ဩော် ... ငါ့ဘဝငါ့ဘဝ
ဩော် ... ငါ့ဘဝငါ့ဘဝ
သြော် ဘွဘွ
ကံအကျိုးပေးနည်းလာပြီဆို
ဘာလုပ်လုပ် အဆင်မပြေတော့ဘူး ။
စိတ်ညစ်လို့ လမ်းထိပ်က
ဓါတ်မီးတိုင်အောက် တစ်ညလုံးသွားအိပ်နေတာ
မှောင်ရိပ်ခိုမူ့နဲ့ ရဲဖမ်းခံလိုက်ရပါရောလား ။
အမေကပြောရှာတယ်
မင်းကွယ် ... ဓါတ်မီးတိုင်အောက်အိပ်တာကို
မှောင်ရိပ်ခိုတယ်ဖြစ်ရသလားတဲ့ ။
မပြောပါတော့နဲ့ အမေရာ
ကျုပ်အိပ်တဲ့ ဓါတ်တိုင်က မီးပျက်သွားတာဗျ
သူ့သားအဖြစ်လည်းကြားရော
အမေ့ခမျာယူကျုံးမရငိုလိုက်တာလေ
စခန်းမူးလည်းတောင်းပန်ရှာတယ်
ဆရာရယ် ကျွန်မအာမခံလည်း မလုပ်ပါဘူး ။
အချုပ်ထဲ ခေါ်ထားလို့ရသလောက်ခေါ်ထားစမ်းပါ အိမ်မှာထားရတာ ဆန်ကုန်လို့တဲ့ ။
အမေက ကျုပ်ဆိုသိပ်ချစ်တာလေ ။
ဓါတ်တိုင်အောက် သွားအိပ်တယ်ဆိုတာကိုက အမေနှင်ချလိုက်တာ ။
ကျုပ်အိပ်ခါစက မီးလာပါသေးတယ်
မှေးခနဲ ခွေးသေ ဝက်သေ အိပ်ပျော်နေတော့မှ မီးပျက်သွားတာ ။
" ဟေ့ကောင် ထစမ်း " ဆိုပြီး လာလည်းနိုးရော
အမေစိတ်ဆိုးပြေလို့ လိုက်ခေါ်တယ်ထင်တာပေါ့ ကုန်းကျုံးထကြည့်လိုက်တော့မှ ရပ်ကွက်လူကြီးနဲ့ ရဲတွေဖြစ်နေပါရောလား ။
" ဟာ ... ဆရာတို့ လှည့်ကင်းလား " ဆိုတော့
မဟုတ်ဘူး အရက်ဆိုင်ကထလာတာ မင်းတွေ့လို့ အမူ့လုပ်ရအောင် ဝင်ခေါ်တာတဲ့ ။ ကြားလို့မှ ကောင်းကြသေးရဲ့လား ။
စခန်းမှာ သိပ်မကြာပါဘူး
ထုံးစံအတိုင်း ဟိုမေးဒီမေးနဲ့ တစ်ပတ်လောက်နေရတာ ။
ဒါတောင်အမေစခန်းမှုးကို လက်ထိုးလိုက်လို့ သုံးရက်ထပ်အိပ်လိုက်ရသေးတယ် ။
စုစုပေါင်း ဆယ်ရက်ပေါ့ ။
စခန်းမှုးကလည်း အမေနောက်တစ်ခါလာလက်ထိုးတော့
ပြောတယ် " အစ်မပိုက်ဆံပေးလည်း ကျွန်တော် ဒီကောင့်
ကို ဆက်မထားနိုင်တော့ဘူး ကြာရင် တခြားအချုပ်သား
တွေပါ ပျက်စီးလိမ့်မယ် " တဲ့ ။
စောက်ကျိုးနဲ ငါပါလားပေါ့ ။
အမေကလည်း ဝမ်းသာအားရပြောရှာတယ်
" စခန်းမှုးရယ် နောက်တစ်ခါ အမှု့လိုရင် ကြုံရင် ကြုံသလို
ဝင်ဖမ်းပါ ကျွန်မကိုယ်တိုင် ဂုတ်ဆွဲပြီး စခန်းလိုက်ပို့ပါမယ် " ဆိုလား ။ လေပေးလေယူတွေ ဖြောင့်နေလိုက်ကြတာ ။
လူချစ်လူခင်ပေါ ပုံများပြောပါတယ် ။
ကျုပ်စဉ်စားတယ် ။
ဩော် ... ဒီအတိုင်းဆက်နေရင်တော့
ငါ့ဘဝ ဆုံးဆုံးမြုပ်တော့မယ် ။
