"""ဘယာစီယာ​ပြောက်​တဲ့ည 😂"""

"""ဘယာစီယာ​ပြောက်​တဲ့ည 😂"""

"​ဖြောက်​ ... "

ခြေ​ထောက်​​အောက်​မှ သစ်​ကိုင်း​ခြောက်​ကျိုးသံနှင့်​အတူ
ငြိမ်း​မောင်​ ​ခေါင်းနပန်းကြီးသွားသည်​။
သူ့အ​ခြေအ​နေက ​နောက်​ဆုတ်​ရန်​အတွက်​လည်းခက်​​နေ​လေပြီ။
သူ​ရောက်​​နေသည်​က အိမ်​ထရံ​ဘေး၌ ဖြစ်​၏

သူကပ်​​နေ​သော အိမ်​မှ မီး​ရောင်​လင်းလာသည်​ ... ။

"မိန်းမ မီးခြစ်​​ရှာစမ်းဟာ ... ပြီးရင်​မီးခွက်​ထွန်း "

"​တော်​ကလည်း အချိန်​မရှိမှ ဘာလုပ်​မလို့တုန်း "

"မီးထွန်းမှာသာထွန်းစမ်းပါ ငါအသံကြားလိုက်​လို့ ... "

ကွကျိကွကျိ အသံများအဆုံး၌ အိမ်​ထဲမှ မီးခွက်​အ​ရောင်​ကလင်း
လာ​လေပြီ ... ငြိမ်း​မောင်​တစ်​​ယောက်​ အိမ်​ထရံကိုကိုင်​ရင်း
ဇော​ချွေးပြန်​လာသည်​။
ဆယ်​နှစ်​တိုင်​တိုင်​ ရွာထဲတွင်​ပတ်​ခိုးလာခဲ့သည်​တိုင်း၌ တစ်​ခါမှ
မမိခဲ့ဖူး​ချေ ... သည်​ညတွင်​ဖြင့်​ ​ခြေတစ်​လှမ်းမှားမှု၏ အသံ​ကြောင့်
သူ ဒုက္ခ​တွေ့ရ​တော့မည်​ ...
အသွားမ​တော်​ တစ်​လှမ်းစကားပုံအား တမ်းတမ်းတတ သတိရမိ​သေး၏

မီးခွက်​ကိုကိုင်​ကာ အိမ်​​ပေါ်မှ လူနှစ်​​ယောက်​ဆင်းလာသည်​ကို ​တွေ့ရ
သဖြင့်​ အနီးရှိ အကာတစ်​ခု​ဘေးသို့​ပြေးကပ်​လိုက်​သည်​။

"ဘာသံကြားတာလဲ ​တော်​ရဲ့ "

"​ခြေသံပဲဟ ... ဒီဖက်​နားက "

အသံများက ငြိမ်း​မောင်​နှင့်​တဖြည်းဖြည်းနီးကပ်​လာ​လေသည်
သူဘဝတွင်​ တစ်​ကြိမ်​မှ မကြုံဖူး၍လားမသိ ဒူးပါတုန်​လာသည်
မိသွားလျှင်​ ​ထောင်​ကျရုံမက သူ့ဘဝပျက်​ကာ သိက္ခာပါ လုံးလုံး
ကျ​ပေ​တော့မည်​ ။

"အု ဝူ ဝူး .... ဝု ဝူး ... ဝုတ်​ ... ဝုတ်​ ဝူး ..... "

ခွေးတစ်​​ကောင်​က သူတို့အိမ်​​ရှေ့ဖက်​မှ ဆွဲဆွဲငင်​ အူလိုက်​သည်​။
ထို့​ကြောင့်​ မီး​ရောင်​က ​ခွေးရှိရာဖက်​သို့လှည့်​သွား​လေသည်
ထိုအခါမှ ငြိမ်း​မောင်​တစ်​​ယောက်​ အနည်းငယ်​သက်​သာရာရ​တော့
သည်​။

ခွေးအူသည့်​အနီးသို့ မီး​ရောင်​​ရောက်​ချိန်​၌ ထိုလူနှစ်​​ယောက်​မှာ
ရုတ်​တရတ်​ ရပ်​တန့်​သွားသည်
ပြီး​နောက်​ ​အော်​ကာအိမ်​​ပေါ်သို့အလျှင်​စလို ​ပြေးတက်​သွားကြသည်

"သရဲ သရဲ "

"ဖြူဖြူ ကြီး​တော့ လာ​နေပြီ ... "

