ပြာကလပ်စိန်မ
~~~ကျွတ်တောက် ~~တောက်တောက် ~~~တောက်တောက်
ဘောက် ဒေါက်!!!~~~~~~
!!"အား...!!!!"
19.5/20.5အရွယ် ကောင်မလေးတစ်ယောက် ပီကေဝါးပြီး ဆတ်ကော့လက်ကော့နဲ့ ကျနော့ရှေ့က ဖြတ်သွားတယ် သွားတာ ရိုးရိုးမသွားဘူး သူ့စလင်းဘတ်ကို ကောင်းကောင်းမလွယ်ပဲ ယမ်းပြီးသွားတော့ ကျနော့ ခေါင်းတည့်တည့် လာရိုက်မိတာပေါ့
ရုပ်ကတော့ အလန်းစားပဲ လျှာထိုးဦးထုပ်နဲ့ အရမ်းတော့ လှပေမဲ့ ပြာကလပ်စိန်မလေး ပုံစံပဲ
"စောရီး ဘယ်နားနာသွားလဲ ကျွတ်~~~တောက်တောက်"
"နာတယ် အရမ်းကိုနာတယ်"
"တောက်~~တောက်~~တောက်~~တောက်~တောင်းပန်တယ်"
ငင့် လေးချက် ဆက်တိုက် ပီကေကို တောက်!!ပြီးတော့တောင်မှ တောင်းပန်တယ်တဲ့လေ
စကားပြောတာတောင် ပါးစပ်က ပီကေက အဝါးမပျက်ဘူး နှုတ်ခမ်းနီက စိုးထားသေးတယ် နှုတ်ခမ်းက မထူမပါးဆိုတော့ တစ်ခါတစ်ခါ ပီကေ ခွဲဖို့ ပါးစပ်ပြင်လိုက်ရင် မျောက်ဖင်နီ ကျနေတာပဲ
ဒါပေမဲ့ နှုတ်ခမ်းလဲလှတယ်ဗျ
"ဦးလေးရယ် ဖွဖွ"
ကျနော့ကိုလဲ ဦးလေးတဲ့ သဲကန္တာရမှာ မိုးကြိုး အခါတစ်သိန်းဆက်တိုက် ပစ်လိုက်သလိုပဲ
ကျနာ့ နားလျှောက်လာပြီး ကျနော့ လာတောင်းပန်မလို့ထင်တယ်
"အား..!!..အား...!!!..သေပါပြီ"
ကောင်မလေးကြောင်ပြီး ကျနော့်ကို ပြူးကြည့်လာတာပေါ့
!"!!ဘာဖြစ်တာလဲဟင်!!"
"!!!ခြေ..ခြေ..ခြေထောက် နင်း...နင်း....နင်း..!"
"ရှင်!!....စောရီး မတော်လို့ပါ"
"လုပ်လိုက်ရင် အရမ်းပဲ သွားငါ့နားမလာနဲ့"
"ဟုတ်ကဲ့ပါရှင်!!ပကျွတ်~~တောက် ~~တောက်~~"
သူ့ဒေါက်ဖိနပ် အချွန်နဲ့ နင်းတာဗျ ခြေထောက်တောင် ချိုင့်သွားတယ်
"ဟာ ....... နင့်ပီကေပါထွေး"
ကောင်မလေး ထွက်သွားမယ်အလုပ်မှာ
ဝှီး~~~~~ ဘတ်~~~~ဖြောင်း~~~~
"အောင်!!!မ!!!လေးဗျာ!!!အား.လားလား ငါ့သွားတွေတော့ ကျိုးပါပြီ"
သူက သွားခါနီး အနောက်လှည့်ပြီး သူ့စလင်းဘတ်ကို တစ်ပတ်အီတော့ မျက်နှာတည့်တည့် ထပ်လာရိုက်မိတာပေါ့
"စောရီးပါရှင်"
"ရတယ် မတောင်းပန်နဲ့ သွားတော့"
"ဟုတ်"
ကျနော်ဘဲ ပြောပြောဆိုဆို ရေဆာတာနဲ့ ဘေးက ရေသန့်ဗူးကို ယူပြီး အရစ်ဖွင့်နေတုန်းပဲရှိသေးတယ်
"ဦးလေး ကျမဖွင့်ပေးမယ်"
"ဟာ..ရတ.."