မဖြစ်ဘူး ပြင်မှဟ လို့တွေးပြီး ဗဟုသုတလေး ရှာမှီးရင်း တည်တည်ငြိမ်ငြိမ်နေချင်လို့ ရှိစု , မရှိအမေ့ဆီက ဘက်ထားတဲ့ ပိုက်ဆံနဲ့ ဖုန်းတယ်လုံး ဝယ်ကိုင်တယ် ။
ဖုန်းက ကိုးပတ် သက်ဂျန်နရေးရှင်းပါ ။ နားရှုပ်သွားလား ။
ဖုန်းအသစ်မဝယ်နိုင်ရင် စကန်းဝယ်ကိုင်ကြတယ်မို့လား ။
ကျုပ်ဝယ်တဲ့ဖုန်းက စကန်းဝယ်ကိုင်တဲ့လူဆီက ပြန်ဝယ်
လိုက်တာကို ပြောတာ ။ အဲ့တော့ သက်ဂျန်နရေးရှင်းပေါ့ ။
သက်ဂျန်နရေးရှင်းဆိုလို့ လျှော့မတွက်နဲ့ ဖုန်းဝယ်တုန်းက
နားကြပ်ပါတယ် ။
အားသွင်းကြိုးပါတယ် ။
ပါဝါဘန့်တောင်ပါသေးတယ် ။
နားကြပ်က သီချင်းနားထောင်ရင်
နားကြပ်ထဲ့ထားတဲ့ ကျုပ်ဘာမှ မကြားရဘူး ။
အဲ ... ပတ်ဝန်ကျင်ကလူတွေ ကျုပ်ဘာသီချင်းဖွင့်ထားလဲ
ဆိုတာ လုံးစေ့ပတ်စေ့ အကုန်ကြားရတယ် ။ ဒီလိုကွာလတီ
ကောင်းတာ ။
အားသွင်းကြိုးကတော့ ဖုန်းအားသွင်းချင်ရင်
အားသွင်းကြိုးကို ဖုန်းနဲ့ ပလပ်ပေါက်တပ်ပြီး ပြစ်ထား
လို့ မရဘူး ။ အားမပြည့်မချင်း လက်ကကိုင်ထားရတာ ။
အဲ .. ကိုယ်များ လက်ညောင်းလို့ နည်းနည်းလှုပ်လိုက်ရင်
ရှိသမျှအား ကုန်ပြီသာမှတ် ။ ဒင်းက နည်းနည်းမှ အတိမ်း
အစောင်းမခံဘူးရယ် ။ အားကို ချော့သွင်းနေရတာ ။
ပါဝါဘန့်ကတော့ ကောင်းတယ် ။
ခုအားသွင်းထားလို့ အားအပြည့်
ကျိန်းသေတယ်( ၁၅ )မိနစ်လောက်နေလို့ ဖွင့်ကြည့်လိုက်ရင် ကုန်နေပြီ ။
မဆိုးပါဘူး ဖုန်းလေးကတော့ သုံးလို့အဆင်ပြေတယ်
ဖုန်းသုံးချင်လို့ ပါဝါဖွင့်ရင် မနက်အစော ၅ နာရီလောက်
ထဖွင့်ထား ညနေ ၄ နာရီထိုးရင် ပါဝါပွင့်ပြီ ။
ပါဝါပွင့်လို့ ဆဲဖီးဓာတ်ပုံ ရိုက်မယ်ဆိုရင်
ဗိုက်ပါဆိုတဲ့ ဆော့ဝဲကို အဆက်မပျက် ၁၀ ခါလောက်နှိပ်
လိုက် နာရီဝက်လောက်နေရင် စ, ရိုက်လို့ရပြီ ။
ဒီနေရာ မှာ ကျုပ်ဖုန်းရဲ့ အားသာချက်က ဓါတ်ပုံရိုက်မယ်ဆို က တခြားဖုန်းတွေလို ကင်မရာခလုတ် နှိပ်ရာ မလိုဘူး သူ့ဘာသူ အော်တို နှိပ်နေတာ
ကျုပ်က လက်နှစ်ချောင်းထောင်လိုက်
ပါးဖောင်လိုက် ပိုစ့်ပေးနေရုံပဲ ။
ပုံ ၅၀ လောက် သွသူဇွတ်ရိုက်ပစ်တာ ။
တားလို့လည်းမရဘူး ။ ဖလပ်မီးတွေ စွတ်ပွင့်ပြီး တဖျက်ဖျက်ရိုက်နေတော့တာပဲ
ပိုစ့်သာ အမျိုးမျိုးပေးဖို့ပြင်ထား
ဓါတ်ပုံရိုက်ပြီးလို့ ပြန်ကြည့်ချင်ရင် မြူးဇစ်ဆိုတဲ့
