ကိုရင်သာဂိမှာ ထူးဆန်းတဲ့အမူအကျင့်နဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်
ကိုရင်သာဂိမှာ ထူးဆန်းတဲ့အမူအကျင့်နဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်။
ပထမ တစ်ယောက်က ယောက်ျားလေး သူ့နာမည်က မင်းဇာနည်တဲ့။
သူ့အကျင့်က ဘယ်လိုလဲဆိုတော့ ညဖက်ကျုပ်တို့နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင် ဘယ်တော့မှ ည၈နာရီကျော်အောင်မထိုင်ဘူး အမြဲတမ်း၈နာရီမထိုးခင် ပြန်သွားတတ်တယ်။ အဲ့သည်အချိန် သူ့ကိုမပြန်ဖို့တားတဲ့သူဟာ သူ့ရန်သူပဲ ဘယ်လိုမှတားမရဘူး။
ကျုပ်တို့လဲ ဘယ်လိုမှတားမရတဲ့အဆုံး နောက်ပိုင်းမှာ ဘယ်သူမှမတားတော့ဘူး။ ဒါပေမယ့် ဒီကောင်ဘာကြောင့် အခုလိုအမြဲလုပ်နေလဲဆိုတာတော့ သိချင်တာအမှန်ပဲ ဒီကောင့်ရီစားကြောင့်လားဘာလားပေါ့။ သူ့ကိုမေးတော့လဲ ဟိုလိုလိုဒီလိုလိုနဲ့ မဖြေဘူး။
တစ်နေ့သော ညနေဖက် ကျုပ်လက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း မင်းဇာနည်တစ်ယောက် ကျုပ်ဆီကိုရောက်ချလာတယ်။
"ဟျောင့်..ငါဒီနေ့အသဲကွဲလာတယ်ကွာ ရှက်ကီသွားထုကြရအောင်"
ကျုပ်အံ့သြကြီးစွာ ပါစပ်အဟောင်းသားနဲ့ သူ့ကိုကြည့်လိုက်မိတယ်။ ဒီနေ့မှထူးထူးဆန်းဆန်း အရက်သောက်မယ်တဲ့ အံ့သြပေစွ။ ဒါပေမယ့်လည်း ကိုယ်တွေက အူရိုင်းလေးဆိုတော့ နှစ်ခါမခေါ်ရပါဘူး
"အေး...ချမယ်"
နှစ်ယောက်သား အရက်ဆိုင်ကိုချီတက်ပြီး သောက်လိုက်စားလိုက် အသဲကွဲလိုက်နဲ့ ငတိသားက ခေါင်းတောင်မစူနိုင်တော့ဘူး ည၁၁နာရီလဲထိုးသွားတယ်
ဒီတစ်ခါတော့ ငတိက အိမ်ပြန်မယ်ဆိုတဲ့စကား ဟတောင်မဟဘူး ကျုပ်ကအတင်းပြန်မယ်ပြောလို့ ပြန်လာတာ
ထင်တော့ထင်သား သူ့ရီးစားကြောင့် ဒီကောင်ညဖက်ဆို ၈နာရီမထိုးခင် တန်းပြန်တာပါလို့
အခုတော့ ရီစားနဲ့ပြတ်လို့ အရက်တွေစွတ်သောက်ပြီး ခေါင်းတောင်မထူနိုင်တော့ ကျုပ်ကပဲသူ့ကိုတွဲပြီး အိမ်လိုက်ပို့ရတော့မှာပေါ့။
ဒါပေမယ့် ခက်တာက ကျုပ်ကသူ့အိမ်ကိုမသိ တစ်ခါမှလဲမရောက်ဖူးဘူး။ တက်နိုင်ဘူး ဒီလိုပဲ မေးစမ်းသွားရတော့မှာပဲ။
ကျုပ်မှာသူ့ကိုတွဲရတာကတစ်ဖက် လမ်းမသိအိမ်မသိလို့ သူ့ကိုမေးလိုက် လမ်းတွေ့တဲ့သူကိုမေးလိုက်နဲ့ သောက်ထားတဲ့အရှိန်လေးတွေတောင် ဘယ်ရောက်ကုန်မှန်းမသိဘူး။လမ်းမှာလဲ အန်လိုက်တာ ပြောမနေပါနဲ့တော့
"အိမ်ရှင်တို့...ဗျို့အိမ်ရှင်တို့ ဒီမှာမင်းဇာနည်မူးနေလို့ လာပို့တာပါဗျို့."
"ဟျောင့်သာဂိ.. ငါ့အိမ်ရောက်ပြီလား ...အေ့."
