့ ထမင်းစရိတ်ထဲက"

"ဒါဆို မိန်းမဆီက ထမင်းစရိတ်ယူတာက"

"တုံးလှချည်လား အဲဒါက ဘတ်ငွေ ဘတ်ငွေ အစစ်"

"ဟင်းးးးးးးးး နော်"

မနက်တော့ ဒင်း ဗိုက်ခေါက်
ပြတ်ဖို့သာ ပြင်ထား

မနက်ရောက်တော့ ဒင်း လည်း
အိပ်ချင်မူးတူးနဲ့ ထလာပြီး

"ရော့ မိန်းမ လစာ"

"ဟိုရုံးဘေး အရက်ဆိုင်က ကြိုပေးစနစ်ပေးထားတဲ့ငွေပါအပ်ပါ ရှင့်"

"ငင့် မိန်းမ မင်းအကြားအမြင်ရနေတာလား"

"တုံးလှချည်းလား ယောကျာင်္း" ဆိုပြီး
ဗိုက်ခေါက်လေးဆွဲလိုက်တော့

"အား လား လား ဟိုလေ အဲဒါက နှစ် နှစ်သောင်းထဲပါ မိန်းမ"
စကားတွေတောင် ထစ်ကာဖြင့်ရယ်

"ဟဲ ဟဲ ဘတ်ကီးမရိုက်နဲ့ ငါးသောင်းမဟုတ်လား"

"ဟင် သိနေတယ် အကြားအမြင်များ ရနေသလားမှတ်ရ"

"သြော် ဒါနဲ့ ဟိုနယ်ဆင်းထမင်းစရိတ်ပါ အပ်နော် ယောကျာင်္း" ဆိုပြီး နောက်တစ်ခါ ထပ်ဆွဲပြန်တော့

" အား ဘယ်နယ်ဆင်း ထမင်းစရိတ်လည်း ယောကျာင်္းဖြင့် မသိပါဘူး"

"ဂျင်းမထည့်နဲ့ ယောကျာင်္း ရုံးကထုတ်ပေးတာလေး"

"ငှယ် သိနေပြန်ပြီ"

"ဟဲ ဟဲ တုံးလှချည်းလား ယောကျာင်္းရယ် အင်းလေ တုံးလို့လည်း မိန်းမ တိုက်တဲ့ Grand သောက်တာပေါ့"

"ငှယ် ဒါဆို"

"ငါးထောင်လောက် အရင်းပြု ပြီး လစာအကုန်သိအောင်လုပ်တဲ့နည်းလေ"

"ဗျာ"
~~~~~~~~~~~~~~~~~~~~~~~
#ခန့်မင်းညို
credit pyethant

Comments