နင်က ဖုန်းပဲ ကြည့်နေတာကိုး......

Me : အိပ်ရေးမဝလို့လားမသိ ခေါင်းကိုက်တယ်
Mom : ဖုန်းချည်းအဲ့လောက်ကြည့်နေမှတော့
            ဒီခေါင်းက မကိုက်ပဲ နေမလား

Me : ခြေထောက်တွေညောင်းလိုက်တာ
Mom : ညောင်းမှာပေါ့ အားနေ ထိုင်ပြီး
            ဖုန်းပဲ ပွတ်နေတာကိုး အညောင်းမိပြီမလား

Me : ဗိုက်အောင့်တယ်
Mom : အဲ့ဖုန်းပဲ ပွတ်နေပြီး အစာစားချိန်တန်
            မစားမှတော့ အောင့်မှာပေါ့

Me : ဗိုက်မဆာသေးလို့ မစားသေးဘူး
Mom : ဆာမလား၊ အားနေ ချောင်ကုပ်ပြီး
            ဖုန်းပဲသုံး၊ လှုပ်ရှားမှုမရှိမှတော့
            ဒီဗိုက်က ဆာမလား

Me : အပူတွေကန်ပြီး လည်ချောင်းနာတယ်
Mom : အဲ့ဖုန်းပဲ ပွတ်နေပြီး ရေအချိန်မှန်ချိုးဖို့
           သတိမရမှတော့ ဖြစ်မှာပေါ့

Me : ကြောင်လေး ခွေးကိုက်ခံလိုက်ရတယ်
Mom : နင်က ဖုန်းချည်းကြည့်နေတာကိုး
            ကိုယ့်ကြောင်ကိုယ် ဘယ်သွားနေလဲ
            သတိမှ မထားတာ

Me : မိုးကလည်း ရုတ်တရက်ကြီး ရွာချရတယ်လို့ကွာ၊ လှမ်းထားတဲ့အဝတ်တွေ စိုကုန်ပြီ
Mom : စိုမှာပေါ့၊ အားနေ ဖုန်းချည်းကြည့်နေတာကိုး၊ မိုးရိပ်ဆင်ကတည်းက သတိထားပြီး ရုတ်ထားရင် စိုမလား

Me : Air-con ကလည်း မအေးဘူး
Mom : အေးမလား၊ အားနေ ဖုန်းပဲ ကြည့်နေပြီး
ကိုယ့် Air-con ကိုယ် ဝီရိယလေးထား
Filter လေး ဘာလေး ဆေးမယ်မှ မရှိတာ

Me : နေကလည်း ပြင်းလိုက်တာ
Mom : နင်က ဖုန်းပဲ ကြည့်နေတာကိုး

Me : ဒီလလည်း ထီမပေါက်ပြန်ဘူး
Mom : ပေါက်မလား အားနေ အဲ့ဖုန်းပဲ ကြည့်နေတာကိုး
           
Me : ကြာဇံသုပ်ကလည်း စပ်လိုက်တာ
Mom : မှာတဲ့အချိန် နင်က ဖုန်းပဲ ကြည့်နေတာကိုး

Me : မေမေ....
Mom : နင်က ဖုန်းပဲ ကြည့်နေတာကိုး......
.
#crd_kaungkhantza

Comments