အဲဒါဆို မင်းအခြောက်ပေါ့ကွာ
ဂျင် နဲ့ ဘော့ ဆိုတဲ့ သူငယ်ချင်းနှစ်ယောက် ရှိတယ်။
သူတို့ကလယ်သမားတွေဖြစ်ကြတယ်။
တနေ့ဘားမှာ သူတို့ဘီယာ ထိုင်သောက်နေကြရင်း
ဂျင်က စကားစပြောတယ်
"ငါပညာမတတ်တဲ့ ဘဝက်ုစိတ်ကုန်နေပြီ
မနက်ဖြန်ကစပြီး ပညာတတ်ဖြစ်အောင်
ငါသင်တန်းတစ်ခုခု သွားတက်မှရတော့မယ်"
နောက်နေ့မှာ ဂျင်ဟာ ဒေသကောလိပ်မှာ
သင်တန်းတက်ဖို့ စာရင်းသွားသွင်းတယ်။
အဲဒီက တာဝန်ရှိပုဂ္ဂိုလ် ကျောင်းဆရာနဲ့တွေ့တယ်။
ကျောင်းဆရာက ပြောတယ်၊
"ခဗျား သင်္ချာဘာသာ အင်္ဂလိပ်စာ သမိုင်းဘာသာနဲ့
ယုတ္တိဗေဒ စုစုပေါင်းလေးမျိုး သင်ယူရလိမ့်မယ်"
ဂျင် - ယုတ္တိဗေဒဆိုတာ ဘာကြီးလဲ?
ကျောင်းဆရာ - ယုတ္တိဗေဒဆိုတာ အကျိုးအကြောင်း
ဆင်ခြင်စဉ်းစားတွေးခေါ်နိုင်စွမ်းလို့ခေါ်တယ်
ဥပမာတစ်ခုပေးမယ် ခဗျားမှာသစ်ခွပင်ရှိလား
ဂျင် - ဟုတ်ရှိတယ်
ကျောင်းဆရာ -သစ်ခွပင်ရှိရင် ခဗျားမှာ
သစ်ခွစိုက်တဲ့ခြံရှိရမယ်၊
ဂျင် - ဟာ ခဗျားဘယ်လိုလုပ်သိလဲ.?
ကျောင်းဆရာ - အဲဒါ ယုတ္တိဗေဒ ဘာသာရဲ့အစွမ်းပဲ
ခဗျားမှာ သစ်ခွခြံရှိရင် အိမ်လဲရှိရမယ်၊
ဂျင် - သိပ်ဟုတ်တာပေါ့ ကွက်တိပဲ
ခဗျား ဘယ်လိုလုပ်သိသလဲ.?
ကျောင်းဆရာ- ယုတ္တိဗေဒဘာသာရပ် အစွမ်းပဲ
ခဗျားမှာ အိမ်ရှိရင် မိသားစုလဲရှိရမယ်၊
ဂျင် - သွေးထွက်အောင် မှန်သဗျာ..
ကျောင်းဆရာ- မိသားစုရှိရင် ခဗျားမှာ မိန်းမရှိရမယ်
ဂျင် - ဒါလည်း ကွက်စတိ မှန်တယ်ဗျာ..
ကျောင်းဆရာ - ခဗျားမှာ မိန်းမရှိတဲ့အတွက်
ခဗျားဟာ အခြောက်မဟုတ်ဘူး၊
ဂျင် - ဆရာ ကျနော့်မှာ သစ်ခွခြံလေးရှိတာသိရုံနဲ့
ကျနော့်အိမ်ရှိတာရော မိသားစုရှိတာတွေရော
နောက်ဆုံးဗျာ အခြောက်မဟုတ်မှန်းသိနိုင်တာ
အံသြတယ်ဗျာ၊
ကျနော် ဆရာ့သင်တန်းကိုတက်မယ်ဗျာ၊
ဂျင်ဟာ သူ့သူငယ်ချင်း ဘော့ဆီ ပြန်ပြေးသွားတယ်။
ဂျင် - သူငယ်ချင်းရေ ငါ ကောလိပ်မှာ
ဘာသာရပ် လေးမျိုးသင်တန်းတက်မယ်ကွာ၊
ဘော့ - မင်းက ဘာတွေတက်မှာလဲကွ
ဂျင် - သင်္ချာဘာသာ အင်္ဂလိပ်စာ သမိုင်းဘာသာနဲ့
ယုတ္တိဗေဒ ဘာသာရပ်
ဘော့- ယုတ္တိဗေဒ ဆိုတာဘာလဲ
ဂျင် - အေး ယုတ္တိဗေဒဆိုတာ ဥပမာ ငါပြောပြမယ်
မင်းမှာ သစ်ခွခြံရှိလား
ဘော့ - အေး မရှိဘူးကွ
ဂျင် - အဲဒါဆို မင်းအခြောက်ပေါ့ကွာ
😁😁😁
Credit - Internet adult jokes
Translated by knowledge sharing of Johnathan

Comments
Post a Comment