ဪဝန်​ထမ်းဘဝ

ဪဝန်​ထမ်းဘဝ

ဖုန်းဝင်လာတယ်။
လခထုတ်ရက် ဒီအချိန်ဆို
ရုံးခန်းက ဖုန်းဆက်နေကျ။
"ဆရာ အကောင့်ထဲ လခ ထည့်လိုက်ပါပီ
 ဘောနပ်စ်နဲ့ဆို
တိုတယ် (total) ၁၅ သိန်း ပါဆရာ"
"ဟုတ်ပါပီဗျာ"
အကောင့် မစစ်ဖြစ်တာလည်း ကြာပီ။
ပိုက်ဆံ မှ မသုံးဖြစ်တာ။
"ဆရာ GMက ပြောနေပီ
ရှေ့လ အားရက်ကို အိုဗာစီး ထွက်ပေးဦးတဲ့"
"ဟုတ်ကဲ့ပါဗျာ သွားပါ့မယ်"
အစိုးရ ဝန်ထမ်းဘဝ စိတ်ညစ်စရာ ထဲ
အဲ့ဒါလည်း ပါတယ်။
လေးလ တစ်ခါ နိုင်ငံခြား အလည် ထွက်ပေးရတယ်
အစိုးရ စရိတ်နဲ့ မို့ မသွားမနေရ ။
ကိုယ်က အားရက်ကလေး
အမေ့ရွာ ပြန်ချင်လည်း မဖြစ်
တော်သေးတယ် လူပိုခေါ်လို့ ရတော့
မိဘတွေ ခေါ်သွားပီး ဟိုမှာတွေ့ရတယ်။
ဘယ်တတ်နိုင်မလဲ သူ့ဆန်စားမိမှတော့ ရဲရမပေါ့။
ဝန်ထမ်းဘဝ အဆင်မပြေတာတွေများတယ်
နေတာစားတာက အစိုးရစရိတ်နဲ့
ကိုယ့်ပိုက်ဆံ လေး နဲ့ ကုန်တိုက်ဘာညာဈေးဝယ်မိရင်
ဝန်ထမ်းဆိုပြီး  ဒစ်စကောင့် က ယူရသေးတယ်။
အလှူလေး ဘာလေး လုပ်မိလို့
အစိုးရ က သိတာနဲ့ ဘောနပ်စ် ထပ်ယူရတယ်။
အိပ်တာက အစ အစိုးရ ကပါတယ်
ချမ်းတတ်လို့ အခန်း အဲကွန်း မတပ်ချင်တာ
လူကြီးအဆင့်ဆင့် စာတင်ရတယ်။
လူကြီးတွေကလည်း လာဘ်ထိုးလို့မရ။
ညနေဆို ဂျင် မသွားမနေရ
ကားအကြို အပို့ လုပ်ပေးတယ်
'ပင်ပန်းတဲ့ အတွက် ကျန်းမာကြံ့ခိုင်ဖို့
ဝန်ထမ်း တိုင်း အားကစား လုပ်ရမယ်'ဆိုပြီး
စည်းကမ်းသတ်မှတ် ထားတယ်။
ဂျင်မှာ ချွေးထွက် အခန်းကအေး
တော်သေးတယ်
လိုင်းခန်းက ရေပူရေအေး တပ်ပေးထားလို့။
ဘယ်သွားသွား အကြိုအပို့နဲ့ ။
တခါတလေလေး အလုပ်ကို
လမ်းလျှောက်ပြီး သွားချင်တာ ခွင့်မပြု။
ကိုယ်က ဝါသနာ ပါလို့ ဝယ်ထားမိတဲ့
လန်ဘော်ဂီနီ ပြိုင်ကားလေးက
ဖုံ အလိမ်းလိမ်း တက်
တစ်ပတ်တခါ လောက် သတိနဲ့ စက်နှိုးပေးရတယ်
တော်သေးတယ် ဘောနပ်စ်နဲ့ ဝယ်မိလို့
မဟုတ်ရင် နှမြောစရာ။
စားတော့ လည်း စားချင်တာ စားမရ
လိုင်းခန်း စားဖိုဆောင် က မီနူးပို့ပေးတယ်
ကျန်းမာကြံ့ခိုင်ဖို့ ရည်ရွယ်ပါတယ် ဆိုပြီး
မီနူးက ဘိုစာတွေ များတယ်
ကိုက ငပိရည် လေး တို့ချင်တာတောင် လက်မခံ။
တော် ပါ ပီ 
ပိုက်ဆံတွေက ပို
သွားလိုက်ရတဲ့ နိုင်ငံခြား ခရီး
အစိုးရ ဝန်ထမ်းဘဝကို စိတ်ကုန်စပြု ပီ
ဒီနှစ်ကုန်တော့ ထွက်စာ တင်မှပါပဲ။

#Credit
Credit to original uploader

Comments