ကိုယ်​ဖြစ်​ကိုယ်​ခံပဲ​မောင်​မင်း

မင်းညီလာခံကျင်းပနေသည့် နန်းရင်ပြင်တခုလုံးတိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်...

"မောင်မင်း... ဘာဖြစ်သတုန်း... ငါကိုယ်တော်မြတ်ကို အကြောင်းစုံလျှောက်တင်စမ်း" ဟု ပုလ္လင်ပေါ်တွင်ထိုင်နေသော မင်းတုန်းမင်းတရားကြီးမှ မေးသောအခါ...

ရတနာပုံသတင်းစာ သတင်းထောက် မောင်ပြူးမှ "ငါမကောင်းလျှင် ငါမကောင်းသည့်အကြောင်းရေး... ငါ့မိဖုရားမကောင်းလျှင်လဲ ငါ့မိဖုရားမကောင်းကြောင်းရေးဟု... ဘဝရှင်မင်းတရားကြီးမှ အမိန့်တော်ချမှတ်ခဲ့သည်ကို နာယူခဲ့ပါသည်ဘုရာ့" ဟု ပြားဝပ်ကျိုးနွံစွာလျှောက်ထားသည်တွင်...

"အိမ်း... အဲ့သဟာ... ဘာဖြစ်သတုန်း" ဟု မင်းတရားကြီးမှ စိတ်ဝင်စားစွာမေးမြန်းတော်မူလေ၏...

"မိဖုရားမကောင်းကြောင်းတောင်မရေးရသေးပါဘူးဘုရာ့... မိဖုရားရဲ့ လက်စွဲ မယ်ပုအကြောင်းရေးတာနဲ့တင်...ကျွန်တော်မျိုးကို မယ်ပု က ပါးခေါ်ရိုက်တယ်ဘုရာ့... ခြေထောက်နဲ့လဲ ကန်တယ်ဘုရာ့"

မောင်ပြူး လျှောက်တင်သည်ကိုကြားသောအခါ မင်းတရားကြီး သက်ပြင်းချတော်မူ၏...

"အိမ်း...ငါကိုယ်တော်မြတ်က ရေး လို့ဘဲ မိန့်တော်မူသကွဲ့...မောင်မင်းတို့ ရေး ရင် ပါးအရိုက်မခံရဘူး... ခြေထောက်နဲ့အကန်မခံရဘူးလို့ မိန့်တော်မမူခဲ့ဘူးကွဲ့... ကိုယ်ဖြစ်ကိုယ်ခံဘဲမောင်မင်း... ငါ့သောက်လုပ်မဟုတ်ဘူး" ဟု တည်ငြိမ်စွာမိန့်တော်မူလေ၏...

(စာကိုး... မှန်နန်းရာဇဝင်ကြမ်း... စာမျက်နှာ ၆၅၉.. စာပုဒ် ၃ ... စာကြောင်းရေ ၁၈၀)

Credit ။Melvin Moe

Comments