ဝမ်းနုတ်​မလို့ပါဆို​နေ

သာ​အေးတစ်​​ယောက်​ မယ်​တင်​၏ကုန်​​စုံဆိုင်​သို့ ​ဈေးဝယ်​သွားသည်​။

` အစ်​မ… ကိုလှထွန်းရှိလား´

`ဟဲ့​အကောင်​… ငါက တစ်​​ယောက်​တည်း​နေတဲ့ အပျိုကြီးဟဲ့။ ဘယ်​ကကိုလှထွန်းမှမရှိဘူး´

`မဟုတ်​ဘူး​လေ… ကျွန်​​တော်​​ပြောတာက ကိုလှထွန်း​ငရုပ်​သီးမှုန့်​ကို​ပြောတာ´

`ဪ… ရှိတယ်​။ ဘယ်​နှစ်​ထုပ်​လဲ´

`တစ်​ထုပ်​​။ ပြီး​တော့ ဂျင်းရှိလား´

`ရှိတယ်​… ဘယ်​​လောက်​ဖိုးလဲ´

`တစ်​​ထောင်​ဖိုး´

`ကဲ​…ရော့… ​ဟောဒီမှာ ဂျင်း´

`မဟုတ်​ဘူး​လေ ကျွန်​​တော်​​ပြောတဲ့ဂျင်းက MPT ကို​ပြောတာ´

`အလို… နင့်​စကားက ဘာတုံး´

`ကျွန်​​တော့်​စကား ကျွန်​​တော်​သိပါတယ်​ဗျာ။
ဒါနဲ့ ဘဲဥက​ရော ဘယ်​လိုလဲ´

`​ဟောဒီလို လုံးလုံး​လေး´

မယ်​တင်​က ဘဲဥကို​ထောင်​ပြသည်​။

`ဪ… ဘဲဥပါဆိုမှ အဲဒီလိုလုံးလုံး​လေးမဟုတ်​လို့
လေး​ထောင့်​တုံးကြီးဖြစ်​​နေရမလား။
ဥရမယ့်​ဘဲမကိုလည်း သနားပါဦးဗျာ။
ကျွန်​​တော်​​ပြောတာက ဘဲဥဘယ်​​ဈေးလဲ​မေးတာ။ ​နေပါ​စေ​တော့ဗျာ ။ အစ်​မမှာ စပွန်​ဆာရှိလား´

`သာ​အေး နင်​နည်းနည်း​တော့များသွားပြီ။ ငါ့လိုအပျိုကြီးကစပွန်​ဆာထားစရာလား။ ကြိုက်​တဲ့​နေရာလှန်​ကြည့်​ သန့်​သန့်​​လေးဟဲ့´

`ဒါဖြင့်​ ပြကြည့်​´

`ဟင်​… နင်​… နင်​ ​ခွေးစကားမ​ပြောနဲ့´

`ဗု​ဒ္ဓေါ… ကျွန်​​တော်​က စပွန်​ဆာအချိုရည်​ရှိမရှိ ​ရေခဲ​သေတ္တာဖွင့်​ပြခိုင်းတာ​လေ။ ဘာ​တွေ​ပြောမှန်း​ကိုမသိဘူး။ ​တော်​ပြီဗျာ…ဂြိုလ်​တုပဲ​ပေး​တော့´

`ဟဲ့ ဂြိုလ်​တုရှိရ​အောင်​ ငါ့ဆိုင်​ကို အာကာသစခန်း​များမှတ်​​နေလား။ ​နေစမ်းပါဦး နင်​က အဲ့ဂြိုလ်​တုကို ဘယ်​လွှတ်​မလို့လဲ´

`ဪ အစ်​မဆိုင်​ထဲကို ပစ်​မလို့ဗျို့ ကဲရှင်းပြီလား။
ဟုတ်​တယ်​ ဝမ်းနုတ်​မလို့ပါဆို​နေ´

Oိာန်
###နတ်​​စောင်း(ကျိုက်​ထို)
Ko Gyi Kyaw
လောကကို  ပြုံးစေ  ရယ်စေမယ်

#တစ်ရက်မှာအနည်းဆုံးတစ်ကြိမ်ရယ်မောပါ။
#ရယ်မောခြင်းဟာအိုမင်းခြင်းကိုကာကွယ်စေတဲ့အပြင်…
#စိတ်ဖိအားကိုသက်သာစေပါတယ်။

Comments