ဆော့ဝဲထဲဝင်ကြည့်လိုက် ရုံပဲ ။
အင်း ... တခြားဖုန်းတွေလို ဂယ်လာရီထဲသွားဖွင့်ကြည့်ရင်တော့
ဖုန်းခေါ်တဲ့ နေရာ ရောက်သွားရော ။
ဖုန်းခေါ်ချင်ရင်လည်း
အစ စာလုံး ဇီးရိုးပဲနှိပ်လိုက် ကျန်တဲ့ နံပါတ်တွေ ဖုန်းက
သွသူ သိတယ် ဂဏာန်း ၁၆ လုံးလောက် သူ့အသိနဲ့သူ တန်းရိုက်ပစ်တာ ။ ဘယ်နိုင်ငံတွေ ရောက်လို့ ရောက်ကုန်
မှန်းကို မသိတာ ။ တခါတုန်းကလဲ ပေါ်ချင်တဲ့ ဂဏာန်း
တွေ ပေါလာပြီး သွသူ ဖုန်းခေါ်တာ စီးတီးအပ်ဖန်ရေဒီယို
အစီအစဉ်ရောက်သွားလို့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဝမ်းနည်းမှတ်တမ်းသီချင်းတောင်တောင်းလိုက်ရသေး
တယ် ။
ကိုယ့်ဘက်ကဖုန်းခေါ်ထားရင် ကိုယ် ဖုန်းချချင်တဲ့
အချိန်ဖုန်းချလို့မရဘူး ။ စခရင်မှာ ပေါ်နေတဲ့ အဖြူရောင်
စပေါ့လေး လျှောက်ပြေးနေတာကို ကြည့်ထား ဖုန်းချတဲ့
အနီရောင်အန့်ပေါ် မရောက်မချင်း ဆုတောင်းနေရုံက လွဲလို့ ဘာမှ မတက်နိုင်ဘူးရယ် ။ တခါတလေဆို တော်တော်နဲ့ဖုန်းမကျလို့ ရှိတဲ့ဘေကုန်မှ ပါဝါပိတ်သွားတာ
ဘေမကုန်မချင်းဖုန်းမကျဘူး သစ္စာရှိချက်များပြောပါတယ်
ကျုပ်ကိုယ်တိုင်သာ ဘယ်ဆင်းကဒ်က ဘေချေးရင်
ဘယ်နံပါတ်တွေခေါ်ရတယ် မသိဘူး ။ ဖုန်းက အကုန်မှတ်
မိတယ် ။ ဘေကုန်သွားရင် သွသူ တန်းချေးပြစ်တာ ။
ဖုန်းကသာဟန်းနေတာ ကြည့်လိုက်ရင် အစုတ်အတိုင်းပဲ ။
မှန်က စပိုက်တာကွက်လေးကွဲနေတာကလွဲရင် ခလုတ်တစ်ခုမှနှိပ်မရဘူး ။
ဒါနဲ့ ဖုန်းပြင်ဆိုင်သွားပြဖူးတယ် သုံးရက်လောက်နေရင်လာယူဆိုလို့ သွားယူတော့
ကျုပ်ဖုန်းကိုပြင်တဲ့လူ ရူးချင်သလိုလိုဖြစ်လို့ အလုပ်ထုက်
ပြစ်လိုက်ပြီတဲ့ ။ ဒီဖုန်းကို နောက်တစ်ခါ ဘယ်တော့မှလာ
မပြင်ပါနဲ့ ဖြစ်နိုင်ရင် ဆိုင်ရှေ့ကတောင် ဖြတ်မလျှောက်ပါနဲ့
လို့ပြောပြီ နှင်လွှတ်လိုက်ပါရောလား ။
အခုအဲ့ဒီဖုန်း ပြန်ရောင်းလိုက်ပါပြီ ။
အထမ်းသည်ကုလားဝယ်သွားတာ ။
ဈေးလည်းရလိုက်တယ် ။
(၁၅၀၀) ပေးသွားတယ် ။
ဝယ်သွားတဲ့ကုလား သုံးသေးလားလို့မေးကြည့်တော့ ။
အိမ်မှာ ပါဝါဖွင့်ထားခဲ့တယ် ညနေပြန်မှသိရမယ်တဲ့ ။
အမယ် ... ဒါလေးမေးတာကို ကုလားက မျက်နှာကြီးကို
မဲလို့ ... ။
Credit

Comments
Post a Comment