ပလုံပြန်ပြီတစ်လ
ကံကြမ္မာဆိုတာ သိပ်ဆန်းကြယ်တာ
တစ်ချို့ ဆုံးဖြတ်ချက်သေးသေးလေးတွေကို
ပေါ့သေးသေးမထင်နဲ့
ဟိုနေ့ကညနေက အိမ်ရှေ့မှာ ထီသည်ကားကြီးဘီးမပေါက်ခဲ့ရင်...
ကျနော်ကလဲ သွားပီးမကူညီခဲ့ရင်
ဘီးလဲပြီးသွားတော့ ထီဖွင့်တော့မယ်နော်
ငါ့ညီ ကံစမ်းပြီးပီလားလို့ သူ မမေးခဲ့ရင်
ကျနော်လဲ ထီမထိုးရသေးဘူးလို့ မဖြေခဲ့ရင်
အကို့ဆီမှာ ၅စောင်တွဲ ၂စောင် ကျန်သေးတယ်
၇ထောင်နဲ့ရောင်းတာ ညီယူမယ်ဆို
၆ထောင်နဲ့ပဲ ယူလိုက်ပါလို့ သူမပြောခဲ့ရင်
ကျနော့လက်ထဲရှိတဲ့ ပိုက်ဆံ၁သောင်းကို
ညနေကငွေလာချေးတဲ့ သူငယ်ချင်းကို ချေးမိခဲ့ရင်
ယူမယ်ဗျာလို့ ဝမ်းသာအားရနဲ့ ထီ၁၀စောင်တွဲကို
၆ထောင်ပေးပြီး မယူဖြစ်ခဲ့ရင်...
အဲ့လိုအကြောင်းတရားလေးတွေသာ မတိုက်ဆိုင်ခဲ့ရင်...
ထီထိုးခဲ့တဲ့ ပိုက်ဆံ ၆၀၀၀ လည်းကုန်မှာမဟုတ်ဘူးလို့
ပလုံပြန်ပြီတစ်လ 😭
credit #

Comments
Post a Comment