(အဲ့တာပြောတာ မြန်မာကြံရင် ကမ္ဘာတောင် မခံနိုင်ပါဘူးလို့ 😂😂😂)
🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣
အိမ်ဖြူ တော်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တယောက် ခေါင်းမီးတောက်လျှက်ရှိသည်။ G 20 ထိပ်သီးခေါင်းဆောင်များနှင့် ကမ္ဘာအင်အားကြီးနိုင်ငံပေါင်းစုံမှ ထိပ်သီးခေါင်းဆောင်များကို အစည်းအဝေး ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့ဆုံးဖြတ်ရခြင်းမှာ သတင်းစကား တခုကြောင့်သာ..........
အစည်းအဝေးတွင်
ထရန့် "ဒီနေ့ အစည်းအဝေး ခေါ်ရခြင်း အကြောင်းကတော့ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ ကိစ္စတခုကို အတူတကွဖြေရှင်းဖို့ အားလုံးဆီက အကြံဥာဏ်တောင်းဖို့ဖြစ်ပါတယ်"
ရုရှာ သမ္မတ ပူတင်က
" ဘာလဲ ကမ္ဘာကို ဂြိုလ်သားတွေ လာပီး ခြိမ်းခြောက်နေလို့လား"
တရုတ် သမ္မတ ရှီကျင့်ဖျင်က
" အဲ့လောက်လည်း စိတ်မပူစမ်းပါနဲ့ ဂြိုလ်သားတွေကို တန်ပြန်ဖို့ နည်းပညာနဲ့ လက်နက် ကျူ ပ်တို့နိုင်ငံမှာရှိပီိးသားပါ ငှဲငှဲ" ခပ်ကြွားကြွားဝင်ထောက်သည်။
ထရန့်
" မဟုတ်ဘူးဗျ အဲ့ထက်ဆိုးတယ်"
ဂျာမဏီ ဝန်ကြီးချူ ပ် မာကယ်
" ဘုရာရေ အဲ့ထက်တောင် ဆိုးလားရှင် "
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျူံ အန်
"အိုး ဘာကောင်ကြီးပဲလာလာ ကျူ ပ်က ချမှာပဲ"
အီရန် သမ္မတ က
" ဘာကိစ္စဖြစ်ဖြစ် ကျူ ပ်တို့ မဟာရန်သူတော် ဆော်ဒီနဲ့တော့ ပူးပေါင်းပီး မဖြေရှင်းနိုင်ဘူး "
ဆော်ဒီ ဘုရင် ကလည်း
" ကျူ ပ်လည်း အတူပဲ အီရန်နဲ့တော့ မပေါင်းနိုင်ဘူး "
ထရန့်
" ခုက သွေးစည်းရမယ့်အချိန်ဗျ ခင်ဗျားတို့ ခုလိုလုပ်နေရင်
ကျူ ပ်တို့နိုင်ငံတွေ ကမ္ဘာမြေပုံပေါ်ကပျောက်ကုန်မယ် " ဟု
ခပ်ထန်ထန်ပြောလိုက်သည်။
ဂျပန်ဝန်ကြီးချူပ် ရှင်ဇိုအာဘေးက
" ဘာကြောင့်လည်းဆိုတာ ရှင်းပါအုံးဗျ " ပြောမှ
ထရန့်က ငိုမဲ့မဲ့နဲ့
" မြန်မာနိုင်ငံက နည်းပညာမှာ ကျူ ပ်တို့ထက် ခြေဆယ်လှမ်းမက
ရှေ့ရောက်နေပီဗျ " တုန်ရီနေတဲ့အသံကို ငြိမ်အောင်ထိန်းကာ
ထရန့်ကဆက်ပီး
" သူတို့တွေ မြေအိုးမီးဖိုကနေ နူကလီးယား ဓာတ်ပေါင်းဖို ထုတ်တော့မှာဗျ အဟင့် "
" ဟာ" "ဟင်" "တောက်" "ကျွတ်" " ဘုရားရေ " " အလာဟ်ကယ်ပါ " စသော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
အဲလိဇဘတ် ဘုရင်မကြီးဆို ပါးစပ်အဟောင်းသား
အစ္စရေးဝန်ကြီးချူ ပ်က သံသယ ဖြစ်ဟန်နဲ့
" အဲ့နည်းပညာ က ဖြစ်နိုင်လို့လားဗျာ "
ထရန့်က
" ခင်ဗျား ဘာသိလို့လည်း မြန်မာကြံရင် ဘာမှမခံနိုင်ဘူးဗျ
