အတွင်းရေးမှုးမလေး (18+)ဟာသ
အတွင်းရေးမှုးမလေး (18+)ဟာသ
•°•°•°•°•°•°•°•°•°
အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှုး မလေးဟာ ရုပ်ရည် ချောမော လှပသလောက် စကားပြောဆိုရာမှာ လည်း လိမ္မာ ပါးနပ်လှတယ်..
တရက်တော့..
အိမ်သာထဲက ထွက်လာတဲ့ သူဌေးဟာ မေ့ပြီး ဘောင်းဘီဇစ်ကို ပြန်ဆွဲ မပိတ်မိဘူး... ဒါကို အတွင်းရေးမှုးမလေးက မြင်တော့... သူဌေးကို သတိပေးလိုက်တယ်..
" ဆရာရှင့်..ဆရာ့ရဲ့ စစ်တန်းလျား တံခါး ပွင့်နေပါတယ်ရှင်..."
ဒါကို သူဌေးက ဘာပြောမှန်း မသိဘူး..ဇဝေဇဝါ ဖြစ်ပြီး.. ဘာမှ ပြန်မပြောပဲ သူ့ရုံးခန်းထဲ.. ဝင်သွားတယ်..။
ခဏနေတော့မှ သူ့ဘောင်းဘီ ဇစ်မပိတ်မိတာကို သတိထားမိ သွားပြီး.. အတွင်းရေမှူးမလေးရဲ့ စကားကို သဘောပေါက်တော့တယ်။
ဒါနဲ့.. သူ့အတွင်းရေးမှူးမလေးကို နောက်ချင်လာလို့.. အင်တာကွန်း ကနေ လှမ်းခေါ်လိုက်တယ်...
" တြီ..တြီ.."
" ပြောပါဆရာ..."
" သမီးရေ... ခုနက စစ်တန်းလျားထဲ မှာ စစ်သားတယောက် တောင့်တောင့်ကြီး ရပ်နေတာ မတွေ့မိဘူးလား..ကွယ့်.."
ဒီတော့.. အတွင်းရေးမှုး မလေးက ပြန်ပြောတယ်...
" ဟင့်အင်း..ဆရာ.. ဒုက္ခိတ ဖြစ်နေတဲ့ စစ်သားအို တယောက်တော့ တွေ့တယ်.. သဲအိပ် အစုတ်ကြီးနှစ်လုံးပေါ်မှာ.. ပုံပုံကြီး ထိုင်လို့..."
" 6Vာ ! "
" အေး အေး ပါကွယ်.....
😛
😛
Credit ;Thet Naing

Comments
Post a Comment