ခလေးရယ်မင်းဘဝလေး ရေလိုအေးလို့ ပန်းလိုလန်းဆန်းချမ်းမြေ့ပါစေ...
ကိုယ်လ္ဘက်ရည်ဆိုင်ရှေ့ဆိုင်ကယ်ရပ်ယုံပဲရှိသေးတယ်
"အကိုကြီးရယ် ကျနော်ကိုထမင်းဖိုးလေးသနားပါ" ဆိုပြီး
ကိုယ့်ပေါင်ကိုအတင်းပုတ်ပြီး ပိုက်ဆံတောင်းနေတဲ့ခလေးလေး...
၂ခါ ၃ခါလောက်ပုတ်ပီးတောင်းလို့မရတော့
အောက်မှာကျုံ့ကျုံ့လေးထိုင်ရင်းလက်အုတ်လေးချီပြီး
"အကိုကြီးရယ် သားဘာမှမစားရသေးလို့ပါ"
ဆိုပြီးမျက်နှာငယ်လေးနဲ့ပြောနေတာမြင်တော့စိတ်ထဲတမျိုးဖြစ်သွားတယ်..
ပုံမှန်ဆိုရင်တော့ ကိုယ့်ကိုလာထိပြီး တပူကျည်ကျည်တောင်းနေတဲ့ခလေးမျိုးဆို
အော်လွှတ်တတ်ပေမယ့်
သူ့ပုံစံလေးကြည့်ရင်း
ကိုယ်လည်းသနားသွားတာနဲ့
လာ ဆိုပြီး ဆိုင်ထဲခေါ်
ကြိုက်တာမှာကွာ ဆိုတော့
အရမ်းပျော်သွားတဲ့ပုံစံလေးက ကောင်လေးမျက်နှာမှာအတိုင်းသားမြင်ရတယ်
သူအားရပါးရစားနေတာမြင်တော့
ကိုယ့်စိတ်ထဲလည်းပီတိဖြစ်တာပေါ့
"မင်းအသက်ဘယ်လောက်ရှိပြီလဲ"
"အမေကတော့ ရှစ်နှစ်လို့ပြောတယ်"
"မင်းမှာ အဖေရောရှိသေးလား"
"အဖေကရှိတယ်လို့တော့ ပြောတယ် တခါမှတော့မမြင်ဖူးဘူး "
မေးပြီးမှစိတ်မကောင်းတောင်ဖြစ်သွားတယ်
"မင်းတနေ့ကိုဘယ်လောက်ရလဲ"
"တခါတလေ တသောင်းလောက်ရတယ်အကို
တခါတလေကျတော့လည်း ၅ထောင်ကျော်ကျော်လေးပဲရတယ်
အဲ့နေ့ဆိုအမေကအရမ်းရိုက်တာ
ညစာလည်းမကျွေးဘူး"
ဆိုးလိုက်တဲ့ခလေးဘဝ
မိဘတွေကလည်းဒီအရွယ်လေးတွေကိုခိုင်းစားရက်တာကိုအံ့သြမဆုံးဘူး
"မင်းအခုဘယ်လောက်ရပီလဲ"
"ဒီနေ့တော့ အစောကြီးထဲက ၆ ထောင်လောက်ရနေပီအကို"
တက်တက်ကြွကြွနဲ့သူပြောတဲ့ပုံစံက သူ့ဒီနေ့အရိုက်မခံရတော့ဘူးဆိုတဲ့အဓိပ္ပါယ်မျိုး
"မင်းကျောင်းမတက်ဘူးလား..
ကျောင်းကောမတက်ချင်ဘူးလား"
"မတက်ချင်ဘူးအကို..
အမေကပြောတယ်
ကျောင်းတက်ရင် ပိုက်ဆံမရဘူးတဲ့
ပြီးတော့ ထမင်းလည်းမစားရဘူးတဲ့"
ကဲ...ဘယ်လောက်များဆိုးရွားလိုက်သလဲ
ုဖြူစင်တဲ့ခလေးတယောက်ရဲ့စိတ်ထဲမှာသူ့အမေပြောတဲ့စကားဟာအားလုံးအမှန်တရားပဲလေ
တကယ်လည်းသူ့ပါတ်ဝန်းကျင်မှာ သူလိုခလေးတွေပဲရှိနေရင် သူ့အမေပြောတဲ့စကားဟာအမှန်တရားလို့သူယုံတာမဆန်းပါဘူး..
သူလည်းအားရပါးရစားနေရင်း
ကိုယ့်ဘက်ကိုလှည့်ပြီး
"အကိုကဘာမှမစားဘူးလား"
"ဟေ့အေး...
မစားတော့ဘူး...ငါမှာပိုက်ဆံမပါဘူးကွ
ငါကကွမ်းလာဝယ်တာ
ပိုက်ဆံ ၂ ရာပဲပါတယ်..
မင်းဘာမှမစားရသေးဘူးဆိုလို့ ဝယ်စားလို့ရအောင်ဆိုင်ထဲလိုက်ပို့တာ"
ကောင်လေးကိုယ့်ကို ပါးစပ်အဟောင်းသားလေးနဲ့ကြည့်နေတဲ့အချိန် ကိုယ်လည်းထပြန်လာခဲ့တယ်..
စိတ်မကောင်းလို့ကွမ်းတောင်မဝယ်ဖြစ်ဘူး
ကိုယ်ဆိုင်ကယ်စက်နှိုးနေတဲ့အချိန်
ဆိုင်ထဲက ခလေးငိုသံအကျယ်ကြီးကြားလိုက်ပေမယ့်
စိတ်မကောင်းလို့လှည့်မကြည့်ပဲမောင်းထွက်လာရင်း
လမ်းတလျှောက်ခလေးလေးအတွက်ဆုတောင်းနေမိတော့တယ်...
ခလေးရယ်မင်းဘဝလေး ရေလိုအေးလို့ ပန်းလိုလန်းဆန်းချမ်းမြေ့ပါစေ...
....Ko Zay....

Comments
Post a Comment