ဟိုတလောက သူတို့မြေအောက်မြို့တော် လုပ်မယ်ပြောတာ မှတ်မိကြတယ်မလား ၊ ကျူ ပ်လည်း သူတို့မြေအောက်မြို့တော်ကို လေ့လာချင်တာနဲ့ NASA နဲ့ CID ပူးပေါင်းစေပီး အဆင့်မြင့်နည်းပညာတွေနဲ့ ထောက်လှမ်းခိုင်းတာ ဘာတွေ့တယ်ထင်လဲ "
အိန္ဒိယ ဝန်ကြီးချူ ပ် မိုဒီက
" ဘာတွေ့လည်းဗျ "
ထရန့်
" ဘာမှမတွေ့ဘူး "
ရှီကျင့်ဖျင်
" ငှယ် ဘာမှမတွေ့တာကို ခင်ဗျားတော်တော်နောက်တာပဲ ဟားဟား "
ထရန့်က
"ဘာမှမတွေ့တာကိုက ကြောက်ဖို့ကောင်းတာဗျ
မြေအောက်မြို့တော် တခုလုံးကို ရေဒါပျောက်အောင်ဖျောက်နိုင်တယ်ဆိုတာ နည်းတဲ့ နည်းပညာလား "
ပေါက်ဖော်ကြီး မရယ်နိုင်တော့
ထရန့်ကဆက်ပီး
" နောက်ပီး သူတို့ပြောတဲ့ မိုးပျံရထားတွေ ခင်ဗျားတို့မြင်ဖူးကြလား "
အားလုံးက
"မမြင်ဖူးဘူး "
ထရန့်
" ဘယ်မြင်ဖူးမလဲ ကိုယ်ပျောက်မိုးပျံရထားတွေဟာကို"
အစ္စရေး ဝန်ကြီးချူ ပ်က
" ဘုရားရေ ဒီလိုသာဆို ကျူ ပ်တို့ထက် ခြေဆယ်လှမ်းမက ရှေ့ရောက်နေပီပဲ"
ထရန့်က ဆက်ပီး
" ရုရှားရဲ့ ကရင်မလင်နန်းတော်ကိုလည်း သူတို့ပဲ တည်ဆောက်ထားတာ "
ပူတင်က
" မဖြစ်နိုင်တာဗျာ ဒါကျူ ပ်တို့နိုင်ငံက နှစ်ပေါင်းများစွာတည်ရှိတဲ့ နန်းတော်ကြီးဗျ "
ထရန့်
" ခင်ဗျားက ခက်ပီ နာမည်ကိုက ကရင်မလင် ပါဆို
အဲ့တာ ကရင်မ လင် ဖြစ်တဲ့ ကရင်ကြီး ဖထီး ဆောက်ထားတာ"
ပူတင်
" ohh my god တကယ်ကြီးလားဗျာ " ငိုမဲ့မဲ့နဲ့
ထရန့်က
" ဟိုတလော ဒါရိုက်တာ ညိုမင်းလွင်ရိုက်တဲ့ "အနန္တ" သိပ္ပံခေတ်လွန် ရုပ်ရှင်ကားကို NASAက ပညာရှင်တွေနဲ့ ၃၈ ခေါက်လောက် ကြည့်ပီး နားလည်ဖို့ ကြိုးစားခဲ့တယ်"
မာကယ်
" ဘာတွေ နားလည်လိုက်လဲ "
ထရန့်
" ဘာမှနားမလည်ဘူး "
"ငှယ်" အားလုံးရဲ့အသံ
ထရန့်က စိတ်တိုဟန်နဲ့
" ခင်ဗျားတို့ ဘာသိလို့လည်း သူတို့နည်းပညာကိုက
ကျူ ပ်တို့နားလည်နိုင်စွမ်း မရှိအောင် မြင့်မားနေတာဗျ အဟင့် "

မိုဒီက
" ဒါဆို ကျူ ပ်တို့ ဘာဆက်လုပ်ကြမလဲ မြန်မာကိုတော့
ဘယ်လိုမှမယှဉ် နိုင်တော့ဘူး "
ထရန့်
"အဲ့တာ ပြောတာ သူတို့သာ ကမ္ဘာကိုသိမ်းပိုက်ချင်ရင် အလွယ်လေး ပီးတော့ ကျူ ပ်အကြောက်ဆုံးက ဒီအစိုးရလက်ထက်မှာ အင်မတန်အင်အားကြီးလာတဲ့ လေတပ်မတော်ကြီးပဲ "
အဲ့လိဇဘတ် ဘုရင်မကြီးက သက်ပြင်းချကာ
" ဘာလုပ်ရမှာလဲရှင် ကမ္ဘာကြီးကို မြန်မာတွေကို ဦးဆောင်ခိုင်းကြတာပေါ့ရှင် "
အားလုံးက ခေါင်းတဆတ်ဆတ်ငြိမ့်ကာ သဘောတူကြလေသည်
။
(အဲ့တာပြောတာ မြန်မာကြံရင် ကမ္ဘာတောင် မခံနိုင်ပါဘူးလို့ 😂😂😂)
crd - Ko Shar

Comments
Post a Comment