"ပေး......"
.
.
ဗျစ်...ဖရော
"ဟာ.!!!..သွားပြီ စိုကုန်ပြီ ဘယ်လိုလုပ်လိုက်တာလဲ"
ရှပ်ပြာမလေး သူ့စလင်းဘတ်ကို ကျနော်ထိုင်နေတဲ့ ခုံဘေးကိုချပြီး အထဲက လက်ကိုင်ပုဝါ ထုတ်ပြီး လာသုတ်ပေးမလို့တဲ့
"တောင်းပန်ပါတယ်ရှင် မတော်လို့ပါ ~~~ကျွတ်တောက်တောက်"
"ဘယ်တော်မလဲ နင်က လာညစ်တာကို ပန်းထွက်ကုန်တာပေါ့"
"စေတနာနဲ့ပါရှင် တောက်တောက်"
ပီကေက အဝါးမပြတ်သေးဘူး
"ပီကေ မထွေးသေးဘူးလား"
"ဒါကအသစ်ပါ မယုံရင်စားကြည့်ပါလား အချိုတောင်မကုန်သေးဘူး"
ဖီ ပီကေကို အရှည်လိုက်ဆွဲပြတယ်လေ ပြီးတော့ အမျှင်လိုက် သူ့ပါးစပ်ထဲ ထိုးထည့်တယ်
"မစားပါဘူး သွားတော့"
"ဟို..ဟို..ဟို..တောင်း...တောင်း"
"ငါ့နားမကပ်နဲ့ ခွင့်လွှတ်တယ် မတောင်းပန်နဲ့ .........!!!! သွား!!!!!!!!"
ကျနော် မျက်လုံးစုံမှိတ် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အားရပါးရအော်လိုက်တော့ ကောင်မလေး လန့်ပြီး ပြေးသွားတယ်
ခမ်းလှမ်းလှမ်းရောက်မှ ကျနော့ကို လက်ညိုးထိုးပြီး
.
.
.
.
.
.
.
.
"အမလေး !!!!!! ဟိုလူကြီး.!!..ဟိုလူကြီး.."
ပဲရှိသေးတယ် လူအုပ်ကြီးက ကျနော့ကို ဝိုင်းအုံပြီး ချုပ်ထားကြတာပေါ့
ဟိုက်စကိုဘာလဲဟ ငါဘာလုပ်မိပြန်ပြီလဲဟ
"....ဘေးမှာ ကျမစလင်းဘတ် ကျန်ခဲ့လို့"
"ဗျာ!!"
"မိန်းကလေး ဒီကောင်ဘာလုပ်တာလဲ"
"မဟုတ်ပါဘူးရှင် သူ့ဘေးက ကျမ စလင်းဘတ် ကျန်ခဲ့တာ သတိရလို့ ..... ပျော်ပြီး အော်လိုက်တာ "
ယေ.....
ငလူးမ ဆပ်ကော့လက်ကော့မ နဂိုက ရှင်းရှင်းမအော်ဘူး တစ်တွဲထဲလဲမအော်ဘူး ငါသေတော့မလို့
ဒီနေ့ အလုပ်သွားရမှာကို သူလုပ်တာနဲ့ ခေါင်းကဖု
ပါးတွေ သွားတွေလဲ ကျိန်း ရေကလဲ စိုလပျစ်ကိုရွှဲလို့ မိုးမိလာတယ်လို့ ညာရအောင်လဲ မိုးကမရွာဘူး
သူ့စလင်းဘက်ထဲ ဘာတွေ ထည့်ထားလဲမသိဘူး ခေါင်းတွေကို အီစိမ့်သွားတာပဲ
ခြေထောက်လဲ နာချက်
အထိုးအကြိတ်လဲ ခံရတော့မလို့
ဟူး.. ကွကိုနေလဲ အကုသိုလ်က အတောင့်လိုက်ဝင်တာပဲနော်
အွပ်တ်စကွတ် ကံကောင်းအောင် ဘာလုပ်ရမည်နည်း
မှတ်ချက်။ ။ ယတြာ မချေခိုင်းရ အွပ်တ်စကွတ် ဗေဒင်မယုံပါ
Original by ###အွပ် တ်
Credit

Comments
Post a Comment