ရီ​သောသူ အသက်​ရှည်​၏

ရီ​သောသူ အသက်​ရှည်​၏

"ကိုကို"

"ဗျာ"

"သဲကိုချစ်​လား"

"ချစ်​တာ​ပေါ့ သဲ​လေးရဲ့"

"တစ်​ကယ်​ချစ်​ရင်​ သဲဖြစ်​ချင်​တာ လုပ်​​ပေးမှာလား"

"လုပ်​​ပေးမှာ​ပေါ့ ..."

အမယ်​ ပန်းခြံထဲမှာဆို​တော့ သူဘာခိုင်းလို့ရမှာလည်း ​နော့်​​လေ ... ကျုပ်​က​တော့ အပိုင်​ပဲ​ပေါ့ ... အာ့မှာ ငတိမက ဇာတ်​လမ်းစတာပဲ ...

"တစ်​ကယ်​ချစ်​ရင်​ ဟို Video ထဲကလို အပြင်​မှာ လုပ်​ကြည့်​ပါလား ..."

"အန်​ ဘယ်​ Video လည်း "

"ဟိုအ​ရှေ့မှာ အတွဲ​တွေ ​တွေ့လား"

"အင်း ​တွေ့တယ်​​လေ ..."

"အာ့မှာသွားပြီး ကျွန်​​တော်​​ချောလား သွား​မေးကြည့်​ပါလား ..."

"အန်​"

"ဘာလည်း ဒါ​လေး​တောင်​ မလုပ်​​ပေးချင်​ဘူးလား"

"မဟုတ်​ဘူး​လေ အာ့က ​ကြောက်​တယ်​ ပြီး​တော့ ဟိုက ဟာသလုပ်​တာ​လေ ..."

"​အေး​လေ သဲကိုလည်း ဟာသလုပ်​ပြ​လေ"

သေတာပဲ​အေးပါတယ်​ဗျာ ... ဘယ့်​နှယ်​ ပန်းခြံထဲ သူများအတွဲကို ကျ​နော်​​ချောလားသွား​မေးရမယ်​တဲ့ ... ရိုက်​​ပေါက်​ .. ကျုပ်​က တွန့်​ဆုတ်​တွန့်​ဆုတ်​ဖြစ်​​နေ​တော့ ... မတ်​တပ်​​ကောက်​ရပ်​ပြီး

"ဒါ​လေး​တောင်​မလုပ်​​ပေးချင်​လည်းရတယ်​ ... ပြန်​​တော့မယ်​ ​နောက်​လည်းလာမ​တွေ့နဲ့ ...."

"သဲကလည်း စိတ်​မဆိုးနဲ့​နော်​ လုပ်​​ပေးမယ်​ ... "

ဟုတ်​တယ်​ ဒင်းက ဘူးဆို ဖရုံမသီးဘူး ... တစ်​ကယ်​ပြတ်​မှ ဟုတ်​​နေမယ်​ ....

ပုဆိုးကို တိုတိုဝတ်​ လိုအပ်​ရင်​​ပြေးဖို့ ... မျက်​နှာကို စပ်​ဖြဲဖြဲ​လေးလုပ်​ သူ​ပြောတဲ့စုံတွဲနားသွား .. အတွဲက ဘာ​တွေလုပ်​မှန်း​တော့ မသိဘူး ထီး​တော့ အုပ်​ထားတယ်​ ....

အရင်​ဆုံးည​ချောင်းဟန့်​ လိုက်​တယ်​ ....

"အဟမ်း ဒီမှာ ခင်​ဗျ"

"ကန်​​တော့ပါ​သေးရဲ့ "

"ဟုတ်​ကဲ့ သာဓု အန်​မဟုတ်​ဘူး"

 နင်​​တောင်​နင်​တယ်​ လှည့်​ကိုမကြည့်​ပဲ​ပြောချပလိုက်​တာ ...

"ဒီမှာခင်​ဗျ "

"ဘာလည်းကွာ "ဆိုပြီး လှည့်​ကြည့်​​ရော အမယ်​ အန်​တီကြီးနဲ့ ဦး​လေးကြီးဗျား ..