"အေးအေး ရောက်ပြီ...လာတက်"
အပြင်ကအော်ခေါ်နေပေမယ့် ဘယ်သူမှထွက်မလာလို့ ငတိသားကို မနည်းတွဲကာ အိမ်ပေါ်တက်လိုက်တယ်
အိမ်ပေါ်လဲရောက်ရော ဟိုငတိက ကျုပ်အတွဲကို မခံတော့ပဲ သူ့ဟာသူဒယီဒယိုင်နဲ့ လျှောက်သွားလိုက်ပြီး ရုတ်တစ်ရပ် သူ့ခါးကပုဆိုးကိုချွတ်ချလိုက်တယ်။
ဟာ..သောက်ပြသနာပဲ ဒီကောင်မူးမူးရူးရူးနဲ့ ပေါက်ကရလုပ်ပြီထင်တယ် အမြန်ဆွဲမှ သူ့မိဘတွေထွက်လာမှ ဒုက္ခ
"ဟျောင့်...မင်းတော့ ဒုက္ခပါပဲကွာ ဘာတွေလျှောက်လုပ်နေတာလဲဟ"
ကျုပ်ပြောပြောဆိုဆို သူ့ပုဆိုအတင်းပြန်ဝတ်ပေးလိုက်တယ်။ဒါကိုသူက ကျုပ်ကိုအတင်းတွန်းလွှတ်ကာ
"ရတယ် သားရီး ရတယ်...ငါ့ကိစ္စငါရှင်းမယ် မင်းအသာနေ"
ကျုပ်လဲအကြိမ်ကြိမ်တားတာပဲ နောက်ဆုံးဘယ်မှတားမရတော့ လုပ်ချင်တာလုပ်ပါစေဟာဆိုပြီး လွှတ်ပေးလိုက်ရတော့တယ်။
ကျုပ်လွှတ်ပေးလိုက်တော့မှ ငတိသားက ပုဆိုးဖင်ပြောင် ဒယီးဒယိုင်နဲ့ အိမ်တိုင်ကိုပြေးဖက်လိုက်တယ်။ ပြီးတော့မှ
"အမေရေ..သားပြန်ရောက်ပြီ"
"အေး ငါလာပြီ ခဏစောင့်"
မင်းဇာနည်ရဲ့အော်သံအဆုံး အိမ်ခန်ထဲက အဒေါ်ကြီးတစ်ယောက်အသံကို ကြားလိုက်ရတယ်
ခဏကြာတော့ ကြိမ်လုံးကိုလက်မှာကိုင်ကာ အိမ်ခန်းထဲက အဒေါ်ကြီးတစ်ယောက် ထွက်လာပြီး ဖင်ပြောင်ကြီးနဲ့အိမ်တိုင်ကိုဖက်ထားတဲ့ မင်းဇာနည်ကို ကြိမ်လုံးနဲ့ တစ်ဖြန်းဖြန်းနဲ့ ဆော်ပလော်တီလေသည်။
အားလုံးစုစုပေါင်း ၇ချက်တိတိ အရိုက်ခံပြီးနောက် မင်းဇာနည်က ပုဆိုးကိုပြန်ကောက်ဝတ်လိုက်တယ်။ ပြီးတော့ ကျုပ်ကိုမချိတင်ကဲ ပြုံးပြကာ ခုဏသူဖက်ထားတဲ့တိုင်ဘေးနားက နံရံကိုလက်ညိုးထိုးပြလိုက်တယ်။
ဟယ်.....ဒုက္ခော
နံရံမှာကပ်ထားတဲ့ စာတွေကြောင့် ကျုပ်မျက်လုံးတွေပြူးပြီးအံ့သြလွန်းလို့ ပါစပ်အဟောင်းသား
ဖြစ်သွားတယ်။
အရက်သောက် ၁၀ချက်
ဆေးလိပ်သောက် ၆ချက်
ည၈နာရီထက်ကျော်၍ အိမ်ပြန်နောက်ကျပါက ၄ချက်
ပြောမကောင်းဆိုမကောင်းပါက ၂ချက်
အထက်ပါပြစ်ဒဏ်များအား ကိုတိုင်ဝန်ခံ ဖင်ချွတ်ပြီးတိုင်ဖက်ားထားပါက ပြစ်ဒဏ်ကို ထက်ဝက်လျှော့ချပေးမည်
ပုံ
နင့်အမေ
စားကြွင်း။ ။စိတ်မကြည်ပါက မထင်ရင်မထင်သလို ထိပ်ခေါက်မည်။
အံ့သြပေစွ မင်းဇာနည်ရေ မှတ်ကရော ဟ။
.......................................................................................
