"မမတို့ မောင်လေးကိုခင်ရင် add ပေးပါလား"


"အဘ အဘ

'ဝေ့
ဘယ်သူလဲကွ

"ကျနော်ပါ တကောလေ

'အေး
ငါ့တူ လာလေ

ရွာအနောက်ပိုင်းက
လူ့ဂွစာ ဘကြီးအောင်
စကားပြောရင်လဲ ထော်လော်ကန့်လန့်
သို့ပေမဲ့ စိတ်ရင်းတော့ကောင်းတယ်
သားသမီးမရှိပေမဲ့ ငွေးရေးကြေးရေး
အဆင်ပြေပြေ နေထိုင်နိုင်သည် တခုတော့ချွင်းချက်ရှိသည်
သူက အသက်သာကြီးလာတယ် ခုထိလူငယ်ဖြစ်ချင်တုန်း
ဒါအခွင့်ကောင်းပဲ

အိမ်ပေါ်ရောက်တော့
"ဘကြီးကို အရေးတာပြောစရာရှိလို့ဗျ

'အေး
ပြောလေ မဟုတ်တာတွေတော့ မပြောနဲ့နော်
ငါမင်းကို လန့်နေရတယ်

ကိုယ်ကရွာမှာ ဂျင်းထည့်တဲ့ နေရာမှာတော့ နာမည်ကြီးလေ😂
ခုလဲ ရန်ကုန်ကပြန်ရောက်ရောက်ချင်း ဘကြီးအောင်ဆီလာခဲ့တာဖြစ်သည်

"ဘကြီးကလဲဗျာ
အတည်ပြောမို့ပါဗျ

'ဒါဆိုလဲပြော

"ဒီလိုဗျ ဘကြီးအောင်ရ
ဒီဖုန်းတွေမှာ အသက်ကြီးတဲ့သူကို အသက်ငယ်အောင်
ရုပ်ဆိုးတဲ့သူတွေကို ရုပ်ချောအောင် လုပ်ပေးတဲ့စနစ်
ပါတယ်ဗျ
ဘကြီးဆိုရင် အသက်၃၀လောက် ပြန်ငယ်အောင်
လုပ်လို့ရတယ်ဗျ

'ဟေ တကယ်လားကွ

"တကယ်ပြောတာပေါ့
ဘကြီးရ

အရန်သင့်ပါလာတဲ့
Samsung j1 လေးကို ထုတ်ပြလိုက်တယ်
ဘကြီးအောင်က ဖုန်းအကြောင်းသိပ်မသိပေ

"ကျနော်လက်တွေ့ပြမယ် ဘကြီးခနညိမ်ညိမ်နေပေး
ပုံရိုက်လိုက်မယ်ဆိုပြီး
ပုံတစ်ပုံရိုက်လိုက်တယ်

အဲ့ဒါနဲ့
"ဒီမှာကြည့် ဘကြီးပုံနော်
ကျနော် ချောချောငယ်ငယ်ဖြစ်အောင်လုပ်ပေးမယ်

'အေးအေး

အဲ့လိုနဲ့ B612 camera editor နဲ့
အမြန်ပြင်လိုက်တယ်

"ကဲ
ဒီမှာတွေ့လား ဘကြီးပုံ
ကုလားထိုင်ပေါ်ထိုင်နေတာ

'ဝါးးးး
ချောချက်ကွာ ငါငယ်ငယ်ထဲကအတိုင်းပဲကွ

😨😨
"ဘယ်လိုလဲ ဘကြီး
ကြိုက်လား fb က ပုံတင်တဲ့မိန်းကလေးတွေလဲ ဒီလိုပြင်ပြီး
တင်ကြတာပဲဗျ

'အေး ကြိုက်တယ်ကွ
ဘယ်လောက်ပေးရလဲဒီဖုန်းက

"ဒီဖုန်းက ကျနော်ဝယ်လာတုန်းက
တစ်သိန်းခွဲတောင်ပေးရတယ် ဘကြီးရ

'အေး
ဘကြီးကို ပြန်ရောင်းခဲ့ကွာ လမ်းစရိတ်နဲ့
တစ်သိန်းခြောက်သောင်းပေးမယ်ကွာ

"ဘကြီးလိုချင်လဲယူပါဗျာ
ဒီဖုန်းက အဲ့လိုစနစ်ပါတော့ မရောင်းချင်ဘူးကျနော်က

ဟွင်းးးဟွင်းးးး

'အေးပါငါ့တူရာ
ကျေးဇူးတင်ပါတယ်ကွာ ဒါနဲ့
ဖေ့စ်ဘွတ်ဆိုတာကြီးပါ ဖွင့်ပေးခဲ့ကွာ

"ဟုတ်ကဲ့ဘကြီးအောင်

အဲ့ဒါနဲ့ ဖေ့စ်ဘွတ်ဖွင့်ပေးပြီး
နာမည်ကိုပါ လှလှလေး ပေးခဲ့တယ်
လုလုအောင်ကို အတုခိုးပြီး
လူလေးအောင် ဆိုပြီးဖွင့်ပေးလိုက်တယ်  သဘောကျလိုက်သည့်ဖြစ်ချင်း ကိုယ့်အကောင့်ကိုပါ အပ်ထားလိုက်တယ် ဖေ့ဘွတ်သုံးနည်းပါ သင်ပေးခဲ့တယ်

"ကဲ
ဒီလောက်ဆိုရပြီဘကြီးအောင်

'အေးအေး
ရော့ဒီမှာ
မင်းဖုန်းဖိုး ပိုက်ဆံ

"ဟုတ်ဘကြီး
"အ့ာဆို ကျနော်သွားတော့မယ်နော်
ဆိုပြီး ပိုက်ဆံတောင် မရေတော့ဘူး
တချိုးထဲ လစ်ထွက်ခဲ့တော့တယ်

ဝယ်တုန်းက ၁၃၂၀၀၀
ပြန်ရောင်းလို့ရတာ ၁၆၀၀၀၀
ကဲ ၂၈၀၀၀ တောင်မြတ်တယ်
😁😁

အဲ့လိုနဲ့ အိမ်ရောက်လို့
ကိုယ့်ဖုန်းအစုတ်လေးနဲ့
Fb ထဲဝင်ပြီး ဘကြီးအောင်(ခ)လူလေးအောင်ကို
လက်ခံပေးလိုက်တယ်

ခနနေတော့ noti တက်လာလို့
ကြည့်လိုက်တော့ လူလေးအောင်tagတွဲပြီး
B612 camera editor နဲ့ပြင်ထားပြီးတော့
ပုံတင်လာတယ်

"မမတို့ မောင်လေးကိုခင်ရင် add ပေးပါလား"တဲ့...

........Oိာန်...

#တေကာသား

Credit # Min Myat Noe

Comments