လူပျိုကြီးဟာသ ပုံပြင်လေး

လူပျိုကြီးဟာသ ပုံပြင်လေး
~~~~~~~~~~~~~~~~~~~~
ဟိုးတုန်းက တောရွာလေး တစ်ရွာမှာပေါ့ မိန်းမ သိပ်လိုချင်နေတဲ့ လူပျိုကြီး တစ်ယောက်နဲ့

လင်သိပ်လိုချင်နေတဲ့ အပျိုကြီး တစ်ယောက်တို့ဟာ ရွာဓလေ့ ထုံးစံအတိုင်း ညအခါမှာ အိမ်ရှေ့

ကပြင်မှာ စကားထာ ၀ှက်တမ်း ကစားကြသတဲ့။
အပြင်မှာ လကလေးကလည်းသာ အထဲမှာလည်း

လူပျိုကြီးနဲ့ အပျိုကြီးကြားမှာ ရေနံဆီမီးခွက်လေး ထွန်းလို့။ လူကြီးတွေကတော့ ရှောင်ပေးတဲ့ အနေနဲ့

အိပ်ကုန်ကြပါပြီ။

    စကားထာ ၀ှက်တဲ့အခါမှာ အပျိုကြီးက အရင်ဝှက်မယ်တဲ့။ ၀ှက်ပေါ့ ။ လူပျိုကြီးက ထင်ထားတာက   

'' ပင်လယ်ဓါးပြ'' တို့၊'' ခွေးလှေးယားသီး ဘိုင်စကယ်'' တို့၊ ''စပါယ်ဖူးစ ဇီးယောက်မ ကျွန်မနာမည်ပါကွယ်

 မောင်ကြီးရယ်'' စသည်ဖြင့်ပေါ့လေ ခါတိုင်းဝှက်နေကြ အများသူငါ ၀ှက်နေကြ ခပ်ညံ့ညံ့ စကားထာတွေ

လောက်ပဲ ထင်ထားတာ။ ဒါပေမယ့် အပျိုကြီးက ဘာသာတရားလည်း ကိုင်းရှိုင်းတယ်။ စာပေကိုလည်း

လိုက်စားထားတော့ မေးလိုက်ပုံက ...

    '' ဏ (နကြီး) ကို ဖယ်ပါမှ န (နငယ်) နဲ့နီးပါ့မယ် မောင်ကြီးရယ်....''

      အဲဒီလို ၀ှက်လိုက်တော့ လူပျိုကြီး ဒုက္ခတွေ့တော့တာပဲ သူထင်ထားတာမဟုတ်ဘဲ သူမကြားဘူးတာ

 ဖြစ်နေလေတော့ အကြံအိုက်တော့တာပေါ့။ စဉ်းစား ပေမယ့် အဖြေက မပေါ်ဘူး။ ဒါနဲ့ ခေါင်းကြီးငုံ့ပြီး

အကြာကြီး စဉ်းစားတော့လည်း အဖြေက မထွက်။ မတတ်သာတဲ့အဆုံး ပန်းပေးတော့မယ် ဆိုပြီး

အပျိုကြီး မျက်နှာ မော့ကြည့်လိုက်တော့ အဲဒီမှာ အဖြေက သွားတွေ့သတဲ့။ ဘာလဲဆိုတော့ အပျိုကြီး

ဝတ်ထားတဲ့ ပဒုမ္မာ ရှန်သားင်္အကျီအောက်က ချွေးခံ (ဘရာစီယာ) က ... ဏ (နကြီး) ပုံ ပေါက်နေဆိုပဲ။

ဒါနဲ့ လူပျိုကြီးက ''ဒါ  ငါ့ကို အထာပေးတာပဲ '' ဆိုပြီး အတင်းထ ဆွဲဖြဲလိုက်တာ အပျိုကြီး အော်လို့

တစ်အိမ်လုံး နိုးလာ၊ သူကြီးတိုင်လို့ ခြောက်ပေါက် (ထိပ်တုံး) ထဲ တစ်ည ၀င်အိပ်လိုက်ရတယ်တဲ့။

 အပျိုကြီး ပြောချင်တာကတော့...

         ''တဏှာကို ဖယ်ပါမှ နိဗ္ဗာန် နဲ့ နီးပါ့မယ် မောင်ကြီးရယ်''  ......  တဲ့

ခင်ညားရီးးးတို့လည်းးး ကြည့်ကျပ်လုပ် စာတွေးတွေးနော်
အတော်ကြာ သူကြီး ခြောက်ပေါက် မိနေဦးမယ်

ရိုင်းတာလေးတွေပါရင် ခွင့်လွှတ်

Credit#စိတ် သခင်
via.TZO

Comments