" အဲ့ဒါ.. နင့်မေလင် ရဲစခန်း ဟဲ့ ''

လူတစ်ယောက် တောင်ကြီးမြို့မရဲစခန်းထဲ ဝင်လာပြီး
စခန်းမှူး စားပွဲသို့ သွားကာ စာရွက်ပိုင်းလေးတစ်ခု ထိုးပေးလိုက်ပြီး..

" အစ်ကို..ဒီမှာ..''

" ဘာလဲ!''

စခန်းမှူးက.
မျက်မှန် တပ်၍ ကောက်ကြည့်ပြီး ဖတ်လိုက်သည်။

" ၃၆ သုံးထာင်..၅ ထိပ် ၁၀၀၀..၆ ပတ် ၅၀၀...
ဟျောင့်..ဒါ ဒါတွေက..ဘာလဲ! ..''

" မသိဘူး.. ဒေါ်စိုး လွှတ်လိုက်တာ..အဲ့ဒါ ရေးပေးလိုက်တဲ့..ညနေမှ ရှင်းမယ် တဲ့ ''

" ဘာကွ ..မင်း မင်း ဒါ နောက်စရာများ မှတ်နေလား? "

" ဗျာ..ဘာဖြစ်လို့လဲ? .ဒါ ဒါ.နှစ်လုံး ရောင်းတဲ့တိုက်.. မဟုတ်ဘူးလား? "

" ဟာကွာ..ဒီကောင် သေတော့မယ် ''

" ဟို ဟို..စိတ်မရှိပါနဲ့ဗျာ။.ကျတော်က မျက်လုံး သိပ်မကောင်းလို့ပါ...ခဏ ခဏလေး...''

ထိုလူက
အိပ်ထဲက ဖုန်းကို ထုတ်ပြီး ဆက်လိုက်ကာ..

" ဟယ်လို..ဒေါ်စိုးလား..''

" အေးး..လှအောင် ပြော..ရလား? "

" ဟာ..ဘယ်က ရရမှာလဲ..ဒီမှာ ခင်ဗျား ပေးတဲ့စာရွက် ပေးတဲ့ဟာကို..ဒီက ရုပ်ဆိုးဆိုးနဲ့လူက ဒေါတွေ ပွ နေလို့ ''

" ငိ ''

" ဟဲ့..ဘယ်က ရုပ်ဆိုးဆိုးလဲ..နင် မမြင်မစမ်းနဲ့ ဘယ်အိမ်ကို သွားပေးတာလဲ? "

" ဟာ..ဒေါ်စိုးပဲ..'ကူညီပါရစေ'ဆိုင်းဘုတ်ရှေ့က တည့်တည့် ဝင်သွား ဆို..''

" အမလေး..သေတော့မှာဘဲ။ ငါပြောတာက..အဲ့ဆိုင်းဘုတ်ဘေးက လမ်းကြားထဲ ဝင်ခိုင်းတာ ဟဲ့..''

" ဟာ..ဒါဆို..ကျတော် အခုရောက်နေတာ.. ဘယ်လဲ? "

" အဲ့ဒါ.. နင့်မေလင် ရဲစခန်း ဟဲ့ ''

" ဗျာ..''

😁😁😁😁😁

စခန်းမှူးက စွပ်ကျယ်ချိုင်းပြတ်နဲ့ ထိုင်နေတာကိုး..😁😁

#လူချွန်တော်
Credit

Comments