တရားခံ ဘယ်သူလဲ
တရားခံ ဘယ်သူလဲ
============
ရေလွှမ်းမိုးမှုများနှင့်ပတ်သက်၍စုံစမ်းစစ်ဆေးရေးကော်မှ စစ်ဆေးရာ -
ပထမဦးစွာ …
ရေငံပိုင်ဦးရှင်ကြီးအား စစ်ဆေးရာ ၄င်းမှာ
ပင်လယ်ထဲရောက်၍ ငံသွားမှသာဆိုင်ပြီး ရေချိုနေလျှင်
မဆိုင်သေးကြောင်း အထက် ချင်းတွင်း မှ စခဲ့သဖြင့်
အမေရေယဉ် နှင့်သာတိုက်ရိုက်သက်ဆိုင်ကြောင်း
ငြင်းကွယ်ထွက်ဆိုပါသည်။
ဆက်လက်၍ …
အမေရေယာဉ်အားစစ်ဆေးရာ ၄င်းမှာ
ပုံတောင်ပုံညာ မှ ဇီးတောသို့
ရွေးကောက်ပွဲကိစ္စဖြင့် ဆိုလာပြားများသွားပေးရင်း
ခရီးလွန်နေသဖြင့် ရေဖုံးလွှမ်းသည်ကို မသိလိုက်ကြောင်း
၎င်းပျက်ကွက်သည်မှန်သော်လည်း မြစ်နားနီးလျှင်
မြင်းဖြူရှင် ၏တာဝန် သာဖြစ်ကြောင်း ထွက်ဆိုခဲ့သည် ။
ထို့ကြောင့် …
မြင်းဖြူရှင်အားထပ်မံစစ်ဆေးရာ
၎င်းမှာ အခင်းဖြစ်နေ့က မြင်းနေမကောင်းသဖြင့်
တိမွေးကုဖြင့်ဆေးခေါ်ထိုးနေခဲ့ကြောင်း
မိမိကိုယ်တိုင်ရေနစ်သေခဲ့ရသဖြင့်
ရေဘေးဒုက္ခသည် များအားစာနာပါကြောင်း
့ရေမှာ ကြီးချင်တိုင်းကြီးမရကြောင်း မိုးရွာ၍
ရေကြီးခြင်းသာဖြစ်ကြောင်း ထို့ကြောင့်
မိုးခေါင်ကျော်စွာ ၌သာ တာဝန်ရှိကြောင်းထွက်ဆိုပါသည်။
မိုးခေါင်ကျော်စွာအား ဆက်လက်စစ်ဆေးရာ
မိုးရွာသည်မှာ ရွာချင်တိုင်း ရွာမရကြောင်း
လေတိုက်များ၍ တိမ်များလွင့်ပါးလာခြင်း
ကြောင့်သာ ရွာရခြင်းဖြစ်ကြောင်း ...
လေတိုက်များရခြင်း၏ အဓိကလက်သည်တရားခံများမှာ
ဗမာပြည် ၏ အကြီးအကဲများ သာဖြစ်ကြောင်း
၎င်း တို့၏ လေတလုံး မိုးတလုံး
ပြောဆိုလေ့ရှိရာမှ လေလုံးထွား ထိန်းမနိုင် သိမ်းမနိုင်
ဖြစ်ကာ မိုးဆက်တိုက်ရွာခြင်းဖြစ်ကြောင်း ထွက်ဆိုပြန်ပါသည်။
သို့နှင့် အမှုမှန်ပေါ်ပေါက်ရေး
ဆက်လက်စုံစမ်း စစ်ဆေးသွားမည်
ဖြစ်ကြောင်း နတ်ကတော်ဒေါ်ညို ၏ ဖေ့စ်ဘုတ်စာမျက်နှာ
၌ ဖော်ပြထားပါသည်။
Credit-လေနတ်သားလေး

Comments
Post a Comment