နောက်တစ်ယောက်ကတော့ မိန်းကလေး
နာမည်က မဲပု( Thar Thar )တဲ့
သူ့အကျင့်ကျတော့ တစ်မျိုးဗျ
အရာရာကို သူများတွေနဲ့နှိုင်းယှဉ်ပြီးတော့ အားငယ်တတ်တာက သူ့အကျင့်ပဲ
ဘယ်လောက်ထိ သူများနဲ့လိုက်နှိုင်းယှဉ်လဲဆိုတော့
"ဟဲ့...နင်တို့ပါတဲ့ အီးတုံးကကြီးလားဟင် ငါပါတဲ့အီးတုံးက သေးသေးလေးရယ်ဟယ် အားငယ်ထှာ....နင်တို့နောက်တစ်ခါ အီးပါရင် သေးသေးပဲပါဟာ"
ငင့်
အာ့သလို လိုက်ပြီးနှိုင်းယှဉ်တာပါဆို ဟုက်တယ်။
သူပြောသလိုသာဆို ကျုပ်တို့တောင် အီးကိုအားရပါးရပါလို့မရတဲ့ဘဝဖြစ်နေပြီ။
ဒါနဲ့မပြီးသေးဘူးဗျ
တစ်နေ့ သူအလုပ်လုပ်တဲ့ ရုံးခန်းထဲက စာအုပ်ဟောင်းတွေကို ရှင်းရင်းနဲ့ စာအုပ်ပုံထဲမှာ ခွေနေတဲ့မြွေက သူ့ကိုကိုက်လိုက်ရောဗျ။
သူလဲ ကြောက်ကြောက်လန့်လန့်နဲ့အော် ကျုပ်တို့ကလဲ ကပျာကယာ အဲ့ဒီမြွေကို အတင်းလိုက်ဖမ်းရိုက်သက်ပြီးတော့ သူ့ကိုဆေးရုံကို အမြန်ပို့လိုက်ရတယ်။
ဆေးရုံရောက်တော့ ဆရာဝန်က သေချာစမ်းသပ်ပြီးတော့ ကိုက်တဲ့မြွေက အဆိပ်မရှိကြောင်း သာမန်ရေမြွေလေးသာဖြစ်ကြောင်း ပြောပြတယ်။ အဲ့သည်တော့မှ ကျုပ်တို့လဲ သက်ပြင်းချနိုင်တော့တယ်။
ပြီးတော့ စိတ်ချရအောင် ဆေးရုံမှာ ၃နာရီလောက်စောင့်ဖို့ ဆရာဝန်က မှာထားလို့ စောင့်နေလိုက်တယ်။
၃နာရီပြည့်အောင် စောင့်နေရင်းနဲ့ ငတိမက ဘာထပြောလဲဆိုတော့
"သာဂိရယ်..ငါအားငယ်လိုက်တာဟာ"
"ဟမ်..ဘာလို့အားငယ်တာလဲဟ ငါတို့လဲနင့်နားမှာရှိနေတာကို....ပြီးတော့ နင့်ကိုကိုက်တဲ့ မြွေကအဆိပ်မှမရှိတာ နင်ဘာမှအားမငယ်နဲ့နော် မဲပု"
"အဲ့ဒါပြောတာမဟုက်ဘူးဟ..ဟိုမှာကြည့်"
မဲပုလက်ညိုးထိုးပြတဲ့ နေရာကိုကြည့်လိုက်တော့ မြွေကိုက်ခံရလို့ ဆေးရုံလာတက်တဲ့လူနာတွေ...သူတို့ဘေးမှာလဲ သူတို့ကိုကိုက်တဲ့ မြွေသေတွေချထားတယ်။
"အဲ့မှာတွေ့လား...သူတို့ကိုကိုက်တဲ့မြွေတွေက မြွေပွေးမြွေဟောက်တွေ..ပြီးတော့ လက်မောင်လုံးလောက်တွေဟ
ငါ့ကိုကိုက်တဲ့မြွေကကျ လက်သန်းလုံးလောက်ကလေး ပြီးတော့အဆိပ်လဲမရှိဘူး..ငါအရမ်းအားငယ်တယ်ဟာ"
"ဟမ် မသာမ..နင်အာ့လောက်တောင်အားငယ်နေရင် နင့်ကိုနောက်တစ်ခါကျ ငန်းတော်ကြား ခြေသလုံးလောက်ကြီး အကိုက်ခံရအောင် ငါလုပ်ပေးမယ်သိလား"
"ဟမ်...ငါသေသွားမှာပေါ့ဟ"
"သေသေဟာ...သေအေးတာပဲ မသာမ"
ဟုက်တယ်
မှတ်ကရော
ပုံ
ကိုရင် သာဂိ
Credit

Comments
Post a Comment