အိမ်​အပြင်​မှငြိမ်း​မောင်​တစ်​​ယောက်​ ​စော​စောကထက်​ ပို၍
ခေါင်းနပန်းကြီးသွားပြန်​သည်​ ထို့​ကြောင့်​ ထိုအိမ်​​ရှေ့ဖက်​သို့
သူလည်း စူးစူးစိုက်​စိုက်​ကြည့်​လိုက်​သည်

မှန်​သည်​ ...
အ​မှောင်​ထဲမှ ဖြူဖြူသဏ္ဍာန်​ကြီး ခြံထဲသို့ ဝင်​လာသည်
ဘာမှန်း​တော့ သူ​သေ​သေချာချာမသိ ...
ဖြူဖြူကြီးဆိုတာ​တော့ ​သေချာသည်

ငြိမ်း​မောင်​ သူ့ပုဆိုးထဲသို့ ​သေများပင်​​ပေါက်​ချလိုက်​မိသည်
သည်​ည​တော့ အလုပ်​လည်းဖြစ်​​တော့မည်​မဟုတ်​ ...
သရဲကို ​ရှောင်​ရဦးမည်​မဟုတ်​ပါလား
အိမ်​သို့တစ်​ချိုးတည်း​ပြေးရန်​လည်း မလုပ်​ရဲ​ပေ
မ​တော်​၍ အ​နောက်​မှလိုက်​လာလျှင်​ အိမ်​​ပေါ်​ရောက်​မှ ဒုက္ခများ
ပေဦးမည်​ .. ။

ထိုဖြူဖြူကြီးက အိမ်​​ပေါက်​ဝတွင်​ရပ်​လိုက်​သည်​ ...
ပြီး​နောက်​ အိမ်​​ပေါ်တက်​သွားပြန်​သည်​။
သိပ်​မကြာလိုက်​ ထိုအိမ်​​နောက်​​ဖေးသို့ အထုပ်​ကြီးတစ်​ထုပ်​ ကျလာ​လေ
သည်​ ။

"ဘုတ်​ ... "

ဘာ​တွေမှန်း​တော့ မသိ ... ။

"သူခိုး​ဗျို့ ... သူခိုး ... "

အော်​သံနှင့်​အတူ ထိုအိမ်​​ပေါ်မှ မီးများလင်းလာ​လေသဖြင့်​ ...
ငြိမ်း​မောင်​တစ်​​ယောက်​ သူ့ကို​တွေ့​လေပြီဟုထင်​ကာ ​နောက်​​ဖေးမှ အထုတ်​ကြီးအားဆွဲ၍ အိမ်​သို့​ပြေး​လေ​တော့သည်​။

သို့​သော်​ ထိုညက ကံ​ကောင်းစွာ သူလွတ်​လာခဲ့သည်​။

ထိုမနက်​တွင်​ ရွာလယ်​မှ ကိုသာဂိ အိမ်​​တက်​မှုဖြင့်​ ရွာလူကြီးအိမ်​တွင်
အချုပ်​ခံရ​လေ​တော့သည်​။ မှန်​သည်​ အိမ်​ကလည်း ငြိမ်း​မောင်
ကပ်​ခဲ့သည့်​ ကိုတုတ်​ကြီးတို့လင်​မယား၏ အိမ်​ဖြစ်​သည်​။

ထိုအခါမှ ငြိမ်း​မောင်​သက်​သာရာရခဲ့သည်​ ...
ထိုညက ဖြူဖြူကြီးသည်​ ​နောက်​​ဖေးသို့အထုပ်​ပစ်​ချ​ပေးခဲ့​သော
ကိုသာဂိဖြစ်​သည်​။

ကိုတုတ်​ကြီးတို့က သာဂိအား ဘယာစီယာ ရှစ်​ထည်​ခိုးမှုဖြင့်
အမှုဖွင့်​​သော်​လည်း သက်​​သေမရှိသဖြင့်​ သာဂိတစ်​​ယောက်
ကံ​ကောင်းစွာ လွတ်​လာခဲ့သည်​ ...

ထိုဘယာစီယာရှစ်​ထည်​အား ဖြုတ်​ကာ Mask လုပ်​​ရောင်းခဲ့​သော
ငြိမ်း​မောင်​သည်​ကား ... နှစ်​ပတ်​စာ အရက်​ဖိုး ဖူလုံခဲ့​လေပြီတည်း 😁

ငြိမ်း​မောင်​၏ ဘယာစီယာခိုးသည့်​ညကား ...
ဤတွင်​ပြီး၏ ... ။

Crd

Comments