```မေမေ့လို မဟုတ်​ဘူး´´´

```မေမေ့လို မဟုတ်​ဘူး´´´

သားအမိနှစ်ယောက်အပြင်ထွက်လာ​တုန်း
အ​မေက သူ့သားကို​ပြောတယ်​။

"သားလေး..ဦးဦး လူပျို တွေရှေ့ ကျရင်
မေမေလို့ မခေါ်နဲ့နော်၊ တီတီလေး လို့​ခေါ်၊
မေမေ မုန့်ဝယ်ကျွေးမယ် သိလား၊

မေမေက သားလေးကို ဒါ ကျွန်မရဲ့တူလေးဆိုပီး
မိတ်ဆက်ပေးမယ်.."

"ဟုတ်ကဲ့ မေမေ.."

"ဒါနဲ့  သားဖေဖေလည်း သားနဲ့ အပြင်သွားရင်
မေမေ့လိုပဲ ပြောခိုင်းတယ် မဟုတ်လား.?"

"​ဖေ​ဖေက မေမေ ​ပြောခိုင်းသလိုမျိုး
မဟုတ်​ပါဘူး.."

"ဟုတ်လား သား...ဘယ်လိုလည်း
ပြောပါအုံး.."

"​ဖေ​ဖေက မမ အပျို ကြီးတွေရှေ့ရောက်ရင်
သားက ခေါ်နေကျအတိုင်း ဖေဖေလို့ပဲခေါ်ရတယ်၊

ဒါပေမဲ့ဖေဖေက အဲဒီ အပျို ကြီးတွေရှေ့မှာ သားကို
မိတဆိုးသားလေး ဆိုပီး ခဏခဏ ဖက်ဖက်ပြီးငိုတယ်"

"ညှယ်​"

😁😁😁

.
ကြယ်စင်မင်း (မုံရွာ)


Comments