သေတာတောင် မိသားစုအတွက် ပိုက်ဆံရှာပေးသွားလိုက်သေးတယ်"
တစ်ခါ…
ရှေ့နေကြီးချမ်းမ သည်
တောမြို့လေးတစ်မြို့သို့ တာဝန်ကျလေသည်။
နှစ်အနည်းငယ်မျှ…
တာဝန်ထမ်းဆောင်ပြီးသောအခါ
ဒေသခံများနှင့် ရင်းနှီးမှု ရရှိလာခဲ့သည်။
သို့သော်…
မကြာမီပင် စိတ်မချမ်းမြေ့ဖွယ်အဖြစ်နှင့် တိုးလေသည်။
ယင်းကား…
ကုသ၍မရတော့သော
နာတာရှည်ရောဂါတစ်ခု စွဲကပ်လာခြင်းပင်။
သူသည်…
အပြန်ပြန်အလှန်လှန်စဉ်းစား၍
ယင်း၏မိဘများထံသို့ စာတစ်စောင်ရေးကာ
ဒေသခံအချို့ကို သူမသေမီ ခေါ်ယူတွေ့ဆုံလေသည်။
ထိုအထဲတွင်…
သူတာဝန်ကျရာ မြို့ကလေး၏ မြို့ဝန်လည်းပါ၏။
သူ့အနေနှင့်…
ရာဂါကျွမ်းနေပြီ ဖြစ်ကြောင်းနှင့်
မိမိသေမှ သူရေးထားသောစာကို
မိဘများထံ ပို့ပေးပါရန် တောင်းဆို၏။
နောက်ထပ်…
ထူးခြားသော တောင်းဆိုမှုကား
သူသေဆုံးပါက သူ့အလောင်း၏ စအိုဝအတွင်းသို့
သစ်သားသပ်အလုံး ခပ်ကြီးကြီးတစ်ချောင်း ရိုက်သွင်း
ပေးပါရန် တောင်းဆိုခြင်းဖြစ်သည်။
ဒေသခံများကလည်း…
ဤသို့ မလုပ်ပါရန် ဝိုင်း၍ တောင်းပန်ကြ၏။
သို့သော်…
ရှေ့နေကြီးချမ်းမက
အထပ်ထပ် တောင်းပန်သောကြောင့် ကတိပြုခဲ့ကြရ၏။
မကြာမီ…
ရှေ့နေလေးမှာ ထိုရောဂါဖြင့် သေဆုံးသွားရှာ၏။
ထိုအခါ…
မြို့ဝန်ကိုယ်တိုင် ဦးစီး၍
ရှေ့နေချမ်းမ၏ ဆန္ဒအတိုင်း အလောင်းကို စီရင်ကာ
မြေမြှုပ်လေသည်။
ထို့နောက်…
ရှေ့နေချမ်းမ၏ မိဘများအားလည်း
စာပို့၍ အကြောင်းကြားလိုက်လေသည်။
သုံးရက်ခန့်ကြာသောအခါ…
မိဘများ ရောက်ရှိငိုကြွေးကြပြီး
သူတို့သား၏ အလောင်းကို ကြည့်ရှုရန်
ပြန်လည်တူးဖေါ်ပေးဖို့ တောင်းဆိုသဖြင့်
ဒေသခံများ အကျပ်ရိုက်သွားကြသည်။
ပူဆာလွန်းမက ပူဆာသောအခါ…
အလောင်းကို ဖေါ်ပေးကြရလေတော့သည်။
ထိုအခါ…
ပြဿနာ စပါလေသည်။
အလောင်း၏ စအိုဝတွင်
သစ်သားသပ်ကြီးကို တွေ့သောအခါ…
သူတို့၏သားသည်
သွေးရိုးသားရိုး သေဆုံးခြင်းမဟုတ်ဘဲ
တံစို့ထိုး၍ လုပ်ကြံခံရကြောင်း စွပ်စွဲလေရာ
ဦးဆောင်ဦးရွက်ပြုသူ မြို့ဝန်ပါ အမှုပတ်လေတော့သည်။
မည်သို့မျှတောင်းပန်၍လည်း မရ။
သွေးရိုးသားရိုး သေသည်ထားအုံးတော့
အလောင်းကို မဖွယ်မရာပြုသည့် အမှုက ထပ်ငြိနေသည်။
မိဘများကလည်း…
တရားစွဲမည်တကဲကဲ လုပ်နေသဖြင့်
မြို့ဝန်လည်း မတတ်သာတော့ဘဲ ယင်းကိုယ်တိုင် ဦးစီး၍ မြို့သူမြို့သားများထံ ထိုက်သင့်သည့် ငွေကြေးကောက်ခံ၍ မိမိကိုယ်တိုင်လည်း ထည့်ဝင်ကာ ငွေထုပ်ဖြင့် ကျေနပ်အောင် တောင်းပန်ရရှာလေသည်။
ထိုအချိန်မှ…
မိဘများကလည်း ကျေနပ်ပြီး
ငွေထုပ်ပိုက်၍ ပြန်ကြလေတော့သည်။
မြို့ဝန်လည်း…
ထိုအဖြစ်ကို တစ်စိမ့်စိမ့်တွေးကာ ကျိတ်မနိုင်ခဲမရ ဖြစ်ရှာ၏။
မည်သို့မျှလည်း မတတ်နိုင်။
ထို့နောက်…
မကျေမချမ်း ရေရွတ်လိုက်သည်မှာ… …
"တောက်…!!
ရှေ့နေတွေများကွာ
သေတာတောင် မိသားစုအတွက်
ပိုက်ဆံရှာပေးသွားလိုက်သေးတယ်" ဟူ သ တည်း 🤣🤣
😜😜😜😜😜
Credit

Comments
Post a Comment