ရှီရှဲဒိုးလေး...ဆိုးကြအုံးမလားဗျ..

ဒီမနက်...
ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေတုန်း...
ဘေးက ကောင်မလေးတစ်ယောက်
သူ့ ဆံနွယ် အရှည်ကို ဘေးချပြီး ခေါင်းဖီးနေတယ်။

သန်းတွေ လွင့်လာမှာစိုးတာနဲ့ လေကြောသာတဲ့ဖက် ရွေ့နေလိုက်တယ်။ ခေါင်းဖီးပြီးလို့ သူ့ဆံပင်ကို သားရေကွင်းနဲ့ စည်းလိုက်တယ်။

သူ့စလင်းဘတ်ထဲက မှန်နဲ့ ဖုတ်ဖုတ် ထုတ်ပြီး မျက်နှာကို ပုတ်နေပြန်ရော။ (တို့ပတ်ကို အိမ်က အစ်မတွေ ဖုတ်ဖုတ်လို့ ခေါ်တာပဲ။ တို့ပတ်ဆိုတာ သူများကိုမေးမှ သိရတာပါ။)

နောက်တော့ ရေမွှေး ပုလင်းထုတ်ပြီး..
သူ့ချိုင်းကြားတွေ ဖျန်းတယ်။
ဟိုကြည့်ဒီကြည့်နဲ့ သူ့ ဟိုနေရာတည့်တည့်ပါ ထပ်ဖျန်းတယ်။ သေးများ ပေါက်ချထားလားမသိဘူး။
ကျတော်လဲ မသိသလိုပဲ မှင်နဲ့ နေရတာပေါ့။

နောက်တော့ မှန်ထပ်ထုတ်ပြီး သူ့ရုပ် သူကြည့်တယ်။
ကျေနပ်သွားတဲ့ပုံစံနဲ့ သူမပြုံးပြီး စလင်းဘတ်ထဲက
ဖုန်းထုတ်လိုက်တယ်။ ဆယ်ဖီဆွဲမလို့ လက်မြှောက်လိုက်တဲ့အချိန်မှာ..

"ဟယ်...နှုတ်ခမ်းနီလဲ မဆိုးရသေးဘူး"

သူ့ စလင်းဘတ်ထဲ ထပ်မွှေတယ်။ မတွေ့ဘူး..။

"ဟာ!!!အရေးထဲ နှုတ်ခမ်းနီ ဘယ်နေတာလဲ ငါ့နှုတ်ခမ်းနီလေး..."

သူမ ရှာနေတုန်းပဲ..။

"အာ!!!အရေးကြီးပါတယ်ဆို.....
ဘယ်မှာလဲ ငါ့ ဘယ်လာ နှုတ်ခမ်းနီလေး ရှာတွေ့ပါတော့!!"

သူမ ရှာနေရင်းနဲ့ ငိုတော့မယ်။
ကျတော်လဲ မနေနိုင်တော့ဘူး....

"ညီမလေး!!!
ဘယ်လာတော့ မရှိဘူး ရှီရှဲဒိုးတော့ ရှိတယ် ဆိုးမလား"

သူမ ကျတော့်ကို ဟယ် ...အချောက်ကြီးတော့ ဆိုတဲ့ ပုံစံနဲ့ ကြည့်နေတာ သူ့မျက်လုံးက ဖော်ပြနေတယ်။ အဲ့ဒီအချိန် ကိုယ်တွေ ဖင်တောင် ကျိန်းသွားသေးတယ်။

"နှုတ်ခမ်းနီက အစ်ကို့ဆီတော့ မရှိဘူး"

"ဒါဆို ဘာလို့ ရှိရှဲဒိုး ဆိုးမလားလို့ လာမေးလဲ"

"အစ်ကို တွေ့ထားလို့ပါ"

"ဘယ်မှာလဲ..?"

"ဟိုမှာ!!!"

ကျတော်က ကားမှတ်တိုင် ထိုင်ခုံအောက်မှာ
လျှာလေးထုတ်ပြီး ထိုင်နေတဲ့ ခွေးတစ်ကောင့်ရဲ့
ရဲရဲနီနီ ရှိရှဲဒိုးကို ပြလိုက်တော့.....

ဟင်!!!!တေနာဂျီး !!!မသာ !!!အင်းဟာ!!!!ကဲဟာ!!

ဘုံး~~~ ဘုံး~~~~

သူ့စလင်းဘတ်နဲ့ လိုက်ထုတော့ပဲဗျာ။
အမလေး ပြေးလိုက်ရဆို မပြောပါနဲ့တော့ဗျာ..။

ရှီရှဲဒိုးလေး...ဆိုးကြအုံးမလားဗျ..။

Original by ###အွပ် တ်
Credit

Comments