"​မောင်​​လေးနဲ့သိလို့လား "
အမယ်​ ​မောင်​​လေးတဲ့ သူတို့ချင်းက

"မသိပါဘူး မရယ်​"
အလဲ့ အဟုတ်​ဗျ

"ဟိုဒီလိုပါ "

"အင်း "

"ဘာလုပ်​​နေကြတာလည်းဟင်​"

"ဘာလုပ်​လုပ်​​ပေါ့ကွ မင်းအပူပါလို့လား ..."

"အာ မဟုတ်​ပါဘူး​ယောင်​လို့ "... ပါးစပ်​ကလည်း ဘာ​ပြောလို့​ပြောမိမှန်းကိုမသိတာ ... ငတိမလှည့်​ကြည့်​​တော့ ​နောက်​က​နေ ​ပျော်​လို့ ... ကျုပ်​က ​ချွေးပြန်​​နေပြီ ...

"ဟိုဟာ ကျွန်​​တော်​​ချောလား"

"ဘာာ"

"ကျွန်​​တော်​​ချောလားလို့ အဟီး"

"မ​ချောဘူး ​သောက်​ကျက်​သ​ရေ မရှိတဲ့အခွက်​ ငလူးမ ဂျင်း​ကောင်​ ရပ်​ကွက်​ထဲမှာ​တွေ့ရတာ မလွတ်​လပ်​လို့ ပန်းခြံလာ​တွေ့ပါတယ်​ .. သာသနာဖျက်​ အယုတ်​တမာက ကျက်​သ​ရေမရှိတဲ့အခွက်​နဲ့ ​ချောလားတဲ့ ..."

"​အော်​ အာ့​လောက်​​တောင်​ပဲလားဗျာ ..."

"အဲ့ထက်​ဆိုးတယ်​ ​မြွေ​ပွေးကိုက်​ရဲ့ "
အ​ဒေါ်ကြီးပါ ပါလာ​ရော ...
"ငါ့​မောင်​​လေး​လောက်​မှ မ​ချောပဲနဲ့ နင့်​အခွက်​နဲ့ ​အောင်​မ​လေး ​သ​န္နေယုတ်​​လေး အ​သေ​လေး​မွေးရမှာ သိလား ...".

"ဟိုဟာ​လေ ကျ​နော်​က ပရန့်​လုပ်​တာ .."

"ဘာပရန့်​လည်း နင့်​​မေလင်​ ပရန့်​လား "

ဗျဲ ငိုပြီ ဟုတ်​တယ်​ သူ့ရည်းစား ထိပ်​​ပြောင်​မဲမဲကြီး​လောက်​​တောင်​မ​ချောဘူးတဲ့ ... ပြီး​တော့ ​ချောလား​လေး​မေးတာကို ကျိန်​လိုက်​တာမှ ရစရာကိုမရှိဘူး ဗျဲ ... ကျအု ကျအု

"​တော်​ပြီ ​မေး​တော့ဘူး သွားမယ်​ အဟင့်​ ရွတ်​ "

"သွားသွား မြန်​မြန်​ကြွ ကာလနာတိုက်​​လေး လာ မမ ​မောင်​​လေး​တို့ ဇာတ်​လမ်းပြန်​ဆက်​ရ​အောင်​  ..."

အော်​ ဒင်းတို့က​တော့ ​ပျော်​လို့ မြူးလို့ ....

ကျုပ်​ရည်းစားကြည့်​​​တော့လည်း ရယ်​လိုက်​တာမှ အူကိုလှိမ့်​လို့ ... ကျုပ်​မှာ​တော့ သူရယ်​ဖို့အ​ရေး လုပ်​လိုက်​ရတာဆိုတာ ... ​နောက်​များ ​ချောလား​မေးဖို့​နေ​နေသာသာ မှန်​​တောင်​ ​စေ့​စေ့မကြည့်​ရဲဘူး ... ထိပ်​​ပြောင်​ကြီးကို ​​ပြေး​ပြေးမြင်​​နေလို့ ... ဝုတ်​တယ်

အိမ်း တစ်​ကယ်​ချစ်​ရင်​ ကိုယ့်​ချစ်​သူ တစ်​ချက်​ပြုံးဖို့ ဘာမဆိုလုပ်​​ပေးနိုင်​ရမယ်​​လေ ... ခင်​ဗျားတို့လည်း ခိုင်းကြည့်​​ပေါ့ ... တစ်​ကယ်​ချစ်​လား စမ်း​ပေါ့ ​နော့်​ရာ ..

#credit

~OMG~

Comments