"ငင့်!!! ​တေနာဂျီးးး"

ဦးနိုင်ကြီးတစ်​ယောက် အလုပ်ကိစ္စရှိလို့
ရန်ကုန်ရောက်လာသည်။

စာရွက်ပိုင်းလေးမှာရေးထားတဲ့လိပ်စာအတိုင်း
စားသောက်ဆိုင်တဆိုင်ကို လိုက်ရှာပြီး
ဆိုင်​အတွင်းသို့ဝင်သွားသည်။

အထဲရောက်တော့ မန်နေဂျာကိုသွားမေးတယ်

"ဒီဆိုင်မှာ အလုပ်​လုပ်​​နေတဲ့ လုလုအောင်ဆိုတဲ့
ကောင်မလေး ရှိလားခင်ဗျာ "

သဘောကောင်းတဲ့မန်နေဂျာကလည်း
ချက်ခြင်းပဲခေါ်ပေးလိုက်တယ်။

ဦးနိုင်ကြီးလည်း လုလုအောင်ကို တွေ့တွေ့ချင်း
တော်ကီတွေလွှတ်တော့တာ​ပေါ့..

"အိုး လုလုလေးရယ်..
တစ်​ကယ်ကိုထင်မထားဘူးကွာ၊
မင်း ဒီလောက်လန်းနေလိမ့်မယ်လို့
ကိုယ်မထင်ထားဘူးလေ၊ ဒီည ဆိုင်ပိတ်ချိန်
ကိုယ်နဲ့အတူအပြင်လိုက်ခဲ့မလား
နောက်နေ့မနက် ကိုယ်ပြန်ပို့ပေးမယ်လေ၊
မင်းအတွက် မုန့်ဖိုးတစ်​သိန်းနဲ့ အတူပေါ့ "

အဲဒါနဲ့...

လုလုလေးကလည်း ခပ်​လည်​လည်
ဆိုတော့ မငြင်းရှာဘူး ပါသွားတယ်။

နောက်တစ်​ရက်ညနေမှာလည်း
အဲ့ဒီဆိုင်ကိုပဲ ဦးနိုင်ကြီးရောက်လာပြီး
လုလုလေးကို လာပင့်ပြန်​တယ်။

လုလုလေးကလည်း မငြင်းရှာဘူး
ပါသွားပြန်တယ်။

သုံးရက်မြောက်ညရဲ့ လင်းအားကြီးအချိန်မှာတော့
ဟော်တယ်တခုရဲ မွေ့ယာပေါ်မှာ
နိုင်​ကြီးရင်ခွင်ကိုတိုးဝှေ့ရင်း
လုလုလေးက ထက်မြက်တဲ့မိန်းမပျိုလေးပီပီ
စပ်စုတော့တာပေါ့

"ဦးနိုင်ကြီးက ပိုက်ဆံသုံးနိုင်တယ်နော်၊
ကျွန်မကိုညတိုင်း မုန့်ဖိုးတစ်​သိန်းပေးနေတာ
သုံးရက်ရှိပြီ၊ ဦးနိုင်ကြီးက ဘယ်မှာနေတာလဲဟင်"

"ကိုယ်က မော်​လမြိုင်​ကပါကွာ..
ရန်ကုန်ကို ကိစ္စတခုရှိလို့လာတာပါ "

"ရှင် ! မော်​လမြိုင်​က ဟုတ်လား "
ကျွန်မအဒေါ်တစ်​ယောက်လည်းအဲမှာရှိတယ် "

"အေ့လေ ဟုတ်တယ် ဦးနိုင်​နဲ့ရင်းနှီးတယ်၊
ခုလည်း မင့်အဒေါ်ကပဲ ဦးနိုင်​ကိုလွှတ်လိုက်တာ
မင်းကိုရှာပြီး မုန့်ဖိုးသုံးသိန်းပေးပေးပါ ဆိုလို့လေ၊
မင်းကိုလည်း သုံးသိန်းပေးပြီးပြီဆိုတော့
ဒီနေ့နေလည်ကားနဲ့မော်​လမြိုင်​ ပြန်တော့မယ်"

"ငင့်!!! ​တေနာဂျီးးး"

😁😁😁

Thiha
Credit

Comments